နေခြည်ရွှန်းလက်

မြန်မာသရုပ်ဆောင်

နေခြည်ရွှန်းလက် (၁၃ နိုဝင်ဘာ ၁၉၉၉ မွေးဖွား)သည် မြန်မာ အမျိုးသမီး သရုပ်ဆောင် တစ်ဦးဖြစ်သည်။ သူမသည် MRTV-4 မှ ထုတ်လုပ်သော မြန်မာဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်နေသူဖြစ်သည်။ သူမ အဓိကအမျိုးသမီး သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန ရုပ်သံဇာတ်လမ်းတွဲမှ စတင်၍ လူသိများ ထင်ရှားလာခဲ့သည်။

နေခြည်ရွှန်းလက်
မွေးဖွားနေခြည်ရွှန်းလက်
(1999-11-13) နိုဝင်ဘာ ၁၃၊ ၁၉၉၉ (အသက် ၂၄)
ရန်ကုန်မြို့, မြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာ
မိခင်ကျောင်းအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)
အလုပ်အကိုင်သရုပ်ဆောင်၊ မော်ဒယ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၇ - လက်ရှိ

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

နေခြည်ရွှန်းလက် ကို ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၃ ရက်နေ့တွင် မွေးဖွှားခဲ့သည်။ သူမသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဘွဲ့ရခဲ့သည်။

အလုပ်အကိုင် ပြင်ဆင်ရန်

၂၀၁၇ ခုနှစ်တွင် သူမသည် ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်နှင့် အကယ်ဒမီဆုပေးပွဲ အခမ်းအနားတွင် ရွှေကြိုမယ်အဖြစ် နှင့် Miss Now How 2017 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခြင်းတို့ဖြင့် အနုပညာအလုပ်ကို စတင်ခဲ့သည်။

၂၀၁၈ ခုနှစ် ပုဂံမြို့သူ တွင် ဂွမ်းနု အဖြစ် ‌‌‌‌ဒေါင်း၊ ထူးအောင်၊ ဖုန်းရှိန်ခန့် နှင့် မေမြင့်မိုရ်တို့နှင့်အတူ တွဲဖက် သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန ဇာတ်လမ်းတွဲတွင် နှင်းနွေ အဖြစ် အောင်မင်းခန့် နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အခန်းနံပါတ်? ဇာတ်လမ်းတွဲတွင် နန်းစော အဖြစ် ကျော်ဆု၊ ဝင့်ယမုံနိုင် တို့နှင့်အတူ သရုပ်ဆောင်ခဲ့သည်။

ဇာတ်လမ်းတွဲများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်