နိုင်ငံကူးလက်မှတ် (အင်္ဂလိပ်: passport) ဆိုသည်မှာ အစိုးရက ထုတ်ဝေပေးထားသော တရားဝင် ခရီးသွားလာရေး စာရွက်စာတမ်းတစ်ခုဖြစ်ပြီး ကိုင်ဆောင်သူလူပုဂ္ဂိုလ်၏ အချက်အလက်များ ပါဝင်သည်။ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူသည် နိုင်ငံခြားတိုင်းပြည် တစ်ခုဆီမှ သို့မဟုတ် တစ်ခုဆီသို့ သွားရောက်ခွင့်ရှိသည်။ နိုင်ငံကူးလက်မှတ်သည် ကိုင်ဆောင်သူ လူပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်အလက်နှင့် နိုင်ငံသားကို မှန်ကန်ကြောင်း ဖော်ပြပေးသည်။[၁] နိုင်ငံကူးလက်မှတ်တစ်ခုတွင် ကိုင်ဆောင်သူ၏ အမည်အပြည့်အစုံ၊ ဓာတ်ပုံ၊ မွေးဖွားရာ နေရာနှင့် မွေးသက္ကရာဇ်၊ ထိုးမြဲလက်မှတ်နှင့် နိုင်ငံကူးလက်မှတ်၏ သက်တမ်းကုန်ဆုံးရက်တို့ ပါဝင်လေ့ရှိသည်။ နိုင်ငံကူးလက်မှတ်များကို နိုင်ငံအစိုးရနှင့် အချို့သော အစိုးရအဖွဲ့ငယ်တို့က ယင်းတို့၏ နယ်နိမိတ်အတွင်း နေထိုင်သော နိုင်ငံသားများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် အခွင့်အာဏာရှိသည်။

နာရီလက်တံအတိုင်း၊ အပေါ်ဘယ်ဘက်မှ - ဒတ်ချ် ပုံမှန်နိုင်ငံကူးလက်မှတ်၊ နီပေါ သံတမန်နိုင်ငံကူးလက်မှတ်၊ တရုတ်နိုင်ငံဝန်ထမ်း နိုင်ငံကူးလက်မှတ်နှင့် ပိုလန် ပုံမှန်နိုင်ငံကူးလက်မှတ်

နိုင်ငံအများစုတွင် ကိုင်ဆောင်သူ၏ ဇီဝအချက်အလက်များပါဝင်သော မိုက်ခရိုချစ်ပ်ပြား ထည့်သွင်းထားသည့် ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်များကို ထုတ်ပေးလျက်ရှိပြီး အတုအပပြုလုပ်ရန် ခက်ခဲစေသည်။[၂] ၂၀၁၉ ခုနှစ် ဇန်နဝါရီလအရ ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်ကို အုပ်ချုပ်သူအဖွဲ့အစည်း ၁၅၀ ကျော်က ထုတ်ဝေပေးနေသည်။[၃]

Pဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ နိုင်ငံကူးလက်မှတ် ထိန်းချုပ်ရာနေရာ


ကိုးကား ပြင်ဆင်ရန်

  1. Definition of PASSPORT (in en)။ 2021-07-14 တွင် ပြန်စစ်ပြီး။
  2. Cane, P & Conaghan, J (2008)။ The New Oxford Companion to Law။ London: Oxford University Press။ ISBN 9780199290543
  3. The electronic passport in 2021 and beyond