ပက်စီ (အင်္ဂလိပ်: Pepsi၊ ယခင်က PEPSI ဟု စာလုံးအကြီးဖြင့် ပေါင်းခဲ့၊ လက်ရှိ pepsi ဟု စာလုံးပေါင်းနေ၊ မြန်မာလို ပက်ဆီ ဟုလည်း စာလုံးပေါင်းကြ) သည် ပက်စီကိုကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူးသော နာမည်ကြီး ကိုလာအချိုရည်တစ်မျိုး ဖြစ်သည်။ မူလက ၁၈၉၃ ခုနှစ်တွင် ဘရတ်ဒ်၏အအေး ဟူသော အမည်ဖြင့် စတင်ဖန်တီးထုတ်လုပ်ခဲ့ပြီး ၁၈၉၈ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် ပက်စီ-ကိုလာ ဟု အမည်ပြောင်းခဲ့၍၊ ထို့နောက် ၁၉၆၁ ခုနှစ်တွင် ပက်စီ ဟု အမည်ပြောင်းခဲ့ပြန်သည်။ ၂၀၁၄ ခုနှစ်က မှတ်တမ်းများအရ ပက်စီအချိုရည်သည် မြောက်အမေရိကား၌ ပက်စီကိုလာ ဟူသောအမည်ဖြင့် လူသိများသည်။[၁]

ပက်စီ
Pepsi
အမျိုးအစားကိုလာအချိုရည်
ထုတ်လုပ်သူပက်စီကိုကုမ္ပဏီ
မူရင်းထုတ်လုပ်သည့်နိုင်ငံအမေရိကန်ပြည်ထောင်စု
စတင်ရောင်းချသည့်နေ့၁၈၉၃ (ဘရတ်ဒ်၏ အအေး အမည်ဖြင့်)
၁၈၉၈ (ပက်စီကိုလာ အမည်ဖြင့်)
၁၉၆၁ (ပက်စီ အမည်ဖြင့်)
အရောင်အဆင်းမီးဖုတ်သကြားရောင်
မူကွဲများပုံမှန် ပက်စီ
ပက်စီ ဝိုင်းလ် ချယ်ရီ
သလင်းကျောက် ပက်စီ
ကဖီးန် ဖရီး ပက်စီ
သကြားအစစ် ပက်စီကိုလာ
ပက်စီ သစ်ခွ
သကြားလုံးဝမပါ ပက်စီ
ပက်စီ နိတ်ရှ်
ဆက်စပ်ထုတ်ကုန်ကိုကာကိုလာ
အာစီ ကိုလာ
ဝက်ဘ်ဆိုဒ်pepsi.com

သမိုင်းကြောင်း ပြင်ဆင်ရန်

ပက်စီအချိုရည်ကို ၁၈၉၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားရှိ နယူးဘန်းမြို့တွင် ကလက်ဘ် ဘရတ်ဒ်ဟမ် က သူ၏ အရောင်းဆိုင်လေးတွင် ဘရတ်ဒ်၏အအေး ဟူသော အမည်ဖြင့် စတင်ပြုလုပ်ရောင်းချခဲ့ခြင်းဖြစ်သည်။

 
၂၅၆ အလယ်လမ်း၊ နယူးဘန်းမြို့၊ မြောက်ကာရိုလိုင်းနားရှိ အမှတ်တရ သတ္တုပြားတစ်ခု

ကြော်ငြာဆောင်ပုဒ်များ ပြင်ဆင်ရန်

 
၁၉၁၉ ခုနှစ်က သတင်းစာပါ ပက်စီကိုလာ ကြော်ငြာ

အောက်ပါ ကြော်ငြာဆောင်ပုဒ်များမှာ ပက်စီ အချိုရည်၏ လက်ရှိအချိန်အထိ အသုံးပြုနေဆဲ ကြော်ငြာဆောင်ပုဒ်များ ဖြစ်သည်။

အမေရိကန် ကြော်ငြာဆောင်ပုဒ်များ ပြင်ဆင်ရန်

  • ၂၀၀၈ ခုနှစ်မှ လက်ရှိအထိ - လူတိုင်းအတွက် တစ်ခုခု (Something for Everyone)
  • ၂၀၀၉ ခုနှစ်မှ လက်ရှိအထိ - အရာရာကို အားသစ်တိုး လန်းဆန်းစေမယ် / မျိုးဆက်တိုင်းက ကမ္ဘာကြီးကို အားသစ်တိုး လန်းဆန်းစေ (Refresh Everything / Every Generation Refreshes the World)
  • ၂၀၁၀ ခုနှစ်မှ လက်ရှိအထိ - ပက်စီအချိုရည်တိုင်းဟာ ကမ္ဘာကြီးကို အားသစ်တိုး လန်းဆန်းစေတယ် (Every Pepsi Refreshes the World)
  • ၂၀၁၁ ခုနှစ်မှ လက်ရှိအထိ - နွေရာသီအချိန်ဟာ ပက်စီအချိန် (Summer Time is Pepsi Time)
  • ၂၀၁၁ ခုနှစ်မှ လက်ရှိအထိ - ကာရိုလိုင်းနားမှာ မွေးသည် (Born in the Carolinas)
  • ၂၀၁၅ ခုနှစ်မှ လက်ရှိအထိ - ပက်စီကိုလာရဲ့ ပျော်ရွှင်မှု (The Joy of Pepsi-Cola)

နိုင်ငံတကာ ကြော်ငြာဆောင်ပုဒ်များ ပြင်ဆင်ရန်

  • ၂၀၀၀ ခုနှစ်မှ လက်ရှိအထိ - (ဟင်ဒီ ဘာသာစကားဖြင့်) ရေဆာမှုတွေ အများကြီး ရှိတယ် (အိန္ဒိယ)
  • ၂၀၀၉ ခုနှစ်မှ လက်ရှိအထိ - (ဟင်ဒီ ဘာသာစကားဖြင့်) ဒါဟာ ငါတို့ရဲ့ ငယ်ရွယ်နုပျိုတဲ့ နိုင်ငံပါ၊ အချစ်ရေ (အိန္ဒိယ)
  • ၂၀၀၉ ခုနှစ်မှ လက်ရှိအထိ - ကျွန်ုပ်ရဲ့ ပက်စီ၊ ကျွန်ုပ်ရဲ့ နည်းလမ်း (အိန္ဒိယ)
  • ၂၀၀၉ ခုနှစ်မှ လက်ရှိအထိ - (စပိန် ဘာသာစကားဖြင့်) သင့်ရဲ့ ကမ္ဘာကို အားသစ်တိုး လန်းဆန်းစေလိုက်ပါ (စပိန်စကားပြောသော လက်တင်အမေရိကားရှိ နိုင်ငံများ)
  • ၂၀၁၀ ခုနှစ်မှ လက်ရှိအထိ - အဲ့ဒါက ကောင်းမွန်နိုင်တယ်၊ အဲ့ဒါက အရမ်းကောင်းနိုင်တယ်၊ အဲ့ဒါ ပက်စီ ဖြစ်နိုင်တယ် (ဘရာဇီး နှင့် ပေါ်တူဂီ)
  • ၂၀၁၁ ခုနှစ်မှ လက်ရှိအထိ - ကစားနည်းကို ပြောင်းလိုက်ပါ (အိန္ဒိယဘင်္ဂလားဒေ့ရှ် နှင့် ပါကစ္စတန် နိုင်ငံတို့က ၂၀၁၁ ခုနှစ် ခရစ်ကတ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး အတွက်)
  • ၂၀၁၁ ခုနှစ်မှ လက်ရှိအထိ - (Québec ဘာသာစကားဖြင့်) ဒီမှာလေ၊ အဲ့ဒါ ပက်စီ
  • ၂၀၁၁ ခုနှစ်မှ လက်ရှိအထိ - သွားပါ နိတ်ရှ် ! (ဂျပန်နိုင်ငံက ပက်စီနိတ်ရှ် အတွက်)
  • ၂၀၁၃ ခုနှစ်မှ လက်ရှိအထိ - (ဟေဗြဲဘာသာစကားဖြင့်) အကောင်းဆုံးသော မိသားစုတွေမှာ အဆင်ပြေပြေ သင့်သင့်တော်တော် (အစ္စရေး)
  • ၂၀၁၃ ခုနှစ်မှ လက်ရှိအထိ - (ဟင်ဒီ ဘာသာစကားဖြင့်) အို... ဟုတ်ပြီ၊ အခုပဲ (အိန္ဒိယ)
  • ၂၀၁၃ ခုနှစ်မှ လက်ရှိအထိ - (အာရပ် ဘာသာစကားဖြင့်) အခု သွားစို့ (အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက)
  • ၂၀၁၅ ခုနှစ်မှ လက်ရှိအထိ - အခုပဲ အဲ့ဒါကို အသက်ရှင် နေထိုင်ခိုင်းလိုက်ပါ (အိန္ဒိယ) (ပါကစ္စတန် တွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၆ အထိ)
  • ၂၀၁၅ ခုနှစ်မှ လက်ရှိအထိ - သင်ရဲ့ နေ့ရက်ပဲ (ဖိလစ်ပိုင်)
  • ၂၀၁၆ ခုနှစ်မှ လက်ရှိအထိ - (အင်ဒိုနီးရှား ဘာသာစကားဖြင့်) ပိုကောင်းတဲ့ ရွေးချယ်မှု (အင်ဒိုနီးရှား)
  • ၂၀၁၆ ခုနှစ်မှ လက်ရှိအထိ - အစားအစာများ ပြောင်းလဲကာ စိတ်လှုပ်ရှား (ပါကစ္စတန်)

ကမ္ဘာလုံးဆိုင်ရာ ကြော်ငြာဆောင်ပုဒ် ပြင်ဆင်ရန်

  • ၂၀၁၅ ခုနှစ်မှ လက်ရှိအထိ - အတိတ်ကို ပွေ့ဖက်ထားပါ၊ ဒါပေမဲ့ လက်ရှိအတွက် ရှင်သန်နေထိုင်ပါ

ရုပ်မြင်သံကြား ရုပ်သံလိုင်းများ ပြင်ဆင်ရန်

  • Pepsi MTV Indies

ကိုးကား ပြင်ဆင်ရန်

  1. The History of Pepsi-Cola, Soda Museum, LLC