ပလူတို (ဒဏ္ဍာရီ)

ဂရိဒဏ္ဍာရီလာ နတ်ဘုရား
ဂြိုဟ်သိမ် အတွက် ပလူတို ကို ကြည့်ပါ။

ပလူတို (Latin: Plūtō; Greek: Πλούτων, Ploútōn) ဂန္ထဝင်ဒဏ္ဍာရီလာ မြေအောက်ကမ္ဘာ၏ အုပ်ချုပ်သူဖြစ်ပြီး ကနဦီး အမည်မှာ ဟေးဒီးစ်ဖြစ်ရာ ယင်းအမည်ကပင် မြေအောက်ကမ္ဘာ၏နာမအဖြစ် အသိများသည်။ ရှေးဂရိ ကိုးကွယ်ယုံကြည်မှု နှင့် ဒဏ္ဍာရီ၌ သေလွန်ပြီးသူများအတွက် စီရင်ဆုံးဖြတ်ပေးသော နတ်ဘုရားအဖြစ် အကောင်းဘက်မှ ဖော်ပြခဲ့သည်။ သတ္တုများကို မြေအောက်မှ ရရှိသောကြောင့်လည်းကောင်း ၊ chthonic နတ်ဘုရား ပလူတိုက သီးနှံစိုက်ပျိုးမှုအတွက် လိုအပ်သော မျိုးစေ့များရှိရာ မြေလွှာကို ပိုင်စိုးသောကြောင့်လည်းကောင်း ၊ ဂရိ ဓနဒေဝ ပလူတို နှင့် ပလူတွန်း အမည်မှာ ရောနှောပေါင်းစပ်သွားသည်။ ပလူတွန်း အသုံးသည် ကျယ်ပြန့်လာခဲ့ရာ Eleusinian လျှို့ဝှက်ဆန်းကြယ်ဇတ်လမ်းများ ၌ တင်းမာခက်ထန်သော အုပ်စိုးသူအဖြစ်သာမက ပစစ်ဖှနီကို ချစ်မြတ်နိုးသော ခင်ပွန်းအဖြစ် ပလူတိုအား အလေးအမြတ် ပြုခဲ့သည်။ ဝိညာဉ်များကို ပိုင်စိုးသူ ဤဒေဝတာမောင်နှံအား ပလူတွန် နှင့် ကိုရေးအဖြစ် ရည်မှန်း၍ ကိုးကွယ်မှုဆိုင်ရာ ရေးထွင်းမှုများတွင် ဆုတောင်းကြသည်။ ဆန့်ကျင်ဘက်အားဖြင့် ဟေးဒီးစ် အမည်နာမကို ဘုရားကျောင်းများနှင့် ဘာသာရေး ကျင့်သုံးမှုများတွင် တွေ့ရှိရပြီး ပစစ်ဖှနီကို အဓမ္မဆောင်ကြဉ်းသူအဖြစ် ပုံဖော်လေ့ရှိသည်။

Pluto
Pluto velificans, with a Cupid attending his abduction of Proserpina in a four-horse chariot (Roman cinerary altar, Antonine Era, 2nd century)
ဘုံဗိမာန်Underworld
သင်္ကေတchariot, helmet, horses, cornucopia
ကိုယ်ရေး အချက်အလက်
မိဘများSaturn and Ops
မွေးချင်းJupiter, Juno, Neptune, Vesta, Ceres
ကြင်ရာတော်Proserpina
ဂရိHades

ပလူတို နှင့် ဟေးဒီးစ်၏ အမူအကျင့်မှာ ခြားနားသော်လည်း သိသိသာသာ ကွဲပြားသည့် ဒဏ္ဍာရီ မရှိပါ။ ဂရိ စကြဝဠာဇဇ်မြစ်လေ့လာမှုတွင် ကမ္ဘာကို သုံးလွှာပိုင်း၍ အချုပ်အခြာအာဏာပိုင်စိုးသမှုပြုရာတွင် ပလူတိုက မြေမဟီလွှာကို အပိုင်ရပြီး ဇုစ်က အာကာအလွှာ နှင့် ပဆိုက်ဒွန်က သီတာအလွှာကို ပိုင်စိုးသည်။ ပစစ်ဖှနီအား အတင်းအဓမ္မဆောင်ကြဉ်းပြီး ၎င်း၏ ဇနီးမယားအဖြစ်လည်းကောင်း ၊ ယောယုဝဧကရီအဖြစ်လည်းကောင်း တင်မြှောက်သည်ဟု ဒဏ္ဍာရီလာ အရေးအသားက မှတ်တမ်းပြုသည်။ အေသင်နီးယန်းပြဇတ်များ နှင့် ဒဿနိကတွေးခေါ်ရှင် ပလေတို ၏ အရေးအသားများ မှတဆင့် ပလူတွန်ကို မြေအောက်ကမ္ဘာအား ပိုင်စိုးသူအဖြစ် ဂန္ထဝင်ကာလ ဂရိစာပေတွင် ပထမဦးစွာ ဖော်ပြခဲ့ကြသည်။ ပလူတိုအမည်အား အခြားဒဏ္ဍာရီများတွင် အော်ဖီးယက်စ် ၊ အခြားသူရဲကောင်းများနှင့် စပ်လျဉ်းပြီး ဒုတိယတန်း၌သာ နေရာပေးခံရသည်။

ပလူတိုသည် ([ˈpluːtoː]; genitive Plūtōnis) ဂရိအမည် ပလူတွန်အား လက်တင်ဘာသာပြုထားခြင်း ဖြစ်သည်။ ပလူတို၏ ရိုမန်ဘာသာဖြင့်အမည်မှာ Dis Pater ဖြစ်ပြီး "သုခပီတု" ဟူသောအဓိပ္ပာယ်ရကာ ပလူတွန်အား တိုက်ရိုက်ပြန်ဆိုထားခြင်း ဖြစ်ဖွယ်ရှိသည်။ ဟေးဒီးစ်ကဲ့သို့ပင် မြေအောက်ကမ္ဘာကို နေရာတခုအဖြစ်နှင့် ယင်းနေရာကို ပိုင်စိုးသူဖြစ်သော မထင်မရှား ရိုမန် အော်ကပ်စ်အနေဖြင့်လည်း ပလူတိုအား ရည်ညွှန်းသည်။ လက်တင်စာပေများတွင် သေလွန်သူများအား အုပ်ချုပ်သူအဖြစ် ပလူတို အမည်နာမကို ဂရိဘာသာမှ ငှားယူသုံးစွဲရာမှ အချို့ဒဏ္ဍာရီလက်ကိုင်စာအုပ်များက ပလူတိုသည် ရိုမန်ဘာသာအရ ဟေးဒီးစ်ကိုယ်နှိုက်ပင် ဖြစ်သည်ဟု မှားယွင်းဖော်ပြမိစေသည်။ ပလူတို (ပြင်သစ်နှင့် ဂျာမန် ဘာသာအရ ပလူတွန် ၊ အီတာလျံ ဘာသာအရ ပလူတိုနီး) သည် နှောင်းတခေတ် အနောက်တိုင်းစာပေနှင့်အခြားအနုပညာလက်ရာများတွင် မြေအောက်ကမ္ဘာကို ပိုင်စိုးသူအဖြစ် အသုံးများသော အမည်ဖြစ်လာသည်။