နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်တပ်၏ အုပ်ချုပ်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (အင်္ဂလိပ်: State Administration Council; အတိုကောက် SAC သို့မဟုတ် နစက၊ အရပ်အသုံး: အာဏာသိမ်းစစ်ကောင်စီ(စကစ)/စစ်အစိုးရ[မှတ်စု ၁]) သည် တပ်မတော်၏ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး တစ်ရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၂ တွင် အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁)၊ ပုဒ်မ ၄၁၉ အရ ဤကောင်စီကိုဖွဲ့စည်းသည်ဟု ၉/၂၀၂၁ ထုတ်ပြန်ချက်ဖြင့် ကြေညာခဲ့သည်။[၇] ထိုအဖွဲ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်သည်။[၈][၉]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
မြန်မာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အကျဉ်းချုပ်
စတင်၂ ဖေဖော်ဝါရီ ၂၀၂၁ (၂၀၂၁-၀၂-၀၂)
ပြည်နယ်မြန်မာနိုင်ငံ
ဦးဆောင်သူဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ခန့်အပ်သူအရေးပေါ်အခြေအနေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်[၁]
တာဝန်ခံမှုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဝဘ်ဆိုဒ်တရားဝင် ဝက်ဘ်ဆိုဒ်

ဤကောင်စီကို ဖေဖော်ဝါရီ ၂ တွင် စစ်ဘက်မှ (၈) ဦးနှင့် အရပ်ဘက်မှ (၃) ဦး၊ စုစုပေါင်း (၁၁) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။[၇] သို့သော် ဤကောင်စီကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ရာ ဖေဖော်ဝါရီ ၄ တွင် အရပ်သားငါးဦးပါဝင်လာခဲ့သည်။ ထိုအချိန်ကပါဝင်သောသူများမှာ စစ်ဘက်မှ (၈) ဦးနှင့် အရပ်ဘက်မှ (၈) ဦးဖြင့် စုစုပေါင်း (၁၆) ဦးဖြစ်သည်။[၁၀]

၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံခန့်ခွဲရေးကော်မတီကို အိမ်စောင့်အစိုးရ ဟူ၍ ပြောင်းလဲဖွဲ့စည်းပြီးနောက် ကောင်စီဥက္ကဋ္ဌနေရာကို နိုင်ငံတော်ဝန်ကြီးချုပ်ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။[၁၁][၁၂]

အဖွဲ့ဝင်များ ပြင်ဆင်ရန်

၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။[၁၃]

စဉ် အမည် ရာထူး အဖွဲ့
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌ တပ်မတော်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဒုတိယဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး အတွင်းရေးမှူး
ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး တွဲဖက်အတွင်းရေးမှူး
ဗိုလ်ချုပ်ကြီး မြထွန်းဦး အဖွဲ့ဝင်
ဗိုလ်ချုပ်ကြီး တင်အောင်စန်း
ဗိုလ်ချုပ်ကြီး မောင်မောင်အေး
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်[၁၄]
ဒုတိယဗိုလ်ချုပ်ကြီး ညိုစော
၁၀ ဦးဝဏ္ဏမောင်လွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
၁၁ ဒေါ်ဒွဲဘူ
၁၂ ပိုးရယ်အောင်သိန်း
၁၃ ဖဒိုမန်းငြိမ်းမောင် ကရင်ပြည်သူ့ပါတီ
၁၄ ဒေါက်တာမှုထန်
၁၅ ဒေါက်တာ ဘရွှေ ပြင်ပ
၁၆ ခွန်စံလွင်
၁၇ ဦးရွှေကြိမ်း
၁၈ ဦးရန်​ကျော်

ယခင်အဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၂၀၂၁ - စက်တင်ဘာ ၂၀၂၃) ပြင်ဆင်ရန်

ပါတီများ၏ လက်ခံခြင်းနှင့် ငြင်းဆန်ခြင်း ပြင်ဆင်ရန်

အသစ်ဖွဲ့စည်းလိုက်သော ဤကောင်စီသည် နိုင်ငံရေးပါတီများကို ကောင်စီ၌ ပါဝင်ရန် တောင်းဆိုမှုများပြုခဲ့သည်။ ပါဝင်လက်ခံသော ပါတီများရှိသကဲ့သို့ လက်မခံဘဲငြင်းဆန်သော ပါတီများလည်းရှိခဲ့ကြသည်။[၁၅] ကမ်းလှမ်းမှုကိုလက်ခံ၍ ကောင်စီတွင်ပါဝင်သောပါတီများမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကရင်ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့ဖြစ်ကြသည်။[၁၆] အချို့သောပါတီများမှ ပါတီခေါင်းဆောင်များသည် ကောင်စီထိပ်ပိုင်းတွင်တိုက်ရိုက်မပါဝင်သော်လည်း ကောင်စီမှခန့်အပ်သော တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးရာထူးများ၊ ဝန်ကြီးဌာနများမှ ထိပ်ပိုင်းရာထူးများကို လက်ခံခဲ့ကြသည်။

အရှိုချင်းအမျိုးသားပါတီကို ကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းခဲ့ရာ ပါတီမှ ငြင်းဆန်ခဲ့သည်။[၁၇] ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တို့ကလည်း ပါဝင်ရန် ကောင်စီ၏ ကမ်းလှမ်းမှုအပေါ် ပယ်ချခဲ့သည်။[၁၅]

အစိုးရရာထူး အစားထိုးခြင်းများ ပြင်ဆင်ရန်

တရားရုံးချုပ်၊ ပြည်ထောင်စုဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ စသည်တို့အပါအဝင် အစိုးရအဖွဲ့အစည်းများစွာမှ အရပ်သားဝန်ထမ်းများစွာကို တာဝန်မှရပ်စဲခဲ့သည်။[၁၈][၁၉][၂၀] ထို့နောက် ဝန်ကြီးများ[၂၁][၂၂][၂၃]၊ မြို့တော်ဝန်[၂၄]၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထိပ်ပိုင်းရာထူးများ[၂၅][၂၆]ပြည်ထောင်စု ရာထူးဝန်အဖွဲ့,[၂၇]၊ တရားသူကြီးများ[၂၈][၂၉] နှင့် တရားရုံးချုပ်တရားသူကြီးများ [၃၀][၃၁] ကို အစားထိုးခန့်အပ်ခဲ့သည်။ အခြေခံဥပဒေခုံရုံးကို ဖေဖော်ဝါရီ ၈ ရက်တွင်အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။[၃၂]

နစကသည် ဖေဖော်ဝါရီ ၁၁ ၌ တိုင်းနှင့်ပြည်နယ်အုပ်ချုပ်ရေးကောင်စီနှင့် ဥက္ကဋ္ဌရာထူးများကို လည်းကောင်း[၃၃][၃၄]၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် စစ်တပ်အရာရှိများကို လည်းကောင်း ခန့်အပ်မှုများပြုခဲ့သည်။[၃၅]

ဆောင်ရွက်ချက်နှင့် ကန့်ကွက်ခြင်းများ ပြင်ဆင်ရန်

ဖေဖော်ဝါရီ ၉ တွင် စာမျက်နှာ ၃၆/၃၇ အရေအတွက်ရှိသော ဆိုက်ဘာဥပဒေမူကြမ်းကို မြန်မာနိုင်ငံ ဖုန်းနှင့် အင်တာနက် ဝန်ဆောင်မှုပေးသူများထံသို့ ပေးပို့၍ အကြံဉာဏ်တောင်းခံခဲ့သည်။[၃၆] ယင်းမူကြမ်း၌ အင်တာနက်ဝန်ဆောင်မှုပေးသူများက "အမုန်းတရားကိုဖြစ်စေသော၊စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော စကား/စာသား/ရုပ်ပုံ/ဗီဒိယိုနှင့် အသံဖိုင်/သင်္ကေတ စသည်တို့ကို တားဆီးဖယ်ရှားဖျက်သိမ်းခြင်း"အတွက် တာဝန်ခံရန်နှင့် အစိုးရ၏ညွှန်ကြားထညးသောနေရာများ၌ အသုံးပြုသူ၏ အချက်အလက်ကို အနည်းဆုံးသုံးနှစ် ထိမ်းသိမ်းထားရန်လည်းပါဝင်သည်။[၃၇][၃၆] အရပ်ဘက်အဖွဲ့အစည်း (၁၅၀) ကျော်က ထိုဥပဒေမူကြမ်းသည် အခြေခံအခွင့်အရေးများဖြစ်သော လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်၊ သတင်းအချက်လက်ကာကွယ်နိုင်မှုနှင့် လွတ်လပ်ခွင့်၊ အခြားဒီမိုကရေစီစံနှုန်းများကို ချိုးဖော်သည်၊ အစိုးရကို ဆန့်ကျင်သောအကြောင်းအရာများကို တားမြစ်ခွင့်၊ အင်တာနက်ဝန်ဆောင်မှုပေးသူများကို ကန့်သတ်ခြင်း၊ သတင်းအချက်လက်များကို ကြားဖြတ်ယူရန် အခွင့်အရေးများကို အစိုးရကို ပေးအပ်ထားသည်ဟု အသီးသီး ကြေညာခဲ့ကြသည်။[၃၆]

ဖေဖော်ဝါရီ ၁၀ ၌ ကောင်စီ၏စေခိုင်းချက်အရ အရပ်သားနိုင်ငံရေးသမားများနှင့် ရွေးကောက်ပွဲကော်မရှင်အရာရှိများကို ညပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခြင်းများပြုခဲ့သည်။ ရည်ရွယ်ချက်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အသက်မဲ့စေရန်ဆောင်ရွက်ခြင်းဖြစ်၏ ။[၃၈] ထိပ်ပိုင်းဖမ်းဆီးထိမ်းသိမ်းခံရသူများ၌ တနင်္သာရီ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ရခိုင် ဝန်ကြီးချုပ်များပါဝင်သွားခဲ့သည်။ ထို့အပြင် ခရိုင်၊ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အရရှိများစွာလည်းပါဝင်ခဲ့သည်။[၃၈]

​ကောင်စီက အကျဉ်းသားပေါင်း ၂၃,၃၁၄ ဦးကို ဖေဖော်ဝါရီ ၁၁ တွင် လွှတ်ပေးခဲ့ရာ[၃၉] အန်အယ်လ်ဒီပါတီ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံရာ၌ အားပေးအားမြှောက်ပြုသောသူများလည်းပါဝင်သည်။[၄၀] နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအဖွဲ့ (AAPP) က ယခုထောင်ခါမှုသည် နိုင်ငံရေးသမားများကို ဖမ်းဆီးရန် နေရာလွတ်ထားခြင်းဖြစ်သည်ဟု ၎င်းတို့၏စိုးရိမ်သောကကို ဖော်ပြခဲ့သည်။[၄၁] ထို့နောက် နိုင်ငံနှင့်အဝှမ်း ညပိုင်း လုံခြုံရေးစိုးရိမ်ရခြင်းနှင့် မီးကွင်းပစ်ခြင်း စသည့်ကိစ္စရပ်များသည် ဤအကျဉ်းသားများလွှတ်ပေးလိုက်ခြင်းနှင့် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပွားခဲ့သည်။[၄၂]

ဖေဖော်ဝါရီ ၁၄ တွင် နစကသည် လက်ရှိကျင့်သုံးနေသော ဥပဒေအချို့ကို ပြင်ဆင်ခဲ့ရာ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ယာယီကန့်သတ်သော ဖမ်းဝရန်းမပါရှိဘဲ ရှာဖွေ၊ ဖမ်းဆီးနိုင်ခွင့်များကို တရားဝင်ဖြစ်စေခဲ့သည်။[၄၂] ယခင်အစိုးရလက်ထက်က ဖျက်ပစ်ခဲ့သည့် ဧည့်စာရင်းဥပဒေကိုလည်း ပြန်လည်အသက်သွင်းခဲ့သည်။[၄၂]

သတင်းမီဒီယာများက "အာဏာသိမ်းစစ်ကောင်စီ" (သို့) "အာဏာသိမ်းစစ်အစိုးရ" ဟုသုံးနှုန်းရေးသားကြသည်။ ထိုအမည်နှင့်ပတ်သက်၍ အာဏာသိမ်းစစ်အစိုးရဟု မသုံးနှုန်းကြရန် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို စာရေးအကြောင်းကြားခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၂၂ တွင် ကျင်းပသောအစည်းအဝေး၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ခေါ်ဝေါ်ရေးသားလျှင် အရေးယူမည်ဟူ၍ ထပ်မံပြောကြားခဲ့လေသည်။[၄၃][၄၄]

အမြင်သဘောထားများနှင့် တုံ့ပြန်မှုများ ပြင်ဆင်ရန်

အရပ်ဘက်အဖွဲ့ဝင်များမှာ အရေအတွက်အနေဖြင့် ရှစ်ဦးရှိရာ နှစ်ဦးမှာ ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်တို့ဖြစ်၍ ထိုနှစ်ဦးသည် ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်းများဖြစ်ကြပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကို တည်ထောင်ခဲ့ကြသောသူများလည်း ဖြစ်ကြသည်။ ဦးခင်မောင်ဆွေသည် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၏ ဥက္ကဋ္ဌတစ်ဦးဖြစ်ကာ ဦးသိန်းညွန့်သည် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီတွင်း ငွေရေးကြေးရေးပြဿနာအချို့ကြောင့် ပါတီမှနုတ်ထွက်ခဲ့ပြီး တစ်သီးပုဂ္ဂလအဖြစ်ယှဉ်ပြိုင်ခဲ့ကာ နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီပါတီ ကိုထူထောင်ခဲ့၍ ၎င်းပါတီသည် ကြံခိုင်ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်ပြုထားသည်။[၄၅] ထိုနှစ်ဦး၏ပါတီများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်၌ တပ်မတော်နှင့် တွေ့ဆုံလေ့ရှိသောပါတီများဖြစ်ကြသည်။[၄၆]

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်လာသော ပဒိုမန်းငြိမ်းမောင်နှင့်ပတ်သက်၍ ကေအန်ယူအဖွဲ့က ကြေညာချက်တစ်ခုထုတ်ပြန်ရာတွင် ၎င်းသည် ကေအန်ယူအဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်း အများအမြင်ရှင်းစေရန်ဟူသောရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခဲ့သည်။[၁၇][၄၇] ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဋ္ဌ (၁) ဦးစောဒန်နီရယ်သည်လည်း ၎င်း၏ဆန္ဒအလျှောက် နိုင်ငံတော်ကောင်စီတွင်ပါဝင်ခဲ့သောကြောင့် မိခင်ပါတီက ၎င်းကိုထုတ်ပယ်ကြောင်း သတင်းကြေညာချက်တစ်ခုကို ဖေဖော်ဝါရီ ၄ တွင် ပြုလုပ်ခဲ့သည်။[၄၈]

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံရခြင်း ပြင်ဆင်ရန်

၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် တရားဝင်ရွေးကောက်ခံ အမတ်များဖြင့် ဖွဲ့စည်းထားသည့် တရားဝင်ကော်မတီဖြစ်သည့်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား "အကြမ်းဖက်အုပ်စု" အဖြစ် ကြေညာခဲ့သည်။[၄၉] ထိုသို့ အကြမ်းဖက်အဖွဲ့ဟူ၍ ကြေညာခြင်းခံရသကဲ့သို့ မီဒီယာများ၊ လူမှုကွန်ယက်များနှင့် အများပြည်သူအများကြားတွင်လည်း အကြမ်းဖက် စစ်ကောင်စီ ဟူ၍လည်း ခေါ်ဝေါ်သုံးစွဲကြ၏ ။[၅၀]

မှတ်စု ပြင်ဆင်ရန်

  1. လွတ်လပ်၍အထင်ကရရှိသော သတင်းမီဒီယာများက "အာဏာသိမ်းစစ်ကောင်စီ" ဟူ၍ သုံးနှုန်းကြသည်။[၂][၃][၄][၅][၆]

ကိုးကား ပြင်ဆင်ရန်

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named GNLM:1
  2. အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှုများ အပစ်ရပ်အဖွဲ့တွေ ရပ်ဆိုင်း
  3. အာဏာသိမ်း စစ်ကောင်စီက လူ ၅၀၀ နီးပါး ဖမ်းဆီးချုပ်နှောင်ထား
  4. အာဏာသိမ်းစစ်အစိုးရလို့သုံးရင် မီဒီယာ ထုတ်ဝေခွင့်ပိတ်မယ်လို့ စစ်ကောင်စီပြော
  5. အာဏာသိမ်းစစ်ကောင်စီတွင် ပါသည့် အရပ်သားများ အမြန်နုတ်ထွက်ရန် ၈၈ ငြိမ်း/ပွင့် သတိပေး
  6. အာဏာသိမ်းစစ်ကောင်စီကိုအလိုမရှိကြောင်း လားရှိုးမှာ လူအင်အားသောင်းချီ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြ
  7. ၇.၀ ၇.၁ "Myanmar military announces new State Administrative Council" (in English)၊ Myanmar Times၊ 2 February 2021။ 8 February 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 3 February 2021။ 
  8. မြန်မာအာဏာသိမ်း- နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း - ဘီဘီစီ မြန်မာ | အထူးသတင်း | နောက်ဆုံးရ သတင်း | နောက်ဆုံးရခေါင်းစဉ် သတင်း |မြန်မာသတင်း။ BBC News မြန်မာ။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  9. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (2 February 2021)။ 3 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
  10. "နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ငါးဦးကို တိုးချဲ့ခန့်အပ်၊ ပြည်ထောင်စုဝန်ကြီးသုံးဦး ထပ်မံတာဝန်ပေး"၊ 7 Days News၊ ၄ ဖေဖော်ဝါရီ ၂၀၂၁။ 8 February 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 14 February 2021။ 
  11. "စစ်ကောင်စီက အိမ်စောင့်အစိုးရ ဖွဲ့"။ 
  12. "Myanmar forms caretaker government: State Administration Council"။ 
  13. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၅ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်း"။ 
  14. မြန်မာ့အလင်းသတင်းစာ (၉.၂.၂၀၂၂)
  15. ၁၅.၀ ၁၅.၁ "SNLD, DPNS reject offer to participate in new government"၊ Elevenmyanmar news၊ 6 February 2021။ 
  16. "အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ စစ်အစိုးရကမ်းလှမ်းချက် မွန်ညီညွတ်ရေးပါတီ လက်ခံ"၊ RFA၊ ၆ ဖေဖော်ဝါရီ ၂၀၂၁။ 
  17. ၁၇.၀ ၁၇.၁ "အာဏာသိမ်း အစိုးရ၏ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်သည့် အရှိုချင်းအမျိုးသားပါတီ"၊ ဧရာဝတီသတင်းဌာန၊ ၅ ဖေဖော်ဝါရီ ၂၀၂၁။ 
  18. Duty Termination From Justices Of Supreme Court Of The Union (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  19. Duty Termination From Deputy Ministers (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  20. Republic Of The Union Of Myanmar Office Of Commander-in-Chief Of Defence Services (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  21. Appointment And Duty Assignment Of Union Minister (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  22. Appointment Of Union Minister (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  23. Appointment And Duty Assignment Of Union Minister (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  24. Appointment And Duty Assignment Of Mayor (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  25. Appointment And Duty Assignment Of Deputy Governors Of Central Bank Of Myanmar (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  26. Appointment Of Central Bank Of Myanmar Members (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  27. Appointment And Duty Assignment Of Union Civil Service Board Members (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  28. Appointment And Duty Assignment Of Chief Justices Of Region High Courts (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  29. Appointment And Duty Assignment Of Judges Of Region/State High Court (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  30. Appointment And Duty Assignment Of Supreme Court Justices (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  31. Appointment And Duty Assignment Of Justices For Supreme Court Of The Union (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  32. Appointment And Assignment Of Chairman And Members Of Constitutional Tribunal Of The Union (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  33. Appointment And Duty Assignment Of Region Administration Council Chairmen (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  34. Appointment And Duty Assignment Of Region/State Administration Council Members (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  35. Appointment Of The Self-administered Division/zones Administration Committee Members (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  36. ၃၆.၀ ၃၆.၁ ၃၆.၂ "Myanmar junta cyber bill would violate rights, critics say"၊ Reuters 
  37. Reed၊ John (2021-02-10)။ Myanmar junta pushes punitive cyber security bill။ 2021-02-16 တွင် ပြန်စစ်ပြီး။
  38. ၃၈.၀ ၃၈.၁ Military casts a wide net with a series of late-night raids (in en)။ 2021-02-16 တွင် ပြန်စစ်ပြီး။
  39. Remitting Prison Sentences (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  40. MYANMAR PROTESTS LIVE: Hundreds of thousands continue to defy ban on gatherings, threats of 'action' (in en-US) (2021-02-08)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  41. Carly Walsh and Brett McKeehan။ Myanmar military releases more than 23,000 prisoners။ 2021-02-13 တွင် ပြန်စစ်ပြီး။
  42. ၄၂.၀ ၄၂.၁ ၄၂.၂ Myanmar enacts new privacy laws as public unrest escalates (2021-02-14)။ 15 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-16 တွင် ပြန်စစ်ပြီး။
  43. အာဏာသိမ်းစစ်အစိုးရလို့ ဆက်သုံးရင် ထုတ်ဝေခွင့်ပိတ်မယ်လို့ စစ်ကောင်စီခြိမ်းခြောက်
  44. အာဏာသိမ်းအစိုးရ ဟု သုံးနှုန်းရေးသားခြင်းမပြုရန် သတင်းမီဒီယာများကို သတိပေး
  45. "မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး"၊ RFA၊ ၂ ဖေဖော်ဝါရီ ၂၀၂၁။ 
  46. "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း"၊ VOA news၊ ၂ ဖေဖော်ဝါရီ ၂၀၂၁။ 
  47. "ပဒိုမန်းငြိမ်းမောင်နှင့် ပတ်သက်မှုမရှိတော့ဟု KNU ထုတ်ပြန်"၊ 7 Days News။ 1 April 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 14 February 2021။ 
  48. "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ရွေးချယ်ခံရသော ပါတီဒုတိယဥက္ကဋ္ဌ (၁) ကို KySDP ပါတီဝင်အဖြစ်မှထုတ်ပယ်"၊ Myanmar Times၊ ၆ ဖေဖော်ဝါရီ ၂၀၂၁။ 8 February 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 19 February 2021။ 
  49. မော်ကွန်းတင်ပြီးမိတ္တူ။ 9 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2021 တွင် ပြန်စစ်ပြီး။
  50. အကြမ်းဖက် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေရ
    အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က လေယာဉ်ဖြင့် ( ၇) ရွာကို ဗုံးကြဲ၊ ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးနေရ Archived 21 April 2021 at the Wayback Machine.
    KIA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေ
    ကိုဝေမိုးနိုင်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် သို့ ဖမ်းဆီးခေါ်ဆောင်။ "...ကျနော်တို့ ပြည်သူတွေထဲမှာ နောက်ထပ် ဝေမိုးနိုင်တွေ အများကြီး ရှိနေတယ်ဆိုတာ အကြမ်းဖက် စစ်ကောင်စီကို အသိပေးလိုပါတယ်။..."
    လားရှိုးမြို့နယ်အတွင်း KIA နှင့် အကြမ်းဖက် စစ်ကောင်စီ တိုက်ပွဲဖြစ်
    စစ်ကောင်စီတပ်က သွားဆရာဝန်ကို အခမဲ့ဆေးကုမှုဖြင့် ဒဏ်ရိုက်။ "...အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့်က လက်နက်အပြည့်အစုံကိုင်ဆောင်၍ ရှာဖွေခြင်းဖြစ်ပြီး..."
    အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်များနှင့် အကြိမ်၂၀၀ကျော် တိုက်ပွဲဖြစ်ခဲ့ကြောင်း KNU ထုတ်ပြန်။ "...စစ်တပ်မှ အာဏာသိမ်းပြီးသည့် အချိန် နောက်ပိုင်း ကော်သူးလေနယ်မြေအတွင်း ၌ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု ၏ တပ်များ ပိုမို လှုပ်ရှားသွားလာကြပြီး..."