ဒေးဗစ် အိုင် စတိန်းဘာ့ဂ် (အင်္ဂလိပ်: David I Steinberg) သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီတွင် တည်ရှိသည့် ဂျော့ဂျ်တောင်း တက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ ဖြစ်သည်။

ဒေးဗစ် စတိန်းဘာ့ဂ်သည် မြန်မာ့အရေး ကျွမ်းကျင်သူ၊ ကိုရီးယားအရေး၊ အရှေ့တောင်အာရှ အရေးနှင့် အာရှဆိုင်ရာအမေရိကန် မူဝါဒ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ဂျော့ဂျ်တောင်း တက္ကသိုလ်၊ အာရှလေ့လာရေးဌာန၏ ပါမောက္ခလည်း ဖြစ်သည်။[၁][၂]

အမေရိကန် အကူအညီပေးရေးအေဂျင်စီ (USAID) ၏ အာရှ အကောင်အထည်ဖော်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ့အရေးများကိုလည်း ဆောင်ရွက်ခဲ့သည်။

စာအုပ်ပေါင်း ၁၄ အုပ် ရေးသားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာစာအုပ်များမှာ ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး (၂၀၁၂)၊ မြန်မာ့အရေးသိကောင်းစရာ (၂၀၁၀)၊ မြန်မာပြည်မှ ပဋိပက္ခ (၂၀ဝ၆)၊ မြန်မာနိုင်ငံတော် (၂၀ဝ၁) တို့ ဖြစ်သည်။ ဆောင်းပါးပေါင်း ၁၀ဝ ကျော်၊ အတွေးအမြင်ပေါင်း ၃၀ဝ ကျော်ကိုလည်း ရေးသားခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. David I Steinberg။ georgetown.edu။ February 11, 2017 တွင် ပြန်စစ်ပြီး။
  2. Steinberg, David I.။ worldcat.org။ February 11, 2017 တွင် ပြန်စစ်ပြီး။