နဂါးနိုင်ဓါး (သိုင်းဝတ္ထု)

ကျင်းယုံရေးသားသော သိုင်းဝတ္တုရှည်

နဂါးနိုင်ဓား (倚天屠龍記) သိုင်းဝတ္ထုသည် သမိုင်းအဖြစ်အပျက်များကို ထည့်သွင်းရေးသားလေ့ရှိသည့် တရုတ်စာရေးဆရာ ကျင်းယုံ (金庸) ၏ နာမည်ကျော် သိုင်းဝတ္ထုများအနက် တစ်ပုဒ်ဖြစ်သည်။ ကျင်းယုံ၏ ငှက်ပစ်လေးသမား သုံးပိုင်းတွဲ (射鵰三部曲) ဝတ္ထုမှ နောက်ဆုံးတစ်ပုဒ်လည်း ဖြစ်သည်။ ကျင်းယုံးသည် ‘နဂါးနိုင်ဓား’ အား ၁၉၆၁ ခုနှစ်တွင် ဟောင်ကောင် မင်ပေါက်သတင်းစာတွင် အခန်းဆက် ဝတ္ထုရှည်အဖြစ် ပထမဦးဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ တက္ကသိုလ် နေလင်းအောင်မှ မြန်မာဘာသာပြန်ထားသည်။

နဂါးနိုင်ဓါး (သိုင်းဝတ္ထု)
One of earliest editions of book 9 of The Heaven Sword and Dragon Saber
စာရေးသူကျင်းယုံ
မူလခေါင်းစဉ်倚天屠龍記
The Heaven Sword and Dragon Saber
နိုင်ငံ ဟောင်ကောင်
ဘာသာစကားတရုတ်
အတွဲငှက်ပစ်လေးသမား သုံးပိုင်းတွဲ
射鵰三部曲
အမျိုးအစားတရုတ်သိုင်း
ထုတ်ဝေသူMing Pao
ထုတ်ဝေသည့်ရက်
၆ ဇူလိုင် ၁၉၆၁
မီဒီယာ အမျိုးအစားပုံနှိပ်
ISBN1-58899-183-0
OCLC51068759
ယခင်စာအုပ်The Return of the Condor Heroes

ကျင်းယုံးသည် ၁၉၇၉ ခုနှစ်တွင် ယင်းဝတ္ထုကို ပြင်ဆင်ရေးသားခဲ့သည်။ စာဖတ်သူ အများစု ဖတ်ရသည်မှာ ပြင်ဆင်ပြီးသော ဝတ္ထုဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် အတွေးသစ်များနှင့် ထပ်မံ ပြင်ဆင်ရေးသားခဲ့ပြန်သည်။ ဇာတ်သိမ်းပိုင်းတွင်လည်း မူလကထက် ပိုမိုရှည်လျားသည်။ ဇာတ်လမ်းအချို့ကို ပြောင်းလဲထားသည်။ ‘ကျိုရန်ကျိန်းကျင်း’ ခေါ် ‘နေစကြာသိုင်းကျင့်စဉ်’ လျှို့ဝှက်သိုင်းကျမ်း၏ ဇစ်မြစ်ကိုလည်း ဖော်ပြထားသည်။ သို့သော် ကျင်းယုံ၏ အသစ်ပြန်ရေးမှုသည် စာဖတ်ပရိသတ် အတော်တော်များကို စိတ်ပျက်စေခဲ့သည်။

ကျင်းယုံးသည် ‘နဂါးနိုင်ဓား’ ဝတ္ထုတွင် တရုတ်ပြည်၌ မွန်ဂိုများကြီးစိုးသည့် ယွမ်မင်းဆက်နှောင်းပိုင်းကာလကို ဇာတ်အိမ်တည်ထားသည်။ သူ၏အခြား သိုင်းဝတ္ထုများနည်းတူ ‘နဂါးနိုင်ဓား’ ဝတ္ထုတွင် ယွမ်မင်းဆက်နောက်တွင် ပေါ်ထွန်းလာသည့် မင်မင်းဆက်အား တည်ထောင်သူ ကျူးယွမ်ကျန်း (朱元璋)၊ ထိုက်ကျီသိုင်းပညာကို ဖန်တီးတီထွင်ခဲ့သူ ကျန်းဆန်းဖုန်း (張三丰) စသည့် သမိုင်းဝင် ပုဂ္ဂိုလ်များကိုပါ ထည့်သွင်းရေးသား ထားသည်။ တရုတ်သမိုင်းတွင် ဖြစ်ပွားခဲ့သည့် ဟန်တရုတ်လူမျိုးနှင့် မွန်ဂိုလူမျိုးတို့အကြား ပဋိပက္ခသည်လည်း ‘နဂါးနိုင်ဓား’ ၏ ဇာတ်လမ်း ကျောရိုးပင် ဖြစ်သည်။

အခြားဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

ပြင်ပလင့်ခ် ပြင်ဆင်ရန်