ပလေးဘွိုင်း သည် အမျိုးသားများအတွက်ထုတ်ဝေသည့် မဂ္ဂဇင်းတစ်ခု ဖြစ်သည်။ မျက်နှာဖုံးအား အဝတ်မဲ့အမျိုးသမီးဓာတ်ပုံဖြင့် တန်ဆာဆင်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းများနှင့် စာနယ်ဇင်းဆိုင်ရာများအား ဖော်ပြလေ့ရှိသည်။

နောက်ခံသမိုင်း ပြင်ဆင်ရန်

၁၉၅၃ ခုနှစ်တွင် ချီကာဂိုမြို့၌ ဟာ့ ဟက်ဖနာ နှင့် အဖွဲ့က စတင်ထုတ်ဝေပြီး မတည်ငွေကို ဟက်ဖနာ၏ မိခင်ဖြစ်သူထံမှာ ဒေါ်လာတစ်ထောင် ချေးယူခဲ့ရသည်။ ယခုအခါ ပလေးဘွိုင်းမဂ္ဂဇင်းမှသည် ပလေးဘွိုင်းအင်တာပရိုက်အဖြစ်သို့ ကြီးထွားသွားပြီ ဖြစ်သည်။ ပလေးဘွိုင်းသည် ကမ္ဘာ့လူသိအများဆုံး တံဆိပ်များအနက် တခုအပါအဝင် ဖြစ်သည်။ မူလက အမေရိကန်၌သာ ထုတ်ဝေခဲ့သော်လည်း နိုင်ငံအလိုက်ထုတ်ဝေသည့် ပလေးဘွိုင်းမဂ္ဂဇင်းများကိုလည်း တွေ့နိုင်သည်။

ပလေးဘွိုင်းသည် ဝတ္ထုတိုဖြန့်ချိခြင်းနှင့်ပတ်သက်၍ ရှည်လျားသောသမိုင်းရှိခဲ့ပြီး အာသာ စီ ကလာ့ခ်၊ အိုင်ယန် ဖလန်းမင်း၊ ဗလာဒီမာ နိုဗိုကော့၊ ချက် ပလာနီယက်၊ ပီ ဂျီ ဝုတ်ဟောက်၊ မာဂရက် အတ်ဝုဒ် စသည့် နာမည်ကြီ: ဝတ္ထုရေးဆရာများ၏ လက်ရာတို့ကို ဖော်ပြခဲ့ဖူးသည်။ ရောင်စုံကာတွန်းကဏ္ဍလည်း ပါဝင်ရာ ဂျက် ကိုး၊ အဲဒန် ဒက်ဒီနီ၊ ဂျူးစ် ဖီလဖာ၊ ရှယ် ဆေးဗားစတိန်း၊ အဲရစ် ဆိုးကူးနှင့် ရိုးလန်း ဘီ ဝီလဆင် ကဲ့သို့သော ကျော်ကြားသည့် ကာတွန်းဆရာများ၏ ပင်တိုင်မဂ္ဂဇင်းတစ်ခု ဖြစ်သည်။

ပလေးဘွိုင်းတွင် လူသိများသည့် အနုပညာရှင်များ၊ စီးပွားရေးသမားများ၊ သီချင်းရေးဆရာ၊ ဒါရိုက်တာ၊ ဂျာနယ်လစ်တို့မှသည် ပြိုင်ကားမောင်းသမားများအထိ မေးမြန်းစူးစမ်းသည့် အင်တာဗျူးကဏ္ဍကိုလည်း လစဉ် ထည့်သွင်းထားသည်။

ထုတ်ဝေခြင်း ပြင်ဆင်ရန်

ရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည့် ပုံနှိပ်မှုမှာ ၁၉၇၂ ခုနှစ် နိုဝင်ဘာလထုတ်မဂ္ဂဇင်းဖြစ်ပြီး (၇ ၁၆၁ ၅၆၁) အုပ် ရောင်းချခဲ့ရသည်။ အမေရိကန် ပညာတတ်အသိုင်းအဝိုင်း၏ လေးပုံတစ်ပုံမှာ ဤမဂ္ဂဇင်းအား လစဉ်ဝယ်ယူလျက်ရှိသည်။

၁၉၇၀ ခုနှစ်တွင် မျက်စိအလင်းမရသူတို့အတွက် ဘရေးနည်းဖြင့် ထုတ်ဝေရာ ဒီနည်းဖြင့်ထုတ်ဝေသည့် ပထမဆုံးမဂ္ဂဇင်း ဖြစ်လာသည်။

ကိုးကား ပြင်ဆင်ရန်