နွိုင်ဘိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်

နွိုင်ဘိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်(IATA: HAN, ICAO: VVNB) (ဗီယက်နမ်: Sân bay Quốc tế Nội Bài) သည် ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းမြို့တွင် တည်ရှိသည်။ ဗီယက်နမ်နိုင်ငံ၏ အကျယ်ဆုံး လေဆိပ်ဖြစ်ပြီး တန်ဆွန်းညက် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြီးလျှင် ဒုတိယအလုပ်အများဆုံး လေဆိပ်ဖြစ်သည်။ လေဆိပ် အဆောက်အဦး (၂) ခု တည်ဆောက်ထားပြီး လေဆိပ်အဆောက်အဦး (၁) သည် ပြည်တွင်းခရီးစဉ်များအတွက် ဖြစ်ပြီး လေဆိပ်အဆောက်အဦး (၂) သည် ပြည်ပ ခရီးစဉ်များအတွက် ဖြစ်သည်။  ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အလံတင် လေကြောင်းလိုင်းဖြစ်သော ဗီယက်နမ် လေကြောင်းလိုင်း ၏ အဓိကအခြေစိုက်ရာ လေဆိပ်ဖြစ်သည်။ တန်ဖိုးနည်း လေကြောင်းလိုင်းများဖြစ်သောဗီယက်ဂျက် လေကြောင်းလိုင်း နှင့် ဂျက်စတား ပစိဖိတ် လေကြောင်းလိုင်းတို့၏ အခြေစိုက်ကွင်း ဖြစ်သည်။

လေဆိပ်သည် ဟနွိုင်းမြို့လည်မှ အရှေ့မြောက်ဘက် ၃၅ ကီလိုမီတာ (၂၁ မိုင်) အကွာတွင် တည်ရှိသည်။ ၂၀၁၃ ခုနှစ်တွင် ဝန်ဆောင်မှုပေးနိုင်သော ခရီးသည် ၉ သန်းသာ ရှိသော်လည်း ကျော်လွန်၍ ခရီးသည် ၁၃ သန်း ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ လေဆိပ်အဆောက်အဦးအသစ် ကို တည်ဆောက်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ခရီးသည် လေယာဉ်စတင်ဆင်းသက်ခဲ့သည်။  ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အပြည့်အဝ လည်ပတ်ခဲ့ကာ တစ်နှစ်လျှင်ခရီးသည် ၁၉ သန်းအထိ ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။

သမိုင်း ပြင်ဆင်ရန်

လေဆိပ်ကို ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ လေဆိပ်အဆောက်အဦး (၁) ကို ၂၀၀၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

၂၀၀၅ ခုနှစ် အတွင်းတွင် တိုက်ဂါး လေကြောင်းလိုင်းသည် စင်ကာပူ နှင့် ဟနွိုင်း အကြား တစ်ပတ်လျှင် ၃ ကြိမ် ပျံသန်းမည့်ခရီးစဉ်ကို ကြေညာခဲ့သည်။ အဆိုပါ တိုက်ဂါး လေကြောင်းလိုင်းသည် ဗီယက်နမ် နိုင်ငံတွင် ပထမဦးဆုံး စတင်ပျံသန်းသည့် တန်ဖိုးနည်း လေကြောင်းလိုင်း ဖြစ်လာသည်။ အဲအေးရှား လေကြောင်းလိုင်းက ဟနွိုင်း - ဘန်ကောက် - ကွာလာလမ်ပူ အကြား ပျံသန်းကာ ဒုတိယမြောက် တန်ဖိုးနည်း လေကြောင်းလိုင်း ဖြစ်လာခဲ့သည်။

ဒုတိယ လေယာဉ်ပြေးလမ်း (1B – 11R/29L) ကို ၂၀၀၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ဗီယက်နမ် လေကြောင်းလိုင်း သည် Sky Team သို့ ဝင်ရောက်ပြီးနောက် လေဆိပ်သည်လည်း Sky Team ၏ အခြေစိုက်လေဆိပ် ဖြစ်လာခဲ့သည်။


လေဆိပ်အဆောက်ဦး ပြင်ဆင်ရန်

 
လေဆိပ်အဆောက်အဦးအသစ်

လေဆိပ်အဆောက်အဦး (၁) ကို ၂၀၀၁ ခုနှစ်တွင် တည်ဆောက်ပြီးစီးကာ ဖွင့်လှစ်ခဲ့သည်။ လေဆိပ်အဆောက်အဦးကို ၂၀၁၃ ခုနှစ်တွင် တိုးချဲ့ခဲ့ကာ ပြည်တွင်း ပြည်ပ ခရီးစဉ်များအားလုံးကို ဝန်ဆောင်မှုပေးခဲ့သည်။ တစ်နှစ်လျှင် ခရီးသည် ၉ သန်း ကို ဝန်ဆောင်မှုပေးနိုင်သည်။ သို့သော် တိုးတက်လာသော ခရီးသည် အရေအတွက်မျာအရ လေဆိပ်အဆောက်အဦး (၂) ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ တွင် ဖွင့်လှစ်ခဲ့သည်။ လေဆိပ်အဆောက်အဦး (၂) ကို ပြည်ပ ခရီးစဉ်များအတွက် အသုံးပြုပြီး လေဆိပ်အဆောက်အဦး (၁) တွင် ပြည်တွင်းခရီးစဉ်များ အတွက်သာ အသုံးပြုတော့သည်။ တစ်နှစ်လျှင် ခရီးသည် ၁၀ သန်း ဝန်ဆောင်မှုပေးနိုင်မည့် လေဆိပ်အဆောက်အဦး (၂) ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၆၄၅.၃၅ သန်း ရှိခဲ့ပြီး ဂျပန်နိုင်ငံက ဒေါ်လာ ၅၀၄.၂၇ သန်း ကူညီခဲ့သည်။

၃၈၀၀ ရှည်လျားတဲ့ လေယာဉ်ပြေးလမ်းကို ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် အသစ်တည်ဆောက်ပြီးစီးခဲ့သည်။ လေယာဉ်ပြေးလမ်း အဟောင်းမှ ၃၂၀၀ မီတာ ရှည်လျားသည်။ လေယာဉ်ပြေးလမ်း ၂ ခုအကြား ၂၅၀ မီတာသာ ကွာဝေးသည်။ 

Airlines and destinations ပြင်ဆင်ရန်

ခရီးသည် ပြင်ဆင်ရန်

 
Terminal 1 check-in area
 
Terminal 2 check-in area
 
Aeroflot II-96-300 takeoff at Noi Bai International Airport
 
Vietnam Airlines Airbus A321-200 taxiing at Noi Bai International Airport
 
Lao Airlines ATR 72 at Noi Bai International Airport
လေကြောင်းလိုင်းများပျံသန်းရာနေရာTerminal
Aeroflot Moscow–Sheremetyevo 2
AirAsia ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ 2
Air Macau Macau 2
All Nippon Airways တိုကျို-ဟာနဲ့ဒါ့ 2
Asiana Airlines ဆိုးလ်-အင်ချွန် 2
Cambodia Angkor Air ဖနွမ်းပင်စီရန်ရိဗီယင်ကျန်း 2
Cebu Pacific Manila 2
China Airlines ထိုင်ဝမ်-ထောင်ယွမ် 2
China Eastern Airlines ကူမင်းNanning 2
China Southern Airlines Guangzhou 2
Dragonair ဟောင်ကောင် 2
EVA Air ထိုင်ဝမ်-ထောင်ယွမ် 2
Emirates Dubai–Internationalရန်ကုန် (both begin 3 August 2016)[၁] 2
Hong Kong Airlines ဟောင်ကောင် 2
Japan Airlines တိုကျို-နာရိတ 2
Jeju Air Busanဆိုးလ်-အင်ချွန် 2
Jetstar Pacific Airlines Chu Lai,[၂] Da Lat, Da Nang, ဟိုချီမင်းစီးတီးNha Trang, Phu Quoc, Quy Nhon,[၂] Tuy Hoa, Vinh 1
Jetstar Pacific Airlines ဘန်ကောက်-သုဝဏ္ဏဘူမိဟောင်ကောင် 2
Jin Air ဆိုးလ်-အင်ချွန်[၃] 2
Kenya Airways Nairobi-Jomo Kenyatta 2
Korean Air ဆိုးလ်-အင်ချွန် 2
လာအို လေကြောင်းလိုင်း Luang Prabangဗီယင်ကျန်း 2
မလေးရှား လေကြောင်းလိုင်း ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ 2
Malindo Air ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ (begins 1 September 2016)[၄] 2
Mandarin Airlines Taichung 2
နော့ လေကြောင်းလိုင်း ဘန်ကောက်-ဒွန်မောင်း[၅] 2
Qatar Airways ဘန်ကောက်-သုဝဏ္ဏဘူမိ, Doha 2
ဆစ်အဲ လေကြောင်းလိုင်း စင်ကာပူ 2
စင်ကာပူ လေကြောင်းလိုင်း စင်ကာပူ 2
Sky Angkor Airlines စီရန်ရိ 2
ထိုင်းအဲအေးရှား လေကြောင်းလိုင်း ဘန်ကောက်-ဒွန်မောင်း 2
Thai Airways ဘန်ကောက်-သုဝဏ္ဏဘူမိ 2
Tigerair စင်ကာပူ 2
Turkish Airlines Istanbul–Atatürk 2
ဗီယက်ဂျက် လေကြောင်းလိုင်း Buon Ma Thuot, Can Tho, Chu Lai, Da Lat, Da Nang, ဟိုချီမင်းစီးတီးNha Trang, Phu Quoc, Pleiku, Quy Nhon, Tuy Hoa[၆] 1
ဗီယက်ဂျက် လေကြောင်းလိုင်း ဘန်ကောက်-သုဝဏ္ဏဘူမိဆိုးလ်-အင်ချွန်ထိုင်ဝမ်-ထောင်ယွမ် 2
Vietnam Airlines Buon Ma Thuot, Chu Lai, Da Lat, Da Nang, Dien Bien Phu, ဒေါင်ဟွိုင်းဟိုချီမင်းစီးတီးHue, Nha Trang, Phu Quoc, Pleiku, Quy Nhon, Tuy Hoa, Vinh 1
Vietnam Airlines ဘန်ကောက်-သုဝဏ္ဏဘူမိပေကျင်း-မြို့တော်Busan, Frankfurt, Fukuoka, Guangzhou, ဟောင်ကောင်, Kaohsiung, ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာလန်ဒန်-ဟိသ်ရိုးLuang Prabang, Moscow–Domodedovo, Nagoya–Centrair, Osaka–Kansai, Paris–Charles de Gaulle, ဆိုးလ်-အင်ချွန်ရှန်ဟိုင်း-ဖူတုန်းစီရန်ရိစင်ကာပူထိုင်ဝမ်-ထောင်ယွမ်တိုကျို-ဟာနဲ့ဒါ့တိုကျို-နာရိတဗီယင်ကျန်းရန်ကုန် 2
 
လေဆိပ်အဆောက်အဦး ၁ Check-in ဧရိယာ
 
လေဆိပ်အဆောက်အဦး ၂ Check-in ဧရိယာ
 
Aeroflot II-96-300 takeoff at Noi Bai International Airport
 
Vietnam Airlines Airbus A321-200 taxiing at Noi Bai International Airport
 
Lao Airlines ATR 72 at Noi Bai International Airport

ကိုးကား ပြင်ဆင်ရန်

  1. "Emirates Adds Yangon / Hanoi Service from August 2016". Airline Route. 25 February 2016. Retrieved 25 February 2016.
  2. ၂.၀ ၂.၁ Jetstar Pacific Adds New Domestic Routes from June 2016။ airlineroute။ 2 May 2016 တွင် ပြန်စစ်ပြီး။
  3. Korean/Jin Air Expand Hanoi။ Airline Route။ 4 October 2015 တွင် ပြန်စစ်ပြီး။
  4. Malindo Air Outlines New International Routes Aug - Oct 2016။ routesonline။ 14 July 2016 တွင် ပြန်စစ်ပြီး။
  5. Nok Air to fly to Hanoi။ TTR Weekly။ 2 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 September 2015 တွင် ပြန်စစ်ပြီး။
  6. Vietjet Air Adds New Domestic Routes from May 2016။ airlineroute။ 28 April 2016 တွင် ပြန်စစ်ပြီး။