နိုင်ငံတကာ ဂျူဒိုအဖွဲ့ချုပ်

ဂျူဒိုအားကစားအဖွဲ့ချုပ်


နိုင်ငံတကာ ဂျူဒိုအဖွဲ့ချုပ် (IJF)ကို ၁၉၅၁ ဇူလိုင်တွင် တည်ထောင်သည်။ IJF ကို မူလအစက အာဂျင်တီးနား အပါအဝင် ဥရောပမှ ဂျူဒိုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။[၁] နောက် ဆယ်နှစ်အတွင်းတွင် တိုက်ကြီးလေးတိုက်မှ နိုင်ငံများပါ ပါဝင်လာသည်။ ယနေ့အခါ IJF တွင် တိုက်ကြီးအကုန်လုံးမှ အမျိုးသားအသင်း ၂၀၀ ဖွဲ့ ရှိနှင့်လေပြီ။ IJF ၏ စာရင်းအရ ကမ္ဘာတဝန်းလုံး၌ ဂျူဒို သင်ကြားလေ့ကျင့်သူ သန်း ၄၀ ကျော် ရှိသည်။[၂]

နိုင်ငံတကာ ဂျူဒိုအဖွဲ့ချုပ်
ဖွဲ့တည်ချိန်၁၉၅၁
ဌာနချုပ်  ဆွစ်ဇာလန်洛桑

၂၀၀၉ ကတည်းက၊ IJF က ကြီးမှူး၍ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲနှင့် ကမ္ဘာ့ဂျူဒိုခရီးစဉ် (World Judo Tour)ကို နှစ်စဉ် ကျင်းပပေးသည်။ ကမ္ဘာ့ဂျူဒိုခရီးစဉ်တွင် ဂရင်းပရစ်(Grand Prix) ငါးပွဲ၊ ဂရင်းဆလမ်(Grand Slams) လေးပွဲ၊ မာစတာပြိုင်ပွဲ(master tournament) တပွဲနှင့် တိုက်ကြီးအိုးပင်း(Continental open tournament) တပွဲ ပါဝင်သည်။

ပွဲစဉ် ပြင်ဆင်ရန်

  • ကမ္ဘာ့ ဂျူဒိုချန်ပီယံပွဲ (World Judo Championships)
  • ကမ္ဘာ့လူငယ် ဂျူဒိုချန်ပီယံပွဲ (World Junior Judo Championships) (၁၉၇၄ မှ ၂၀၁၁ ထိ ယူ၂၀ / ၂၀၁၂ မှ ယနေ့ထိ ယူ၂၁)
  • ကမ္ဘာ့ ဂျူဒိုလောင်း ချန်ပီယံပွဲ (World Cadet Judo Championships) (ယူ၁၈)
  • ကမ္ဘာ့ စစ်ပြန် ဂျူဒိုချန်ပီယံပွဲ (World Veterans Judo Championships)(၃၀ မှ ၈၀+)
  • ကမ္ဘာ့ ခတဂျူဒို ချန်ပီယံပွဲ (World Kata Judo Championships)
  • IJF ကမ္ဘာ့ပွဲစဉ်များ [IJF World Series (Masters, Grand Slam, Grand Prix, Continental Open)]
  • ဂျူဒို ကမ္ဘာ့ဖလား (Judo World Cup)
  • ဂျူဒို ဥရောပဖလား (Judo European Cup)

IJF ဥက္ကဋ္ဌများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်