ပါထိကဝဂ္ဂ(မြန်မာ: သုတ်ပါထေယျ)သည် ဒီဃနိကာယ်၏ နောက်ဆုံးကျမ်းဖြစ်ပြီး ၎င်းပါဠိတော်၌ ကမ္ဘာဖြစ်ပုံ ပျက်ပုံ အယူအဆများကို အရင်းကျကျ အကျယ်တဝင့် ပြဆိုထားသော အဂ္ဂညသုတ်၊ ဗုဒ္ဓမြတ်စွာ၏ ရုပ်ပုံတော်ကို သရုပ်ဖော်ပြရာဖြစ်သော မဟာပုရိသလက္ခဏာကျမ်းဟု ခေါ်ဆိုထိုက်သည့် လက္ခဏသုတ်တော်ကြီး အစရှိသော သုတ်များပါဝင်သည်။ ထိုလက္ခဏသုတ်တော်တွင် ဘုရားရှင်၏ လက္ခဏာ ၃၂-ပါးအနက် တစ်ပါး တစ်ပါးလျှင် (၁) အကြောင်းကံ၊ (၂) ကံ၏အကျိုး၊ (၃) လက္ခဏာ၊ (၄) လက္ခဏာ၏အကျိုးဟူ၍ လေးမျိုးစီ ပြဆိုထားသဖြင့် ဗုဒ္ဓမြတ်စွာ၏ လက္ခဏာ ၃၂-ပါးကို ကြည်ညို၍ မဆုံးနိုင်အောင် တွေ့ရမည်ဖြစ်သည်။ ဤပါဠိတော်၌ သုတ်ပေါင်း ၁၁-သုတ် ပါဝင်ပေသည်။[၁]

ပါဝင်သော သုတ်တော်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ (သာသနာရေး ဝန်ကြီးဌာန)