ပါကစ္စတန်နေ့

ပါကစ္စတန်တွင်ဆင်နွှဲသော အမျိုးသားအားလပ်ရက်

နှစ်စဉ် မတ်လ (၂၃)ရက်သည် ပါကစ္စတန်နေ့ ဖြစ်သည်။ အမျိုးသား အားလပ်ရက် အဖြစ် သတ်မှတ်၍ ဆင်နွှဲကြသည်။ လာဟိုးတော်လှန်ရေး အောင်ပွဲ အထိမ်းအမှတ် အဖြစ် ဆင်နွှဲကြခြင်းဖြစ်သည်။ ပါကစ္စတန် ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင် အသက်ဝင်သည့် (၁၉၅၆)ခုနှစ်၊ မတ်လ (၂၃)ရက်ကို သတ်မှတ် ကျင်းပကြသည်။ ပါကစ္စတန်သည် ဗြိတိသျှ လက်အောက်မှ (၁၉၄၇)ခုနှစ်၊ ဩဂုတ်လ (၁၄)ရက်တွင် လွတ်လပ်ရေးရသည်။ (၁၉၅၆)ခုနှစ်၊ မတ်လ (၂၃)ရက်တွင် သမ္မတနိုင်ငံ အဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင် အသက်ဝင်သည်။ ယင်းနောက်တွင် ဗိုလ်ချုပ်ကြီး အယတ်စန်းက စစ်အုပ်ချုပ်ရေး မာရှယ်လော ကြေညာသည်။ ၎င်းစစ်အုပ်ချုပ်ရေး အောက်တွင် ပါကစ္စတန်နေ့ အဖြစ် သတ်မှတ်ရန် ရွေးချယ်ရာ (၁၉၄ဝ)ပြည့်နှစ်၊ မတ်လ(၂၃)ရက်က ဖြစ်ပွားခဲ့သော လာဟိုးတော်လှန်ရေး အောင်ပွဲကို စဉ်းစားမိခဲ့ကြခြင်းဖြစ်သည်။

ပါကစ္စတန်နေ့တွင် တပ်မတော်သားများနှင့် အရပ်သားလူထုပါ အစ္စလမ္မာဘတ်မြို့တွင် ပါဝင်ဆင်နွှဲကြသည်။ ပါကစ္စတန် သမ္မတအိမ်တော်တွင် နံနက်စောစော ကျင်းပသည်။ ခေါင်းဆောင်ကြီးများ ဖြစ်သော မိုဟာမက်အက်ဗောနှင့် မိုဟာမက်အလီဂျင်နက်တို့ကို စုပေါင်းဂါရဝပြုသည်။