ပရေးတိုး စည်းမျဉ်း (Pareto Principle) ကို ၈၀-၂၀ စည်းမျဉ်း (80-20 rule) ဟုလည်း လူသိများသည်။ ထိုစည်းမျဉ်းအရ အဖြစ်အပျက် အများအပြားတွင် ၈၀ ရာခိုင်နှုန်းသော အကျိုးတို့သည် ၂၀ ရာခိုင်နှုန်းသော အကြောင်းတို့ကြောင့် ဖြစ်သည်ဟု ဖွင့်ဆိုထားသည်။[၁][၂]

စီးပွားရေး စီမံခန့်ခွဲမှု အကြံပေးပညာရှင် ဂျိုးဆက် အမ် ဂျူရန်က ထိုစည်းမျဉ်းကို အီတလီ စီးပွားရေး ပညာရှင် ဗေဖရက်ဒို ပရေးတိုး၏ နာမည်ကို အစွဲပြု၍ မှည့်ခေါ်ရန် အကြံပြုဆွေးနွေးခဲ့သည်။ ပရေးတိုးသည် ၁၉၀၆ ခုနှစ်တွင် အီတလီနိုင်ငံရှိ ၈၀ ရာခိုင်နှုန်းသော မြေများကို ၂၀ ရာခိုင်နှုန်းသော လူဦးရေ က ပိုင်ဆိုင်ကြောင်း လေ့လာ သိရှိခဲ့သည်။ ထိုစည်းမျဉ်းကို စတင်တွေ့ရှိခဲ့မှုမှာ သူ၏ ဥယျာဉ် အတွင်းရှိ ၂၀ ရာခိုင်နှုန်းသော ပဲခွံများအတွင်း ၈၀ ရာခိုင်နှုန်းသော ပဲများ ရှိနေသည်ကို လေ့လာတွေ့ရှိခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။[၂]

စီးပွားရေးလုပ်ငန်းများတွင် ထိုစည်းမျဉ်းကို ပုံမှန်အားဖြင့် လက်ခံကျင့်သုံးလေ့ ရှိကြသည်။ ဥပမာအားဖြင့် ၈၀ ရာခိုင်နှုန်းသော ရောင်းအားသည် ၂၀ ရာခိုင်နှုန်းသော ဖောက်သည်များထံမှ လာသည် စသည်ဖြင့် ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Bunkley၊ Nick (March 3, 2008)၊ "Joseph Juran, 103, Pioneer in Quality Control, Dies"New York Times
  2. ၂.၀ ၂.၁ What is 80/20 Rule, Pareto’s Law, Pareto Principle၊ 28 January 2013 တွင် မူရင်း အား မော်ကွန်းတင်ပြီး26 June 2011 တွင် ပြန်စစ်ပြီး