နှုတ်သီးရှည်ဝက်ဝံ (Ursus ursinus =Melursus ursinus) ကို စလော့တ်ဝက်ဝံ (Sloth bear) ဟုလည်း ခေါ်ဆိုလေ့ ရှိကြသည်။ အိန္ဒိယတိုက်တွင် တွေ့ရလေ့ရှိပြီး ညဘက်တွင် ကျင်လည်ကျက်စားကာ အင်းဆက်များကို စားသုံးလေ့ ရှိသည်။ သီရိလင်္ကာတွင် တွေ့ရသော ဝက်ဝံများကို မျိုးစိတ်တစ်ခု အဖြစ် သတ်မှတ်ထားကြသည်။ ဝက်ဝံညို ဝက်ဝံနက်များနှင့် မတူပဲ နှုတ်ခမ်းရှည် ဝက်ဝံများမှာ ပိန်⁠ပိန်ရှည်ရှည် ဖြစ်ပြီး မျက်နှာတဝိုက်တွင် လည်ဆံမွေး ကဲ့သို့သော အမွေးများ ရှိသည်။ တံစဉ်းနှင့်တူသော ရှည်လျားသည့် လက်သည်းများရှိပြီး အင်းဆက်များကို စုပ်ယူစားသုံးနိုင်သည့် ထူးခြားသည့် နှုတ်ခမ်း ပုံသဏ္ဌန်ရှိသည်။ နှုတ်ခမ်းရှည်ဝက်ဝံများသည် နွေဦးရာသီနှင့် နွေရာသီ အစောပိုင်းတွင် သန္ဓေယူလေ့ ရှိပြီး ဆောင်းရာသီ မစမီ အချိန်တွင် မွေးဖွားလေ့ ရှိကြသည်။ ခြများ၊ ပျားများ၊ သစ်သီးများကို စားသုံးလေ့ ရှိကြသည်။ သူတို့၏ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော လူများကို တိုက်ခိုက်လေ့ ရှိကြသည်။ သမိုင်းကြောင်းအားဖြင့် လူတို့သည် သူတို့နေထိုင်ကျက်စားရာ နေရာများကို ပျက်စီးစေပြီး သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ လက်သည်းများကို ရယူရန်နှင့် စားသုံးရန် အတွက် သတ်ဖြတ်ခဲ့ကြသည်။ ဤဝက်ဝံမျိုးသည် ယဉ်ပါးစေရန် လွယ်ကူသဖြင့် ဖျော်ဖြေရေး အတွက်လည်း အသုံးချလေ့ ရှိကြသည်။

Sloth bear
Temporal range: Late Pliocene to Early Pleistocene – Recent
Francois [၁] a sloth bear in captivity at the Smithsonian National Zoological Park, Washington, DC.
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
Ursus
မျိုးစိတ်:
U. ursinus
ဒွိနာမ
Ursus ursinus
(Shaw, 1791)
Sloth bear range
(green – extant, black – former)
Synonyms
  • Melursus ursinus Shaw, 1791
  • Melursus lybius Meyer, 1793
  • Bradypus ursinus Shaw, 1791


Sloth bear

ကိုးကား ပြင်ဆင်ရန်

  1. Sloth Bears Archived 18 September 2011 at the Wayback Machine.. Smithonian National Zoological Park
  2. Garshelis, D.L., Ratnayeke S. & Chauhan, N.P.S. (2008). Melursus ursinus. In: IUCN 2008. IUCN Red List of Threatened Species. Retrieved 26 January 2009.Listed as Vulnerable (VU A2cd+4cd, C1 v3.1)