နွားထိုးကြီးမြို့

မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့

မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင် အတွင်းတည်ရှိသော နွားထိုးကြီးမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။

နွားထိုးကြီးမြို့
နွားထိုးကြီးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နွားထိုးကြီးမြို့
နွားထိုးကြီးမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°25′00″N 95°39′00″E / 21.41667°N 95.65000°E / 21.41667; 95.65000ကိုဩဒိနိတ်: 21°25′00″N 95°39′00″E / 21.41667°N 95.65000°E / 21.41667; 95.65000
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး
မြို့နယ်နွားထိုးကြီးမြို့နယ်
ဧရိယာ
 • စုစုပေါင်း၄၈၁.၂ စတုရန်းမိုင် (၁၂၄၆.၃ စတုရန်းကီလိုမီတာ)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သမိုင်းအကျဉ်း ပြင်ဆင်ရန်

သက္ကရာဇ်(၇၆၃)ခုနှစ်၊ အင်းဝပထမ မင်းကြီးစွာဆော်ကဲ လက်ထက်တွင် “နွားဓိုရ်” ရွာ အဖြစ်တည်ရှိကြောင်း၊ ရှင်ပင်သာဒွန်းဦးဘုရားမော်ကွန်းကျောက်စာအရ “နွားဓိုရ်” ဟူသည် နွား=နွား+ဓိုရ်=ဓူဝ=အလေ့အကျင့်၊ နွားများကို ထိန်းကျောင်းလေ့ကျင့်သော ရွာဟု ခေါ်ဝေါ်ကြောင်း သုတေသီများကဆိုသည်။ တချို့မှလည်း နွားများဖြင့် အသက်မွေး၍ တိုးတက်ကြီးပွား သောကြောင့် နွားတိုးဟု သမုတ်ကြသည်။ ကာလရွေ့လျားလာပြီး နွားဓိုရ် - နွားတိုး မှ နွားထိုးကြီးဟု ခေါ်ဝေါ် သုံးစွဲခြင်းဖြစ်နိုင်ကြောင်း ကောဇာသက္ကရာဇ် ၁၂၆၇ ခုနှစ်၊ ရှင်ပင်သာထွန်းဦးမြတ်စွာဘုရားခေါင်းလောင်းစာအရ ယူဆရသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၃၁-၈-၁၉၇၂ ရက်စွဲပါစာအမှတ်၊ ၁၀၃/၄၉ စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၄)အုပ်စုနှင့် ကျေးရွာ ပေါင်း(၁၈၆)ရွာ ပါဝင်၍ဖွဲ့စည်းထားသော မြို့နယ်ဖြစ်သည်။

တည်နေရာ ပြင်ဆင်ရန်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ နှင့် မိုင်(၂၀) အကွာအဝေးတွင်တည်ရှိပြီး မြောက်လတ္တီတွဒ် (၂၁)ဒီဂရီ (၁၇)မိနစ် (၃၄)စက္ကန့် နှင့် (၂၁)ဒီဂရီ (၃၈)မိနစ် (၄၂)စက္ကန့် အတွင်း၊ အရှေ့လောင်ဂျီတွဒ် (၉၅)ဒီဂရီ (၂၇)မိနစ် (၅၄)စက္ကန့် နှင့် (၉၅)ဒီဂရီ (၅၈)မိနစ် (၃၂)စက္ကန့် အတွင်းတည်ရှိသည်။ မြေပုံအညွှန်း (L 085995) ဖြစ်သည်။

အကျယ်အဝန်း ပြင်ဆင်ရန်

အရှေ့နှင့်အနောက် (၃၀)မိုင် (၃)ဖာလုံ၊ တောင်နှင့်မြောက် (၂၂)မိုင် (၂)ဖာလုံ ကျယ်ဝန်းပြီး ဧရိယာ စတုရန်းမိုင် (၄၈၁၂၀) ကျယ်ဝန်းပါသည်။ ဧကအားဖြင့် (၃၀၇၉၆၈) ဧက ကျယ်ဝန်းသည်။

နယ်နိမိတ် ပြင်ဆင်ရန်

အနောက်ဘက်တွင် မြင်းခြံမြို့နယ်၊ မြောက်ဘက်တွင် ငါန်းဇွန်မြို့နယ်တံတားဦးမြို့နယ်မြစ်သားမြို့နယ် နှင့် တောင်ဘက်တွင် ဝမ်းတွင်းမြို့နယ်မလှိုင်မြို့နယ်နှင့် တောင်သာမြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

မြေမျက်နှာသွင်ပြင် ညီညာပြန့်ပြူးမှုမရှိဘဲ ကုန်းမြင့်ချိုင့်ဝှမ်းနှင့် ဆင်ခြေလျောများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် လှိုင်းတွန့်သဏ္ဌာန်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အနိမ့်ဆုံး(၄၃၇)ပေနှင့် အမြင့်ဆုံး(၁၃၀၆)ပေ ဖြစ်ပြီး မြို့တည်နေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် (၇၅၅)ပေ အမြင့်တွင် တည်ရှိသည်။

ရာသီဥတု ပြင်ဆင်ရန်

မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသဖြစ်ပြီး အပူပိုင်းဇုံတွင် ကျရောက်သဖြင့် တစ်နှစ်ပတ်လုံး ပူပြင်းခြောက်သွေ့သော ရာသီဥတုဖြစ်သည်။ မြို့နယ်၏ အမြင့်ဆုံးအပူချိန် (၄၁)ဒီဂရီစင်တီဂရိတ်နှင့် အနမ့်ဆုံးအပူချိန် (၃၆.၁) ဒီဂရီစင်တီဂရိတ်အတွင်းရှိပြီး မိုးရွာရက်ပေါင်း (၃၂)ရက်မှ (၅၅)ရက်နှင့် မိုးရေချိန် (၂၁)လက်မမှ (၄၃)လက်မအထိ ရွာသွန်းသည်။

သစ်တောသစ်ပင်ပေါက်ရောက်မှု ပြင်ဆင်ရန်

အပူပိုင်းဒေသဖြစ်သဖြင့် ဆူးနှင့် အစေးပါသော (ရှားသန်းဒဟတ်ထနောင်းတမာဇီးကုက္ကိုမကျည်းကန္တာရနဘူးဆူးရစ်)အပင်များ ပေါက်ရောက်သည်။

ရှားပါးသတ္တဝါနှင့် ထူးခြားသတ္တဝါများ ပြင်ဆင်ရန်

ရှားပါးသတ္တဝါနှင့် ထူးခြားသတ္တဝါများအဖြစ် မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် အောက်ပါတောရိုင်းသတ္တဝါများ ရှိသည်။

ထင်ရှားသော စေတီပုထိုးများ ပြင်ဆင်ရန်

နွားထိုးကြီးမြို့ ရှင်ပင်သာထွန်းဦးမြတ်စွာဘုရား၊ ပုဂံခေတ် ရှင်အရဟံ သိမ်သမုဒ်ခဲ့သည့် ရှင်အရဟံသိမ်များအနက်မှ မကျီးကန်သိမ်၊ တပါယ်သိမ်၊ မလည်သိမ်၊ တစိုးဒါန်းတိုင် ဘုန်းတော်ကြီးကျောင်းတို့ ရှိသည်။

အထွေအထွေ ပြင်ဆင်ရန်

မြင်းခြံ-မန္တလေး ကားလမ်းမနှင့် ပုဂံ-မြို့သာ-မန္တလေး မီးရထားလမ်းပေါ်တွင် တည်ရှိပြီး မြင်းခြံမြို့မှ အရှေ့ဘက် ၁၉ မိုင်ကွာဝေးသည်။ အဓိက စိုက်ပျိုးသီးနှံများမှာ ဝါဂွမ်း၊ ထန်းနှင့် ပဲအမျိုးမျိုးဖြစ်သည်။ ယခုအခါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နွားထိုးကြီးမြို့၏ အရှေ့ဘက် ပြင်စည်ကျေးရွာအနီးမှ ဖြတ်သန်းဖောက်လုပ်ထားသည်။ ခရိုင်ချင်းဆက်လမ်းမှ တစ်ဆင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက်ရောက်ရှိနိုင်သည်။ နွားထိုးကြီးမြို့၏ အထင်ရှားဆုံးသော တန်ခိုးကြီးဘုရားဖြစ်သော ရှင်ပင်သာထွန်းဦးဘုရား ၏ ဘုရားပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၁) ရက်နေ့မှ တန်ပို့တွဲလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ပျူတပ်မြို့ (၉)မြို့ အနက်မှ ဝတီးမြို့ဟောင်း(စတီးဟုလည်း ခေါ်ကြသည်။)သည် နွားထိုးကြီးမြို့၏ အရှေ့တောင်ဘက် တွင် တည်ရှိသည်။ ယခုအခါ ရှေးဟောင်းသုတေသန ဌာနမှ မြို့ဟောင်းကို ပြန်လည် တူးဖော်လျက်ရှိသည်။ အဆိုပါဒေသမှ ပျူခေတ် ရှေးဟောင်းပျူပုတီး/ချင်းပုတီး များ တူးဖော် တွေ့ရှိရသည်။ ယခုအခါ ဒေသခံပြည်သူများမှ ဆက်လက်ထုတ်လုက်လျက်ရှိကြသည်ကို တွေ့ရှိရသည်။

ကိုးကား ပြင်ဆင်ရန်