နှင်းခဲ(frost)ဆိုသည်မှာ ရေခဲမှတ်ထက်မြင့်သော ပတ်ဝန်းကျင် ရေငွေ့မှ ရေခဲမှတ်ထက်နိမ့်သော မျက်နှာပြင်အမာနှင့် ထိတွေ့သောအခါ၌ ဖြစ်ပေါ်လာသော ရေခဲပြင်အပါးကို ခေါ်သည်။[၁][၂] ဤသို့ဖြစ်ပေါ်ရာတွင် အငွေ့ (Gas)အဆင့်ဖြစ်သော ရေငွေ့မှ အစိုင်အခဲ (Solid)အဆင့်ဖြစ်သော ရေခဲအဖြစ်သို့ ဓာတုအဆင့်ပြောင်းလဲခြင်း (Phase transition)ဖြစ်သွားခဲ့သည်။ သမပိုင်းဒေသများတွင် နှင်းခဲများကို မြေပြင်အနီးရှိ မျက်နှာပြင်များတွင် ကျိုးပျက်လွယ်သော အဖြူရောင်ပုံဆောင်ခဲများအဖြစ် အများအားဖြင့် တွေ့ရသည်။ ပိုအေးသောဒေသများတွင်မူ ပုံစံအမျိုးမျိုးကိုတွေ့ရှိနိုင်သည်။[၃]

မြက်ခင်းပြင်တစ်ခုအပေါ်၌ ရေခဲမှတ်ထက်နိမ့်သော အရိပ်ကျနေသောနေရာတွင် တွေ့ရသော ပုံဆောင်ခဲပုံရှိ နှင်းခဲပြင် (အပြာရောင်၊ ပုံညာဘက်အောက်ပိုင်း)၊ မကြာသေးမီက နေရောင်ထိတွေ့ခဲ့သဖြင့် နွေးနေသော်လည်း ရေခဲမှတ်ထက်နိမ့်နေသေးသော နှင်းခဲပြင်တစ်ကြောင်း (အဖြူရောင်၊ ပုံအလယ်ပိုင်း)၊ နေနှင့်ကြာကြာ ထိတွေ့ပြီး နှင်းခဲများအရည်ပျော် ကင်းစင်သွားပြီး မြက်ခင်းပြန်ပေါ်လာသောနေရာ (အစိမ်းရောင်၊ ပုံဘယ်ဘက်အပေါ်ပိုင်း)

ကိုးကား ပြင်ဆင်ရန်

  1. Frost – Definition of frost by Merriam-Webstermerriam-webster.com။ 2015-05-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. What causes frost?။ 2007-12-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-12-05 တွင် ပြန်စစ်ပြီး။
  3. John E. Oliver (1 January 2005)။ The Encyclopedia of World ClimatologySpringer Science & Business Media။ pp. 382–။ ISBN 978-1-4020-3264-6။ 8 May 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး