ပင်လယ်ရေခူ

ပျော့​သောကိုယ်ခန္ဓာရှိသည့် ကျောရိုးမဲ့​ ရေ​နေသတ္တဝါ

ရခိုင်ကမ်းရိုးတန်းနှင့်မြိတ်ဒေသမှ ထွက်ရှိသော ပင်လယ်ရေခူသည် မြန်မာ့ ဈေးကွက်တွင် သာမက နိုင်ငံခြား ဈေးကွက် တွင်လည်း မျက်နှာပန်း လှလျက် ရှိသော ရေထွက်ပစ္စည်း တစ်မျိုး ဖြစ်သည်။ ရေခူဖမ်းရာတွင် ချိတ် တစ်ချောင်း၊ လှေတစ်စင်း ရှိရုံဖြင့် ဖမ်းဆီး နိုင်သည် ဖြစ်ရာ အရင်းအနှီး နည်းပြီး အကျိုးအမြတ် များသော ကြောင့် ရေခူ ဖမ်းဆီးမှုကို ရေလုပ်သားများ အလွန် သဘောကျ ကြသည်။

ပင်လယ်ရေခူ
(Jellyfish)
Pacific sea nettle ("Chrysaora fuscescens")
Pacific sea nettle (Chrysaora fuscescens)
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်းဤအမျိုးအစားခွဲခြားခြင်းကို ပြင်ဆင်ရန်
လောက: Animalia
မျိုးပေါင်းစု: Cnidaria
မျိုးပေါင်းစုသေး: Medusozoa
အုပ်စုများ ပါဝင်သည်
Cladistically included but traditionally excluded taxa
ပင်လယ်ရေခူ

ရေခူအမျိုးအစားများ ပြင်ဆင်ရန်

မြိတ်ကျွန်းစုနှင့်ရခိုင်ကမ်းရိုးတန်းတစ်ဝိုက်တွင် တွေ့ရှိရသော ရေခူ အမျိုးအစားမှာ များပြားလှသည်။ ရေနွေးဖျောရုံနှင့် တို့စရာအဖြစ် စားသုံးရသော စိမ်းစားခူခေါ် ခူဖန်ခွက်၊ တရုတ်ကာကွေးမုန့်နှင့် အလွန်တူသော ခူကာကွေး၊ အညိုရောင်ခေါင်းတွင် ရောင်စုံ အစက်အပြောက်များ ပါရှိသော ခူညို၊ ၎င်းကဲ့သို့ အနီရောင်ခေါင်းနှင့် ခူနီ၊ မုန့်ဖလောင်း (မုန့်လက်ဆောင်း) ကောင်လေးများနှင့် အလွန်တူသော ခူဖလောင်း၊ ခူမျှော့၊ ခေါင်းပိုင်း ပျော့တွဲတွဲနှင့် အမြီးရှည်လျား စေးပျစ်ပြီး ပိုက်တန်းများကို ဝင်တိုးမိလျှင် ရှင်းထုတ်၍ မကုန်နိုင်လောက်အောင် စေးကပ်လှ သောကြောင့် ရေလုပ်သားများ အလွန် စိတ်ညစ်ကြ ရသည့် ခူထမင်းပြုတ် စသည်ဖြင့် အမျိုးအမည် များပြား လှသည်။

အန္တရာယ် ပေးနိုင်သော ခူများ ပြင်ဆင်ရန်

အမျိုးအမည်များပြားလှသော ရေခူများထဲတွင် ရေလုပ်သားများအား အန္တရာယ်ပေးနိုင်သော အဆိပ်အတောက် ပြင်းသည့် ရေခူနှစ်မျိုးမှာ ခူထောင်း နှင့် ခူမီး ခေါ် ခူမီးတောက် တို့ဖြစ်သည်။ ခူထောင်း ၏ ခေါင်းပိုင်းသည် ပန်ကန်းလုံးကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး ရှည်လျားသည့် အမြီးတန်း ပါရှိသည်။ အကြီးဆုံး အရွယ်အစားမှာ လက်သီးဆုပ်ခန့်ရှိ၍ အမြီးမှာ နှစ်တောင်မှ သုံးတောင်ခန့် အထိ ရှိသည်။ ထိုခူထောင်း၏ ခေါင်းပိုင်းနှင့် ထိ၍ မည်သို့မျှ မဖြစ်သော်လည်း အဆိပ်ရှိသည့် အပြီးပိုင်းနှင့် ထိလျှင်မူ မခံမရပ်နိုင်လောက်အောင် ဆိုးဝါးသော ယားယံမှုကို ခံစားရသည်။

အချိန်မီ မကုသလျှင် သုံးနာရီမှ ခြောက်နာရီလောက် အထိ ယားယံနေတတ်ပြီး နှစ်ရက်အကြာ ထိုနေရာမှ အနာများ ပေါက်လာတတ်သည်။ ထိုအနာများအား ကုသရန် ခက်ခဲ၍ ပျောက်ကင်းသွား သည့်တိုင် အမာရွတ်နေရာများသည် မူလ အရေပြားအတိုင်း ပြန်လည် မချောမွေ့တော့ပါ။

ခူထောင်း၏ အမြီး၊ သို့မဟုတ် အမြီးမျှ ထွက်သော အရည်သည် မျက်လုံးထဲသို့ ဝင်ပါက အလွန်ဆိုးဝါးသည့် ဝေဒနာကို ခံစားရမည် ဖြစ်ပြီး မိနစ်သုံးဆယ်အတွင် ကြံရည်ဖြင့် မျက်လုံးကို မဆေးကြောလျှင် မျက်လုံးကန်မည် ဖြစ်သည်။

ခူထောင်းထက် ပိုအန္တရာယ်ကြီးသည်မှာ ခူမီး ခေါ် ခူမီးတောက် ဖြစ်သည်။ ခူမီး၏ ဦးခေါင်းသည် ရှစ်မြောက် ဖန်ခွက်ပုံသဏ္ဍန် ရှိတတ်သလို ဘောလုံးကဲ့သို့ လုံးဝန်သော ပုံသဏ္ဌာန်လည်း ရှိသည်။ အရွယ်အစားမှာ အထက် ဖော်ပြပါ ခူထောင်းခန့်သာ ရှိသော်လည်း အမြီးတန်းမှာ တစ်လံကျော်သည်အထိ ရှည်လျား တတ်သည်။ ခူမီးသည် ရှစ်မြောက်ခွက်ပုံ ကြည်လင်သော ဦးခေါင်း၊ ငါးမြီးခွပုံခြေနှင့် ထိုမှထွက်သော ပန်းနုရောင် အမြီးတန်း ရှစ်ပင်ဖြင့် လွန်စွာလှပပေသည်။ ထိုကဲ့သို့ လှပသလောက် အန္တရာယ်လည်း အလွန်များ သည်။

ခူမီး၏ အပြီးတန်းနှင့် ရစ်ပတ်ခြင်း ခံရပါက ယားယံခြင်း အပြင် ဆိုးဝါးသော ပူလောင်မှုကိုပါ ခံစားရမည် ဖြစ်သည်။ ထိုနောက် မီးလောင်သကဲ့သို့ အဖုအပိန့်များ ပေါက်၍ ထိုမှ တဆင့် အနာဖြစ်ကာ ယင်းအနာမှ တဆင့် ကြွက်သားများ ပျက်စီးခြင်း၊ အကြောများ ရှုံတွ၍ လက်ချောင်း ခြေချောင်းများ ကွေးကောက်ခြင်း စသည်ဖြင့် ခံစားရမည် ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

[၁]