နေစကြဝဠာပြင်ပဂြိုဟ် (အင်္ဂလိပ်: exoplanet) (UK: /ˈɛk.sˌplæn.ɪt/, US: /ˌɛk.sˈplæn.ɪt/)[၃] ဆိုသည်မှာ မိမိတို့ နေစကြဝဠာ၏ အပြင်ဘက်မှ ကြယ်အား လှည့်ပတ်နေသည့် ဂြိုဟ်ကို ဆိုလိုသည်။ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည့် နေစကြဝဠာပြင်ပဂြိုဟ်မှာ ၁၉၈၈ ခုနှစ်တွင် ဖြစ်သည်။ သို့သော်လည်း အတည်ပြုနိုင်သော ပထမဆုံးဂြိုဟ်မှာ ၁၉၉၂ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းကတည်းက ၂၀၁၇ ခုနှစ် မေလ ၁ ရက်နေ့အထိ အတည်ပြု ခြေရာခံမိသည့် ကြယ်စနစ်ပေါင်း ၂၇၀၂ ထဲမှ ဂြိုဟ်အစင်းပေါင်း ၃၆၀၈ ရှိသည်ဟုဆိုသည်။[၄]

Size-exaggerated artist's conception showing the ratio of planets to stars in our galaxy
နဂါးငွေ့တန်းရှိ ကြယ်များအား လှည့်ပတ်နေသော ဂြိုဟ်အများစုကို အနုပညာရှင်မှ ဖော်ကျူးထားပုံ[၁]
၂၀၁၇ မတ်လ ၈ အထိ နှစ်စဉ် ရှာဖွေတွေ့ရှိမှု ဂရပ်မျဉ်း
၂၀၁၇ မတ်လ ၈ အထိ နှစ်စဉ် ရှာဖွေတွေ့ရှိမှု ဂရပ်မျဉ်း
ဂျူပီတာနှင့် နေစကြဝဠာပြင်ပဂြိုဟ် TrES-3b အား အရွယ်အစား ယှဉ်ပြထားပုံ
ဂျူပီတာနှင့် နေစကြဝဠာပြင်ပဂြိုဟ် TrES-3b အား အရွယ်အစား ယှဉ်ပြထားပုံ[၂]

High Accuracy Radial Velocity Planet Searcher အဖွဲ့က နေစကြဝဠာပြင်ပဂြိုဟ်ပေါင်း ၁၀၀ ခန့် တွေ့ရှိခဲ့ပြီး ကပ်ပလာ အာကာသယာဉ်က ၂ သောင်းကျော် တွေ့ရှိခဲ့သည်။ ကပ်ပလာမှ မှားယွင်းနိုင်သော နေစကြဝဠာပြင်ပဂြိုဟ်အစင်းရေပေါင်း သောင်းဂဏန်းအချို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့သေးသည်။[၅][၆][၇][၈][၉] ပျမ်းမျှအားဖြင့် ကြယ်တစ်စင်းလျင် အနည်းဆုံး ဂြိုဟ်တစ်စင်းနှုန်းဖြစ်သည်။[၁၀] နေနှင့်တူသောကြယ် ၅ စင်းလျင် ၁ စင်းနှုန်း သက်ရှိများရှင်သန်နိုင်သောဂြိုဟ်တစ်ခု ရှိနိုင်လေသည်။ နဂါးငွေ့တန်း ဂယ်လက်ဆီ၌ ကြယ်ပေါင်း ၂၀၀ ဘီလီယံရှိသည်ဟု ယူဆပါက[lower-alpha ၁]အကယ်၍ ကြယ်ပုနီများကိုပါ ထည့်သွင်းလျင် နဂါးငွေ့တန်းတွင် ဂိုလ်းဒီလော့ဇုန်အတွင်းရှိ ကမ္ဘာမြေနှင့်တူသောဂြိုဟ်ပေါင်း ၄၀ ဘီလီယံအထိ ရှိနိုင်သည်ဟု အဆိုပြုထားသည်။[၁၁] နေစကြဝဠာပြင်ပဂြိုဟ်အမျိုးမျိုးရှိရာ အချို့က ဂျူပီတာဂြိုဟ်အရွယ်အစား၊ ယင်းထက် ကြီးသောဂြိုဟ်၊ လကမ္ဘာထက် ၂ ဆကြီးသောဂြိုဟ် စသည်ဖြင့် ရှိလေသည်။[၁၂][၁၃] အချို့သောဂြိုဟ်များသည် မိခင်ကြယ်နှင့် နီးကပ်စွာ လှည့်ပတ်နေပြီး တစ်ပတ်ပြည့်ရန် နာရီအနည်းငယ်ခန့်သာ ကြာမြင့်သည်။ အချို့မှာ မိခင်ကြယ်အား တစ်ပတ်လှည့်ပတ်မိရန် နှစ်ထောင်ချီ၍ ကြာမြင့်သည်။ ခြေရာခံမိသော နေစကြဝဠာပြင်ပဂြိူဟ်များသည် နဂါးငွေ့တန်း ဂလက်ဆီအတွင်း ဖြစ်သည်။ သို့သော် နဂါးငွေ့တန်းအလွန်မှ ဂြိုဟ်များအားလည်း ခြေရာခံမိရန် ဖြစ်နိုင်ခြေ ရှိလေသည်။ အနီးဆုံး နေစကြဝဠာပြင်ပဂြိုဟ်မှာ နေနှင့်အနီးဆုံးကြယ် ပရိုဆီမာ စင်တောရိကြယ်အား လှည့်ပတ်နေသည့် ကမ္ဘာမြေမှ အလင်းနှစ် ၄.၂ ကွာဝေးသော ပရိုဆီမာ စင်တောရိ ဘီ ဖြစ်သည်။[၁၄] နေစကြဝဠာပြင်ပဂြိုဟ်များနှင့် မတူဘဲ အချို့သော လေလွင့်ဂြိုဟ်များသည် မည်သည့်ကြယ်ကိုမျှ လှည့်ပတ်နေခြင်းမရှိပေ။ Neil deGrasse TysonCosmos: A Spacetime Odyssey ထဲကအရ နဂါးငွေ့တန်းတွင် လေလွင့်ဂြိုဟ်ပေါင်း ဘီလီယံကျော်ရှိသည်ဟု ဆိုသည်။[၁၅][၁၆]

ရှာဖွေခြင်းနည်းလမ်းများ

ပြင်ပဂြိုဟ်များကိုရှာဖွေရာတွင် အရိပ်ကျခြင်းနည်းလမ်းနှင့် ရေဒီယိုနည်းလမ်းကိုအသုံးပြုသည်။ အရိပ်ကျခြင်းနည်းလမ်းဆိုသည်မှာ ကမ္ဘာမှကြည့်ပါက ဂြိုဟ်တစ်လုံးသည် မိခင်ကြယ်ရှေ့မှဖြတ်သန်းချိန်တွင် မိခင်ကြယ်၏အလင်းရောင်ကျဆင်းသွားလေ့ရှိသည်။ မိခင်ကြယ်၏အလင်းရောင်ကျဆင်းမှုပမာဏ၊ ကြာမြင့်ချိန်တို့ပေါ်မူတည်၍ ဂြိုဟ်၏အရွယ်အစားနှင့် မိခင်ကြယ်မှအကွာအဝေး၊ မိခင်ကြယ်ကိုတစ်ပတ်ပြည့်ဖို့လှည့်ပတ်ရန်ကြာချိန်တို့ကိုတွက်ချက်ရယူနိုင်သည်။

ရေဒီယိုနည်းလမ်းသဘောတရားမှာအောက်ပါအတိုင်းဖြစ်သည်။ ဂြိုဟ်များသည် မိခင်ကြယ်ကိုတိုက်ရိုက်လှည့်ပတ်နေခြင်းမျိုးမဟုတ်ဘဲ ဂြိုဟ်များနှင့်မိခင်ကြယ်တို့သည် ဆုံမှတ်တစ်ခု(Baricentre)ကိုဗဟိုပြု၍လှည့်ပတ်နေခြင်းဖြစ်သည်။ ဂြိုဟ်များ၏ဒြပ်ဆွဲအားကြောင့် မိခင်ကြယ်သည်လည်း ပမာဏတစ်ခုအတွင်း လှည့်လည်နေရသည်။ ယင်းသို့မိခင်ကြယ်၏ လှည့်လည်မှုပမာဏကိုရရှိပါက ယင်းကိုလှည့်ပတ်နေသည့် ဂြိုဟ်၏အရွယ်အစားနှင့်အကွာအဝေးကိုရရှိနိုင်မည်ဖြစ်ပါသည်။



မှတ်စု ပြင်ဆင်ရန်

  1. ကြယ်ပေါင်း ၂၀၀ ဘီလီယံရှိသည့် နဂါးငွေ့တန်း ဂလက်ဆီ၌ ၄ ပုံ ၁ ပုံသည် နေနှင့်တူသော ကြယ်များဖြစ်ပေသည်။ ဂလက်ဆီတွင် ပါဝင်သော ကြယ်အရေတွက်အား အတိကျ မသိရပေ။ သို့သော် ကြယ်ပေါင်း ၂၀၀ ဘီလီယံရှိသည့်အနက် နေနှင့်တူသောကြယ်ပေါင်း ၅၀ ဘီလီယံ ရှိနိုင်ပေရာ ၁၁ ဘီလီယံသည် ကမ္ဘာမြေကဲ့သို့ သက်ရှိများ ရှင်သန်နိုင်သောဇုန်အတွင်း တည်ရှိနိုင်လေသည်။ ကြယ်ပုနီများကို ထည့်သွင်းပါက ၄၀ ဘီလီယံအထိ တိုးပွားလာမည်ဖြစ်သည်။


ကိုးကား ပြင်ဆင်ရန်

  1. "Planet Population is Plentiful"၊ ESO၊ 11 January 2012။ 13 January 2012 တွင် ပြန်စစ်ပြီး 
  2. Exoplanet Transit Database: TrES-3b။ Czech Astronomical Society။ 7 July 2015 တွင် ပြန်စစ်ပြီး။
  3. exoplanet Meaning in the Cambridge English Dictionary
  4. Interactive Extra-solar Planets CatalogThe Extrasolar Planets Encyclopedia
  5. Jerry Colen (4 November 2013)။ Kepler။ NASA။ 5 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 November 2013 တွင် ပြန်စစ်ပြီး။
  6. NASA Kepler Results Usher in a New Era of Astronomy (4 November 2013)။
  7. "Detection of Potential Transit Signals in the First 12 Quarters of Kepler Mission Data" (2013). The Astrophysical Journal Supplement Series 206. doi:10.1088/0067-0049/206/1/5. Bibcode2013ApJS..206....5T. 
  8. "My God, it's full of planets! They should have sent a poet." (သတင်းထုတ်ပြန်ချက်)။ Planetary Habitability Laboratory, University of Puerto Rico at Arecibo။ 3 January 2012။ 25 July 2015 တွင် မူရင်း အား မော်ကွန်းတင်ပြီး25 May 2017 တွင် ပြန်စစ်ပြီး
  9. "Astrophysical false positives in exoplanet transit surveys: Why do we need bright stars?" (2013). SF2A-2013: Proceedings of the Annual meeting of the French Society of Astronomy and Astrophysics. Eds.: L. Cambresy. Bibcode2013sf2a.conf..555S. 
  10. "One or more bound planets per Milky Way star from microlensing observations" (11 January 2012). Nature 481 (7380): 167–169. doi:10.1038/nature10684. PMID 22237108. Bibcode2012Natur.481..167C. 
  11. Khan၊ Amina။ "Milky Way may host billions of Earth-size planets"၊ Los Angeles Times၊ 4 November 2013။ 5 November 2013 တွင် ပြန်စစ်ပြီး 
  12. DENIS-P J082303.1-491201 bCaltech။ 8 March 2014 တွင် ပြန်စစ်ပြီး။
  13. "Astrometric orbit of a low-mass companion to an ultracool dwarf" (August 2013). Astronomy & Astrophysics 556. doi:10.1051/0004-6361/201321871. Bibcode2013A&A...556A.133S. 
  14. Anglada-Escudé, Guillem (2016-08-25). "A terrestrial planet candidate in a temperate orbit around Proxima Centauri" (in en). Nature 536 (7617): 437–440. doi:10.1038/nature19106. ISSN 0028-0836. PMID 27558064. 
  15. Neil deGrasse Tyson in Cosmos: A Spacetime Odyssey as referred to by National Geographic Archived 13 March 2014 at the Wayback Machine.
  16. "Nomads of the Galaxy" (2012). Monthly Notices of the Royal Astronomical Society 423 (2): 1856–1865. doi:10.1111/j.1365-2966.2012.21009.x. Bibcode2012MNRAS.423.1856S.  estimates 700 objects >10−6 solar masses (roughly the mass of Mars) per main-sequence star between 0.08 and 1 Solar mass, of which there are billions in the Milky Way.