ပိုလွန်နာရုဝါ သည် သီရိလင်္ကာနိုင်ငံ မြောက်အလယ်ပိုင်းပြည်နယ် ပိုလွန်နာရုဝါ ခရိုင်ရှိ အဓိကမြို့ ဖြစ်သည်။ ကာဒူးရူးဝယ်လာ ဒေသသည် ပိုလွန်နာရုဝါ မြို့သစ်ဖြစ်ပြီး အခြားသော ပိုလွန်နာရုဝါ ဒေသများသည် ပိုလွန်နာရုဝါပြည်ထောင်၏ တော်ဝင်ရှေးဟောင်းမြို့ အဖြစ်တည်ရှိသည်။

ပိုလွန်နာရုဝါ

Polonnaruwa
ပိုလွန်နာရုဝါ
နိုင်ငံသီရိလင်္ကာ
ပြည်နယ်မြောက်အလယ်ပိုင်းပြည်နယ်
တည်ထောင်ခြင်းအေဒီ ၁၀၇၀ မတိုင်မီ
တရားဝင်အမည်ပိုလွန်နာရုဝါ ရှေးဟောင်းမြို့
အမျိုးအစားယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်းi, iii, vi
ရွေးချယ်ခြင်း၁၉၈၂
ရည်ညွှန်းနံပါတ်201
နိုင်ငံ သီရိလင်္ကာ
ဒေသအာရှ-ပစိဖိတ်

ပိုလွန်နာရုဝါသည် သီရိလင်္ကာရှိ ပြည်ထောင်များတွင် ဒုတိယမြောက် ရှေးအကျဆုံး ဖြစ်သည်။ ပိုလွန်နာရုဝါအား ပထမ ဗီဂျာယာဗာဟု ဘုရင်မှ ခိုလာ ကျူးကျော်သူများကို ၁၀၇၀ တွင် အောင်ပွဲခံ အနိုင်ရပြီးနောက် နိုင်ငံအား ဒေသခံ ခေါင်းဆောင်၏ အောက်တွင် ပြန်လည်စည်းရုံး၍ မြို့တော်အဖြစ် ပထမဦးစွာ ကြေညာခဲ့သည်။

ပိုလွန်နာရုဝါ ရှေးဟောင်းမြို့ အား ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ကြေညာခဲ့သည်။[၁]

ယခုအခါတွင် ပိုလွန်နာရုဝါသည် သမ္မတ မိုင်သရီပလာ ဆီရီဆယ်နာ၏ အကြံအစည်ဖြင့် ပိုလွန်နာရုဝါ ပြန်လည်နိုးထခြင်း အမည်ရသော စီမံကိန်းကြီး တစ်ခုဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်လျက် ရှိသည်။ ထို စီမံကိန်းတွင် ကဏ္ဍပေါင်းစုံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည် ဖြစ်ပြီး လမ်းများ၊ လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ တို့ကို အားလုံး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည် ဖြစ်သည်။[၂]

သမိုင်းကြောင်း ပြင်ဆင်ရန်

ခိုလာတို့သည် သီရိလင်္ကာတွင် မြေဆီမြေနှစ် အကောင်းဆုံး မြေများ ရှိကြောင်း တွေ့ရှိခဲ့သဖြင့် သူတို့၏ မြို့တော်အား ရွှေ့ပြောင်းခဲ့ကြပြီး ထိုဒေသကို ပိုလွန်နာရုဝါ ဂျာနာနာသာ မန်ဂါလန် ဟု အမည်ပေးခဲ့ကြသည်။ မဟာဝေလီမြစ်သည် ထိုနေရာအား ဖြတ်သန်း စီးဆင်းနေပြီး ပင်လယ်သို့ တိုင်အောင် စီးဆင်းသွားသည်။ ပထမ ဗီဂျာယာ ဗာဟု မှ အောင်မြင်စွာ သိမ်းယူခဲ့ခြင်း ဖြစ်သော်လည်း ပိုလွန်နာရုဝါ၏ အမှန်တကယ် သူရဲကောင်းဟု သမိုင်းစာအုပ်များတွင် ညွှန်းဆိုကြသည်မှာ ဒုတိယ ပရာကရာမာဗာဟု ဘုရင် ဖြစ်သည်။ ထိုဘုရင် အုပ်စိုးစဉ် အချိန်အား ပိုလွန်နာရုဝါ၏ ရွှေခေတ်ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရင်၏ အုပ်စိုးမှုအောက်တွင် ကုန်သွယ်ရေး နှင့် စိုက်ပျိုးမွေးမြူရေးတို့ ထွန်းကားခဲ့ပြီး ထိုဘုရင်မှာ အလွန်စိတ်ဓာတ်ပြင်းပြသူ ဖြစ်ကာ ကောင်းကင်မှ ကျလာသော မိုးရေတစ်စက်ကိုမျှ အဆုံးအရှုံး မခံပဲ ထိုမြေ၏ တိုးတက်မှုအတွက် အသုံးချသည်ဟု ဆိုကြသည်။ ထို့အတွက်ကြောင့် အနုရာဒါပူရ ခေတ်ကထက် ပိုမို၍ သာလွန် ကောင်းမွန်သော ဆည်မြောင်းစနစ်များကို ပရာကရာမာဗဟု ဘုရင်၏ အုပ်စိုးမှုအောက်တွင် တည်ဆောက်ခဲ့ကြသည်။ ထိုစနစ်သည် ယနေ့ထက်တိုင်အောင် အသုံးပြုလျက် ရှိကြပြီး နိုင်ငံ၏ အရှေ့ပိုင်းတွင် အလွန်ပူပြင်းခြောက်သွေ့သော ရာသီ ၌ ပင်လျှင် စပါးစိုက်ပျိုးရန် အတွက် လိုအပ်သော ရေကို ပေးဝေပေးလျက် ရှိသည်။ ထိုစနစ်များထဲတွင် အကြီးကျယ်ဆုံးမှာ ပရာကရာမာ ဆာမူဒရာ သို့မဟုတ် ပရာကရာမာ ပင်လယ်ဟု ခေါ်သော စနစ် ဖြစ်သည်။ ပရာကရာမာဗာဟု ဘုရင်၏ အုပ်စိုးမှုအောက်တွင် ပိုလွန်နာရုဝါပြည်ထောင်မှာ စားရေရိက္ခာ ဖူလုံခြင်း ရှိခဲ့သည်။

ပိုလွန်နာရုဝါအားဆက်ခံသူ ပထမ နစ်ဆန်ကာမာလာ ဘုရင် မှလွဲ၍ အခြားသော ဘုရင်များသည် စိတ်ဓာတ် အနည်းငယ်ပျော့ညံ့ကြပြီး ၎င်းတို့၏ လွှတ်တော်အတွင်း အမြဲတစေ ပဋိပက္ခ ဖြစ်လေ့ ရှိသည်။ သူတို့သည် တောင်အိန္ဒိယပြည်ထောင်များနှင့် လက်ဆက်ခြင်းဖြင့် ပိုမိုနီးစပ်သော မဟာမိတ် ပြုလိုကြပြီး နောက်ဆုံးတွင် လက်ဆက်ခြင်းအား ဒေသအတွင်းရှိ တော်ဝင်မင်းဆက်မှ လွှမ်းမိုးသွားသည် အထိပင် ဖြစ်သည်။ ထို့အတွက်ကြောင့် ၁၂၁၄တွင် အာယာကာခရာဝတီ မင်းဆက်မှ ကာလင်ဂါ မာဂါဘုရင်မှ ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ထိုဘုရင်မှ ဂျက်ဖနာပြည်ထောင် (၁၂၁၅-၁၆၂၄ အေဒီ) ကို တည်ထောင်ခဲ့သည်။

ယနေ့ခေတ် ပြင်ဆင်ရန်

ယနေ့ခေတ်တွင် ပိုလွန်နာရုဝါ ရှေးဟောင်းမြို့သည် နိုင်ငံအတွင်း အကောင်းဆုံး စီမံတည်ဆောက်ထားသော ရှေးဟောင်းသုတေသန အမွေအနှစ် မြို့တော် တစ်ခု အဖြစ်တည်ရှိကာ ပြည်ထောင်၏ အစဦးဆုံး အုပ်စိုးသူများ၏ စည်းကမ်းကျနမှုနှင့် ကြီးကျယ်ခမ်းနားမှုတို့ကို သက်သေအဖြစ် ညွှန်ပြနေကြသည်။ ထိုမြို့တော်၏ အလှအပကို ဒူးရန်း ဒူးရန် တေးဂီတအဖွဲ့၏ သီချင်းဗွီဒီယို "Save a Prayer" ၏ နောက်ခံ အဖြစ် အသုံးပြုခဲ့ကြသည်။ ပိုလွန်နာရုဝါ ရှေးဟောင်းမြို့အား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ကြေညာခဲ့သည်။

မြို့ဟောင်း၏ အနီးတွင် အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားများ အတွက် ရည်ရွယ်သော ဟိုတယ်အချို့ရှိသည့် မြို့ငယ်ကလေးတစ်မြို့ ရှိပြီး ပစ္စည်းများကို တောက်ပစွာခင်းကျင်းထားသည့် အရောင်းဆိုင်များနှင့် တစ်နေ့တာ အသုံးအဆောင်များ ရောင်းချသည့် အရောင်းဆိုင်များ ရှိသည်။ လမ်းမကြီး နှင့် မြို့ဟောင်းမှ ၆ ကီလိုမီတာမျှ ဝေးသောနေရာတွင် အသစ်တည်ဆောက်ထားသည့် မြို့သစ်ဟု ခေါ်သည့် နေရာရှိပြီး အစိုးရရုံးများ ရှိသည်။ ခရိုင်တွင်း အကြီးဆုံးကျောင်းဖြစ်သည့် ပိုလွန်နာရုဝါ တော်ဝင်ဗဟို ကောလိပ်သည် မြို့သစ်တွင် တည်ရှိသည်။

ပိုလွန်နာရုဝါသည် မြောက်အလယ်ပိုင်းပြည်နယ်တွင် ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး နိုင်ငံအတွင်း အသန့်ရှင်းဆုံးနှင့် အလှပဆုံး မြို့တစ်မြို့ဟု နာမည်ကျော်ကြားသည်။ စိမ်းလန်းသော ပတ်ဝန်းကျင်၊ ရင်သပ်ရှုမောဖွယ် ရှေးခေတ် အဆောက်အဦးများ နှင့် ၁၂၀၀ ခုနှစ်တွင် တည်ဆောက်ခဲ့သော ကြီးမားသော ရေကန်ကြီး ဖြစ်သည့် ပါရာကရာမာ ဆာမုဒရာ၊ ဆွဲဆောင်မှုရှိသော ကမ္ဘာလှည့်ခရီးသွား ဟိုတယ်များ နှင့် ဧည့်ဝတ်ပျူငှာသော ဒေသခံများက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နေကြသည်။

အခြားကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်မှုမှာ မြို့အတွင်းရှိ တိုကေးအမြီးရှည်မျောက်များ ဖြစ်သည်။ ထိုမျောက်များသည် လူတို့နေထိုင်သည့် အချိန်မှစ၍ အပျက်အစီးများကြားတွင် နေထိုင်ခဲ့ကြပြီး လူတို့ ဆက်လက်မနေထိုင်တော့သော်လည်း ဆက်လက်၍ ပွားများနေကြသည်။


ကိုးကား ပြင်ဆင်ရန်

  1. Ancient City of Polonnaruwa။ 21 May 2015 တွင် ပြန်စစ်ပြီး။
  2. President commences "Pibidemu Polonnaruwa" - The official website of the President of Sri Lanka။ 2015-11-16 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]