နွယ်ပင် (Vine) ဆိုသည်မှာ ပင်စည် တွယ်၍ကြီးထွားသော အပင်များကို ခေါ်ဆိုသည်။ အချို့အပင်များသည် အချိန်အတိုင်းအတာတခုထိသာ နွယ်ပင်ပုံစံမျိုး ကြီးထွားသည်။ နွယ်ပင်များသည် လောင်းရိပ်ရှိသောနေရာနှင့် နေရောင်ခြည်အပြည့်ရသောနေရာများတွင်လည်း ကောင်းမွန်စွာ ရှင်သန်ပေါက်ရောက်နိုင်သည်။ နွယ်ပင်နမူနာအပင်များမှာ သခွားပင်သပွတ်ပင်ဘူးပင်ကြက်ဟင်းခါးပင်ဂေါ်ရခါးပင်များဖြစ်ကြသည်။ နွယ်ပင်အချို့သည် မိမိဘာသာ တွယ်တက်နိုင်သော်လည်း အချို့နွယ်ပင်များမှာ မြန်ဆန်စွာကြီးထွားရန်အတွက် လေ့ကျင့်ရန် လိုအပ်သည်။ ဥပမာ နွယ်ပင်များအတွက် ဝါးလုံးတိုင်များ၊ စင်များထိုးပေးခြင်း စသည်တို့ဖြစ်သည်။ နွယ်ပင်များသည် အခြားအပင်များပေါ်တွင်လည်း တွယ်တက်၍ ကြီးထွားနိုင်စွမ်း ရှိသည်။ နွယ်ပင်အများစုသည် ပန်းပွင့်သော အပင်များ ဖြစ်ကြသည်။

တွယ်တက်တတ်သော နွယ်ပင်တမျိုးဖြစ်သည့် ကွမ်းရွက်ပင်


ကိုးကား ပြင်ဆင်ရန်