နီနီခင်ဇော်

မြန်မာအဆိုတော်

နီနီခင်ဇော် သည် မြန်မာ ပေါ့ခ် အဆိုတော်တစ်ဦး ဖြစ်သည်။[၁] သူမသည် ဆေးတက္ကသိုလ် ၂၊ရန်ကုန် တွင် တက်ရောက်ခဲ့သည်။။

နီနီခင်ဇော်
၂၀၂၃ခုနှစ်တွင်​တွေ့ရစဉ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1991-08-31) ၃၁ ဩဂုတ်၊ ၁၉၉၁ (အသက် ၃၂)
ရေကြည်မြို့မြန်မာနိုင်ငံ
ဂီတဟန်Pop, R&B
အလုပ်အကိုင်အဆိုတော်၊ တေးရေး
တူရိယာအဆိုရှင်
တက်ကြွသည့်နှစ်များ၂၀၀၈-လက်ရှိ

သူမသည် ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများတွင် ပါဝင်ဖျော်ဖြေခဲ့သည်။[၂] သူသည် သံစဉ်များနှင့်ကမ္ဘာ သီချင်းပြိုင်ပွဲ၏ ၂၀၀၈ ရာသီ၌ အနိုင်ရခဲ့သည်။။[၃]

အသက်မွေးဝမ်းကျောင်း ပြင်ဆင်ရန်

သူမသည် ၂၀၀၈ခုနှစ် သံစဉ်များနှင့်ကမ္ဘာ အဆိုပြိုင်ပွဲ၏ အနိုင်ရသူဖြစ်သည်။ သူမသည် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်၌ သွေးချင်းတို့ဌာနေ မြန်မာပြည်ထာဝရမြန်မာပြန်ဆုံမယ် တေးတို့ဖြင့် ဖျော်ဖြေခဲ့သည်။[၄]၎င်းသီချင်းများသည် ယခုတိုင်အောင်မြင်ဆဲ ဖြစ်သည်။[၅]

 
တတိယ​မြောက် တစ်ကိုယ်​တော်အ​ခွေ MVထွက်ရှိခြင်း လက်မှတ်ထိုးပွဲတွင် လက်မှတ်​ရေးထိုး​နေစဉ်

တစ်ကိုယ်​တော်​ဖျော်​ဖြေပွဲများ ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရတ် ဗော်လူးရှင်း ဖျော်ဖြေပွဲ

နီနီခင်​ဇော်၏ တစ်ကိုယ်​တော်​ဖျော်​ဖြေပွဲများကို ရတ် ဗော်လူးရှင်း ဖျော်ဖြေပွဲ (REDVolution Shows) အမည်များဖြင့် ကျင်းပ​​လေ့ရှိသည်။ သူ၏ ပထမဆုံးတစ်ကိုယ်​တော်​ဖျော်​ဖြေပွဲကို ၂၀၁၇ခုနှစ်ဧပြီ၁ရက်​နေ့တွင် ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်တွင်ကျင်းပခဲ့သည်။ ဒုတိယ​မြောက်ပွဲကို ၂၀၁၈ခုနှစ် ဧပြီ ၇ရက်နှင့်၈ရက်တို့တွင် ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင် Retro Themeဖြင့်ကျင်းပခဲ့သည်။[၆]တတိယ​မြောက် ​ဖျော်​ဖြေပွဲကို ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် Party Themeဖြင့် မန္တ​လေးမြို့တွင် ကျင်းပမည်ဖြစ်သည်။[၇]

အ​သေးစားတစ်ကိုယ်​တော်​ဖျော်​ဖြေပွဲအဖြစ် fg live loungeမှ ကျင်းပ​သော မိုးရာသီ​ဖျော်​ဖြေပွဲများတွင်လည်း ​ဖျော်​ဖြေခဲ့သည်။၂၀၁၉ခုနှစ် ဇူလိုင်လ၂၀ရက်​နေ့တွင် ရန်ကုန်မြို့ ​ရေကူးအသံလွှင့်ရုံ၌ တတိယ​မြောက် တစ်ကိုယ်​တော်အ​ခွေ၏ Music Video စတင်ဖြန့်ချိခြင်းနှင့်အတူ ​ဖျော်​ဖြေခဲ့ခြင်းဖြစ်သည်။[၈]

 
အ​သေးစားတစ်ကိုယ်​တော်​ဖျော်​ဖြေပွဲတွင် ​ဖျော်​ဖြေ​နေ​သော နီနီခင်​ဇော်

ရရှိခဲ့သောဆုများ ပြင်ဆင်ရန်

  • သံစဉ်များနှင့်ကမ္ဘာ (၂၀၀၈)
  • မြန်မာနိုင်ငံဂီတဆု ၂၀၁၄ ခုနှစ် အကောင်းဆုံး ပေါ့ပ်သီချင်း: မျှော်လင့်ချက် တစ်စုံတစ်ရာ[ကိုးကားချက်လိုသည်]
  • စီးတီးအက်ဖ်အမ်၏ လူကြိုက်အများဆုံး အမျိုးသမီးအဆိုတော်ဆု (၂၀၁၄)[၉]

အယ်လ်ဘမ်များ ပြင်ဆင်ရန်

  • မာရီယို (၂၀၁၂)
  • အနီရောင် (၂၀၁၅)
  • ယူ (၂၀၁၇)
  • ပါတီခင်​ဇော် (၂၀၁၉)

မီနီ အယ်လ်ဘမ်များ ပြင်ဆင်ရန်

  • Summer (၂၀၁၉)

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

သူမသည် စူပါ ရက် (အနီရောင်) အမည်ဖြင့် အလှကုန်များ ထုတ်လုပ်နေသည်။[၁၀]

ကိုးကား ပြင်ဆင်ရန်

  1. Lwin Mar Htun။ "Singing finalists perform"၊ Myanmar Times၊ 24 September 2012။ 17 July 2015 တွင် ပြန်စစ်ပြီး 
  2. အေဝိုင်အီး။ "မြန်မာနိုင်ငံ၏ နာမည်ကြီး အနုပညာရှင်များ ပါဝင်လာသည့် ဆီးဂိမ်းလှုံ့ဆော်ရေး မတ်လတတိယအပတ်မှ စတင်ပြီ" (in Burmese)၊ Pyi Myanmar၊ Yatanarpon။ 17 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 21 July 2015။ 
  3. "သူတို့သံစဉ် သူတို့ကမ္ဘာ" (in Burmese)၊ 8 Days Journal၊ 1 March 2011။ 17 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 21 July 2015။ 
  4. SEA Games-Myanmar Confirms oversea ahead
  5. Aung၊ Nandar။ "The name on everyone’s lips" (in en-gb)၊ The Myanmar Times။ 2017-08-08 တွင် ပြန်စစ်ပြီး 
  6. "နီနီခင်​ဇော်ရဲ့ ဒုတိယ​မြောက် တစ်ကိုယ်​တော် ​ဖျော်​ဖြေပွဲ" (in my)၊ ၇ ရက် နေ့စဉ်သတင်းစာ။ Archived from the original on 27 September 2019။ 
  7. "စက်တင်ဘာလတွင် တစ်ကိုယ်​တော်​ခွေအသစ်ထွက်မဲ့ နီနီခင်​ဇော်"၊ Yangon Style။ Archived from the original on 27 September 2019။ 
  8. "What's on Yangon"၊ မြန်မာတိုင်း(မ်) [လင့်ခ်သေ]
  9. Ni Ni Khin Zaw won City FM’s most popular woman singer award of the Year for 2014 at the station’s 13th anniversary event[လင့်ခ်သေ]
  10. မော်ကွန်းတင်ပြီးမိတ္တူ။ 7 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 October 2017 တွင် ပြန်စစ်ပြီး။