နာဒီယာ မူရတ် (အာရပ်: نادية مراد باسي طه‎; Kojo, Sinjar, အီရတ်နိုင်ငံတွင် ၁၉၉၃ ခုနှစ်၌ မွေးဖွားခဲ့)[၁] သည် ဂျာမနီနိုင်ငံတွင် နေထိုင်သော Iraqi Yazidi လူမျိုး လူအခွင့်အရေးလှုပ်ရှားသူဖြစ်သည်။[၂] ၂၀၁၄ ခုနှစ်တွင် သူမ၏ မွေးရပ် ကိုဂျိုမြို့(Kojo)တွင် အစ္စလာမ္မစ်နိုင်ငံအဖွဲ့ (အိုင်အက်စ်)မှ သုံးလကြာ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။[၃] ၂၀၁၈ ခုနှစ်တွင် သူမသည် ဒန်းနစ် မက်ကွီးနှင့်ပူးတွဲ၍ ငြိမ်းချမ်းရေး နိုဘယ်ဆုကို "လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား စစ်ပွဲများနှင့် လက်နက်ကိုင်အထိကရုန်းများတွင် လက်နက်အဖြစ်အသုံးချမှုအား ရပ်တန့်အောင် သူတို့၏ ကြိုးစားမှု"အား ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်ခဲ့သည်။[၄] သူမသည် ပထမဆုံးသော နိုဘယ်ဆုကို လက်ခံရရှိသည့် အီရတ်အမျိုးသမီးဖြစ်သည်။[၅]

နာဒီယာ မူရတ်
Nadia Murad in 2015
နာဒီယာ မူရတ် (၂၀၁၅ ခုနှစ်၌ တွေ့ရစဉ်)
မွေးဖွားNadia Murad Basee Taha
၁၉၉၃ (အသက် ၃၀–၃၁)
Kojo, အီရတ်နိုင်ငံ
ထင်ရှားသည့်
လုပ်ဆောင်မှု
The Last Girl: My Story of Captivity, and My Fight Against the Islamic State
ရရှိသည့်ဆုများ

မူရတ်သည် Nadia's Initiative အား တည်ထောင်သူဖြစ်ပြီး ထိုအဖွဲ့အစည်းသည် "လူမျိုးတုံးသတ်ဖြတ်မှု၊ များလှစွာသော အကြမ်းဖက်ရက်စက်မှုနှင့် လူကုန်ကူးမှုတို့၏ သားကောင်ဖြစ်ခဲ့သော အမျိုးသမီးများနှင့် ကလေးငယ်များအား နှစ်သိမ့်ကုစား၍ သူတို့ဘဝနှင့် အသိုက်အဝန်းအား ပြန်လည်ထူထောင်ပေးခြင်း"လုပ်ငန်းများကို လုပ်ဆောင်သော အဖွဲ့အစည်းဖြစ်သည်။[၆]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Iraqi Yazidi human rights activist Nadia Murad gets married (20 August 2018)။
  2. "Nobel peace prize 2018 won by Denis Mukwege and Nadia Murad – as it happened"၊ 5 October 2018။ 
  3. "ISIS sex slavery survivor on a mission to save Yazidi women and girls"၊ Newsweek၊ 19 March 2016။ ၉ အောက်တိုဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး 
  4. Announcementနိုဘဲလ် ငြိမ်းချမ်းရေးဆု။ 5 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 October 2018 တွင် ပြန်စစ်ပြီး။
  5. "Nobel Peace Prize winner Nadia Murad"၊ 5 October 2018။ 
  6. Nadia MuradForbes။ ၉ အောက်တိုဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။