Jimsonweed
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Solanales
မျိုးရင်း: Solanaceae
မျိုးဇာတ်: Datureae
မျိုးစု: Datura
မျိုးစိတ်:
D. stramonium
ဒွိနာမ
Datura stramonium
Synonyms[၁]

ပုံသဏ္ဌာန် : အပင် - နှစ်ရှည်ခံ အပင်ငယ် မျိုးဖြစ်၏။ ၂ ပေ မှ ၃ ပေ ထိ မြင့်၏။ အကိုင်း ပင်စည် နှင့် ရိုးတံ များ ခရမ်းညို ရောင် ရှိ၏။ အကိုင်း ဖြာသည်။ အရွက် - ရွက်လွှဲ ထွက်သည်။ အရင်းပိုင်း ကျယ်ပြီး အဖျားပိုင်း ရှူး၍ ချွန်သွယ် သွားသည်။ ရွက်ရင်း မညီညာ၊ တဖက်တို တဖက်ရှည် ဖြစ်နေ၏။ ရွက်ညှာ ရှည်သည်။ ခရမ်းနု ရောင်ရှိသည်။ ရွက်ကြော ထင်ရှား သည်။ ရွက်နား တွန့်၏။ အပွင့် - ခေါင်းလောင်း ပုံသဏ္ဌာန် ရှိသည်။ အပွင့် ကြီးသည်။ အတွင်းသား ဖြူ၍ အဖျား ခရမ်း ညိုရောင် ရှိသည်။ တစ်ပွင့် ချင်း ပွင့်သည်။ အချို့ အပွင့်များ ၁ ထပ် မှ ၃ ထပ် ထိ တွေ့ရှိရသည်။ ကဆုန်၊ နယုန် လတွင် ပွင့်၏။ အသီး - လုံးချင်း သီးသည်။ အချင်း ၁ ၁/၂ လက်မ- ၂ လက်မ အထိ ရှိသည်။ အသီးပေါ် တွင် ဆူးနု ကလေးများ ရှိသည်။ အစေ့ အနက် ရောင် ရှိ၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်၊ အစေ့၊အမြစ်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ နေရာ အနှံ့အပြားတွင် ပေါက်ရောက်သည်။ သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာ ဆေးကျမ်းများ အလိုအရ ပဒိုင်းညို သည် ခါး၏။ သက်၏။ စူးရှ၏။ ပူ၏။ အားကို တိုးစေ၏။ မူးယစ်စေ တတ်၏။ အဖျား ရောဂါကို ပယ်၏။ နူနာ၊ ပိုးနာ တို့ကို နိုင်၏။ သန်ကို ကျစေ၏။ ကိုယ်ရေပြားရောဂါ၊ မြင်းသရိုက်နာ၊ အဆုတ်ပွရောင်နာတို့ကို ပယ်၏။ လေကို အထူး ပယ်နိုင်၏။

အသုံးပြုပုံ- အရွက် ၁။ အရွက် ကြိတ်ညှစ်ရည် အနည်းငယ်ကို မလိုင်ထုတ်ပြီး နွားနို့နှင့် သောက်ပါက ညောင်းကျ ရောဂါ ပျောက်၏။ ၂။ မိန်းမများ နို့တွင် ဖြစ်သော အပူကြိတ် နှင့် ရောင်ရမ်းခြင်း တို့အတွက် ပဒိုင်းရွက် နှင့် နနွင်းကို ကြိတ်အုံ ပေးသော် ပျောက်၏။ ၃။ ပဒိုင်းရွက် ကို ပါးပါးလှီး နေလှန်းပြီး ဆေးလိပ် ကဲ့သို့ လိပ်၍ သောက်ရှူ သော် လတ်တလော ပန်းနာ ရင်ကျပ် ဝေ‌ဒနာမှ သက်သာ စေ၏။ ၄။ အရွက် ကို မီးကင်၍ ကပ်ပေး ပါက အဆစ်ရောင်ရောဂါ နှင့် အရိုးကိုက် ရောဂါ ပျောက်၏။ ၅။ အရွက် ကို ဆေးပေါ့လိပ် တွင် ထည့်၍ သောက်ခြင်းအားဖြင့် ပန်းနာ ရောဂါကို သက်သာ စေသည်။ အစေ့ ၁။ အစေ့ကို ကြိတ်၍ သွားဖုံးရင်း တွင် အနည်းငယ် ခန့် သိပ်ပေးသော် သွားကိုက်၊ သွားနာခြင်း ရောဂါများ ပျောက်၏။ ၂။ အစေ့ သို့မဟုတ် အမြစ်ကို ကာမ အားတိုးဆေး အဖြစ် သုံး၏။ ၃။ အစေ့မှုန့် ကို နှမ်းဆီတွင် ၇ ရက် စိမ်ပြီး ယင်းဆီဖြင့် ခေါင်းကိုက်၊ မျက်ရိုးကိုက်၊ ခါးကိုက်၊ ဒူလာ ခြေနာ များကို သုတ်လိမ်း၍ အဝတ်ပါးပါး စည်းထားက ပျောက်၏။ ဓမ္မတာ လာစဉ် ကိုက်ခဲခြင်း အတွက်လည်း ဆီးခုံ၌ သုတ်လိမ်း ပေးခြင်းဖြင့် ပျောက်၏။ အမြစ် ၁။ ခွေးရူးပြန် ရောဂါအတွက် ပဒိုင်းမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ တိုက်ပြီး အမဲခြောက် ဖုတ် ကျွေးက ပျောက်၏[၂]

ကိုးကား ပြင်ဆင်ရန်

  1. Datura stramonium L. — The Plant List။ 4 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 June 2020 တွင် ပြန်စစ်ပြီး။
  2. http://arogyamonline.com/commodity/materials/?raw=37[လင့်ခ်သေ]