နိုလန် ကေ ဘွတ်သျှနဲ (၁၉၄၃ ဖေဖော်ဝါရီ ၄ ဘွား) သည် အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်နှင့် လျှပ်စစ်အင်ဂျင်နီယာဖြစ်သည်။ အတ္တာရီအင်ကော်ပိုရိတ်၊ ချက္ကီးချိ ပီဇာရုံ စားသောက်ဆိုင်တွဲတို့ကို ထူထောင်သည်။ အတ္တာရီကြောင့် ဗီဒီယိုဂိမ်းလောက နာမည်ကျော်တို့ခန်းမနှင့် လူသုံးကုန်အီလက်ထရောနစ်အသင်း၏ နာမည်ကျော်တို့ခန်းမတို့တွင် စာရင်းသွင်းဖော်ပြခံရသည်။ ချက္ကီးချိကြောင့် နိုင်ငံတွင်းစားသောက်ဆိုင်များသတင်းမှ တနှစ်တာအတွင်းအထွင်ဆန်းသူဆု ရသည်။ ဘပ္ဖတာမှပေးသော ထူးချွန်ဆုကိုလည်း ရဖူးသည်။ နယူးဝိသတင်းစာက အမေရိကန်ကိုပြောင်းလဲစေခဲ့သောအမျိုးသား ၅၀ စာရင်းတွင် ဘွတ်သျှနဲကို ထည့်သွင်းဖော်ပြသည်။

Nolan Bushnell
Bushnell in 2013
မွေးဖွားNolan Kay Bushnell
(1943-02-05) ဖေဖော်ဝါရီ ၅၊ ၁၉၄၃ (အသက် ၈၁)
Clearfield, Utah, U.S.
နေထိုင်ရာSouthern California
နိုင်ငံသားUnited States
နယ်ပယ်လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်
ကွန်ပျူတာ ဆော့ဖ်ဝဲလ်
အဖွဲ့အစည်းဌာနAtari
Chuck E. Cheese
မိခင်ကျောင်းUniversity of Utah
Stanford Business School[၁][၂][၃]
ကျော်ကြားမှုအရင်းခံCo-founding Atari, Inc.
Pong
Creator & Founder of Chuck E. Cheese
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များVideo Game Hall of Fame
Consumer Electronics Association Hall of Fame

ဘွတ်သျှနဲသည် လုပ်ငန်း ၂၀ ကျော် ထူထောင်သူဖြစ်ပြီး အတ္တာရီကိုစတာ ဗီဒီယိုဂိမ်းလောကကို မျက်နှာစာသစ်ဖွင့်ခဲ့သူတို့အနက် တဦးအဝင်အပါတည်း။ ၂၀၁၂ ခုတွင် ပညာရေးဆော့ဝဲထုတ်သည့် ဘရိန်းရှက်ကို ထောင်သည်။ ပညာသင်ရန်သုံးသော ဗီဒီယိုဂိမ်းဖြစ်သည်။

ဆော့ရန်လွယ်ရမည်၊ နိုင်ရန်ခက်ရမည်ဟူသော ဘွတ်သျှနဲဥပဒေသဟူသော စကားမှာ ဗီဒီယိုဂိမ်းလောက၌ ကျော်ကြားသည်။

ကိုးကား ပြင်ဆင်ရန်

  1. Nolan Bushnell
  2. Anti-Aging Games။ 11 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 August 2021 တွင် ပြန်စစ်ပြီး။
  3. CMU Silicon Valley