နေပြည်တော်ကောင်စီ (အင်္ဂလိပ်: Naypyidaw Council) သည် မြန်မာနိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ရှိသည့် နေပြည်တော် ပြည်ထောင်စုနယ်မြေကို စီမံအုပ်ချုပ်သည့် အဖွဲ့အစည်းဖြစ်သည်။[၂]

နေပြည်တော်ကောင်စီ
နေပြည်တော် ပြည်ထောင်စုနယ်မြေအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
အဖွဲ့အစည်းအမျိုးအစားကောင်စီ
ဌာနချုပ်နေပြည်တော်
ဌာနအကြီးအမှူးများဦးသန်းထွန်းဦး [၁]၊ ဥက္ကဋ္ဌ
မိခင်အဖွဲ့အစည်းနိုင်ငံတော် သမ္မတရုံး

ကောင်စီကို သမ္မတမှ ဖွဲ့စည်းပြီး[၂] အရပ်သားနှင့် တပ်မတော် ကိုယ်စားလှယ်များကို ကောင်စီ အဖွဲ့ဝင်များအဖြစ် သမ္မတမှ ရွေးချယ်သည်။[၂] ကောင်စီကို သမ္မတအား တိုက်ရိုက် အစီရင်ခံရသည့် ဥက္ကဋ္ဌတစ်ဦးမှ ဦးဆောင်သည်။[၂] နေပြည်တော် ကောင်စီသည် ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှင့် တွဲဖက်ထားပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အကြီးအကဲသည် နေပြည်တော် ကောင်စီ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။[၂]

ကိုးကား ပြင်ဆင်ရန်