ပုပ်ရဟန်းမင်း ဒုတိယ ဂျွန်ပေါလ်

ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် (အင်္ဂလိပ်: Pope John Paul II; လက်တင်: Ioannes Paulus II; အီတလီ: Giovanni Paolo II; ပိုလန်: Jan Paweł II) သည် ကသလစ်အသင်းတော် (ဂိုဏ်း) ၏ ခေါင်းဆာင်တစ်ပါးနှင့် ဗာတီကန်စီးတီး၏ ဦးသျှောင်ပုဂ္ဂိုလ်တစ်ပါးအဖြစ် ၁၉၇၈ မှ ကွယ်လွန်သောနှစ် ၂၀၀၅ အထိ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ ငယ်အမည်မှာ ကာရော ယူးဇက်ဗ် ဗောရ်တီဝ (Karol Józef Wojtyła) ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးအဖြစ် ၁၉၇၈ ဒုတိယအကြိမ် ပုပ်ရဟန်းမင်းရေးရာ ဆွေးနွေးမှုညီလာခံပွဲမှ ရွေးချယ်ခဲ့သည်။ ယခင် ပုပ်ရဟန်းမင်း ဆဋ္ဌမမြောက် ပေါလ် ကွယ်လွန်ခဲ့၍ ၎င်းနေရာကိုဆက်ခံရန် ပထမမြောက် ဂျွန်ပေါလ်ကို ၁၉၇၈ ဩဂုတ်လတွင် ရွေးချယ်ခဲ့ရာ ပထမမြောက် ဂျွန်ပေါလ်သည် (၃၃) ရက်သာ ပုပ်ရဟန်းမင်းအဖြစ် တာဝန်ယူခဲ့ပြီး ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် ၁၉၇၈ တွင် ဒုတိယမြောက် ကာဒီနယ်ရဟန်းများ ညီလာခံပြု၍ ရွေးချယ်ခဲ့ရာ ဒုတိယမြောက် ဂျွန်ပေါလ်ကို ပုပ်ရဟန်းမင်းအဖြစ် တင်မြှောက်နိုင်ခဲ့ပေသည်။ ကာဒီနယ် (Cardinal) ဆိုသည်မှာ ရိုမန်ကသလစ်ဂိုဏ်း၏ ထိပ်ပိုင်းခေါင်းဆောင် အထူးသိက္ခာတော်ရ ဆရာတော်များဖြစ်ကြသည်။ ကာဒီနယ် ဗောရ်တီဝကို ဆွေးနွေးမှုညီလာခံ၏ တတိယမြောက်နေ့တွင် ခန့်အပ်နိုင်ခဲ့ကြ၍ ယခင်ရဟန်းမင်းကို ဂုဏ်ပြုသောအားဖြင့် ဂျွန်ပေါလ်ဟူသော အမည်နာမကို ရွေးချယ်ပေးခဲ့ကြသည်။[၇][၈] ဒုတိယမြောက် ဂျွန်ပေါလ်ကို ၎င်း၏ဇာတိ ပိုလန်နှင့် ဥရောပ၏အခြားသောနေရာများတွင် ကွန်မြူနစ်အုပ်စိုးမှုစနစ် ကျဆုံးစေရန် ကူညီခဲ့သူအဖြစ် အသိအမှတ်ပြုကြသည်။[၉]

သူတော်စင် ပုပ်ရဟန်းမင်း

ဒုတိယမြောက် ဂျွန်ပေါလ်
ရောမမြို့ ဂိုဏ်းအုပ် (Bishop of Rome)
John Paul II in 1985
၁၉၈၅ တွင် တွေ့ရစဉ်
ဂိုဏ်းအုပ် ဆရာတော်နယ်ပယ်ရောမမြို့ ဂိုဏ်းအုပ်နယ်မြေ
ဂိုဏ်းအုပ် ဆရာတော်၏ စီရင်စုန​ယ်မြေHoly See
အပ်နှင်းခြင်း၁၉၇၈ အောက်တိုဘာ ၁၆
ပြီးဆုံးခြင်း၂၀၀၅ ဧပြီ ၂
ယခင်ပထမမြောက် ဂျွန်ပေါလ်
ဆက်ခံဘက်နစ်ဒစ် (၁၄ ဦးမြောက်)
ဘာသာရေးရာ
ရဟန်းခံခြင်း၁၉၄၆ နိုဝင်ဘာ ၁
by Adam Stefan Sapieha
ခန့်အပ်ခြင်း၁၉၅၈ စက်တင်ဘာ ၂၈
by Eugeniusz Baziak
ကာဒီနယ်ရဟန်းဖြစ်ခြင်း၁၉၆၇ ဂျွန် ၂၆
by Paul VI
ပုဂ္ဂိုလ်ရေးရာ
မွေးအမည်Karol Józef Wojtyła
မွေးဖွား(1920-05-18)၁၈ မေ၊ ၁၉၂၀
Wadowice, Second Polish Republic
ကွယ်လွန်၂ ဧပြီ၊ ၂၀၀၅(2005-04-02) (အသက် ၈၄)
ပုပ်ရဟန်းမင်းနန်းတော်၊ ဗာတီကန်စီးတီး
နိုင်ငံသားပိုလန်
ဂိုဏ်းကသလစ်
ယခင်ရာထူး
ဆောင်ပုဒ်Totus Tuus
(Totally yours)
လက်မှတ်ဒုတိယမြောက် ဂျွန်ပေါလ်'s signature
တံဆိပ်အမှတ်အသားဒုတိယမြောက် ဂျွန်ပေါလ်'s coat of arms
သူတော်စင်ဘဝ
ဘာသာရေးအထိမ်းမှတ်နေ့အောက်တိုဘာ ၂၂
ချီးကျူးပူဇော်မှုကသလစ်အသင်းတော်
သူမြတ်အဖြစ်ချီးမြှောက်ခြင်း၂၀၁၁ မေ ၁
စိန့်ပီတာရင်ပြင်၊ ဗာတီကန်စီးတီး
by Benedict XVI
သူတော်စင်အဖြစ်ချီးမြှောက်ခြင်း၂၀၁၄ ဧပြီ ၂၇
စိန့်ပီတာရင်ပြင်၊ ဗာတီကန်စီးတီး
by Pope Francis
အရည်အသွေးများ
  • Papal ferula
  • Papal vestments
ကူညီထောက်ပံ့ခြင်း
  • Poland
  • Archdiocese of Kraków
  • World Youth Day (co-Patron)
  • World Meeting of Families 2015 (co-patron)
  • Young Catholics
  • Families[၁]
  • Świdnica[၂]
  • Trecastelli[၃]
  • Borgo Mantovano[၄]
  • Rivignano Teor[၅]
Paradahan, Tanza, Cavite[၆]
ပုပ်ရဟန်းမင်း ဒုတိယ ဂျွန်ပေါလ်
၏ ပုပ်ရဟန်းမင်း ရည်ညွှန်းသုံးနှုန်းပုဒ်များ
ရည်ညွှန်းပုဒ်His Holiness
အာလုတ်ပုဒ်Your Holiness
ကွယ်လွန်ပြီးမှ ရည်ညွှန်းမှုသူတော်စင်

ဒုတိယမြောက် ဂျွန်ပေါလ်သည် ကသလစ်အသင်းတော်ကို ရဟူဒီ (ဂျူး) ဘာသာ၊ အစ္စလာမ်ဘာသာ၊ အရှေ့ပိုင်း ရှေးရိုးစွဲအသင်းတော်များနှင့် ဆက်ဆံရေးကောင်းမွန်စေရန် သိသိသာသာ ကြိုးပမ်းခဲ့ကာ ရှင်သန်နေထိုင်မှုဘဝအခွင့်အရေး၊ သန္ဓေတားခြင်း၊ ရဟန်းမ ပြုပေးခြင်းနှင့် မေထုန်မှီဝဲမှုကင်းရှင်းသည့် ရဟန်း စသည့်တို့အပေါ် အသင်းတော်၏အဆုံးအမများကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ "ဒုတိယမြောက် ဗာတီကန် ခရစ်ယာန်အသင်းတော်များညီညွတ်ရေးအဖွဲ့" (Second Vatican Council) ကို ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံခဲ့သော်လည်း ဂျွန်ပေါလ်ကို ယေဘုယျအားဖြင့် ရှေးရိုးစွဲဝါဒီဟူ၍ အနက်ယူကာ သတ်မှတ်ရှုမြင်ကြသည်။[၁၀][၁၁] သမိုင်းတွင် ခရီးသွားလာမှုအများဆုံးသော ခေါင်းဆောင်များထဲက တစ်ဦးဖြစ်၍ နိုင်ငံပေါင်း (၁၂၉) နိုင်ငံအထိ ပုပ်ရဟန်းမင်းဘဝဖြင့် သွားလာခဲ့သည်။ ၎င်း၏ အလေးထားဆောင်ရွက်မှုတစ်ခုအဖြစ် "လူသားအားလုံးသည် မြင့်မြတ်၏" (universal call to holiness) ဟူဆိုသော လုပ်ငန်းအစိတ်အပိုင်းအဖြစ် ကွယ်လွန်သူ​ပေါင်း (၁,၃၄၀) ကို သူတော်သူမြတ်အဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့သည် (beatification) ။[၁၂] ထို့အပြင် ကွယ်လွန်သူပေါင်း ၄၈၃ ဦးကို သူတော်စင် (canonised as saint) အဖြစ် ဂုဏ်ပြုချီးမြှောက်ခဲ့သည်။ ဤပမာဏသည် ၎င်းမတိုင်မီ ငါးရာစုကြာကြာ ထမ်းဆောင်ခဲ့ကြသော ပုပ်ရဟန်းမင်းများ၏ လုပ်ဆောင်မှုထက် ပို၍များပြားသည်။ ၎င်းကွယ်လွန်ချိန်တွင် အသင်းတော်၏ ကာဒီနယ်ရဟန်းအများစုကို ခန့်အပ်ခြင်း၊ ကမ္ဘာအနှံ့ရှိ နယ်မြေကို တာဝန်ယူသော ဘုန်းတော်ကြီးများ (bishop) များကို ခန့်အပ်ခြင်း (သို့) ပူးတွဲခန့်အပ်ခြင်း၊ ဘာသာရေးအခမ်းအနားဆောင်ရွက်ရန် ရဟန်းပြုပေးခြင်း (priest) စသည့်ကိစ္စရပ်များစွာ လုပ်ဆောင်ပြီးဖြစ်လေသည်။[၁၃]

ပုပ်ရဟန်းမင်း နဝမမြောက် ပီးယာ့စ် (Pope Pius IX]) ပြီးနောက် ခေတ်သစ်သမိုင်းတွင် သက်တမ်းအရှည်ကြာဆုံးသော ပုပ်ရဟန်းမင်းဖြစ်သည်။ ပိုလန်တွင် မွေးဖွားခဲ့သော ဒုတိယမြောက် ဂျွန်ပေါလ်သည် ၁၆ ရာစုမှ ပုပ်ရဟန်းမင်း အာဒရီယန် (Pope Adrian VI) မှစ၍ အီတလီလူမျိုးမဟုတ်သည့် ပထမဆုံးပုပ်ရဟန်းမင်းဖြစ်သည်။ ၎င်းကွယ်လွန်အပြီး တစ်လကြာသောအခါ ဂျွန်ပေါလ်ကို သူတော်စင်အဖြစ် ချီးမြှောက်ရန်အကြောင်းဖြစ်ခဲ့ပြီး ရိုးရာစဉ်ဆက်အရ ငါးနှစ်ခန့်စောင့်ဆိုင်းခဲ့ကြသည်။ ၂၀၀၉ ဒီဇင်ဘာ ၁၉ တွင် နောက်ဆက်ခံသူ ပုပ်ရဟန်းမင်း ဘက်နစ်ဒစ် (Benedict XVI) က ဂျွန်ပေါလ်ကို အလွန်မွန်မြတ်သူ (venerable) အဖြစ် ကြေညာခဲ့ကာ ၂၀၁၁ မေ ၁ (Divine Mercy Sunday : မြင့်မြတ်သော မဟာဂရုဏာ တနင်္ဂနွေ)တွင် သူတော်သူမြတ် (သီလစင်ကြယ်သူ) အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်ရာတွင် "သူတော်စင်ဆိုင်ရာ အကြောင်းတရားများ အကဲဖြတ်ကော်မတီ" (Congregation for the Causes of Saints) က ထည့်သွင်းစဉ်းစားအကဲဖြတ်သည့် ဖြစ်ရပ်များရှိသည်။ ပထမအံ့ဖွယ်ဖြစ်ရပ်သည် ပြင်သစ်ရဟန်းမတစ်ဦးကို ပါကင်ဆန်ရောဂါမှ ပျောက်ကင်းစေရန် ဆုတောင်းမှုပြု၍ ကုသခြင်း၊ ဒုတိယဖြစ်ရပ်ကို ၂၀၁၃ ဇူလိုင် ၂ တွင် သက်သေထူနိုင်၍ နှစ်ရက်ကြာသောအခါ ပုပ်ရဟန်းမင်း ဖရန့်စစ်က အတည်ပြုပေးကာ ၂၀၁၄ ဧပြီ ၂၇ တွင် ပုပ်ရဟန်းမင်း ဂျွန် (၂၃ ဦးမြောက်) နှင့်အတူ သူတော်စင် (saint) အဖြစ် သတ်မှတ်ခဲ့ကြသည်။[၁၄] ၂၀၁၄ စက်တင်ဘာတွင် ဤသူတော်စင်ပုပ်ရဟန်းမင်းနှစ်ပါးအတွက် "ကမ္ဘာ့အနှံ့ ရိုမန်ရိုးရာ အထွေထွေပြက္ခဒိန်" (General Roman Calendar) တွင် အမှတ်တရနေ့ရက် (optional) အဖြစ် ထည့်သွင်းခဲ့သည်။[၁၅] ရိုးရာအရ သူတော်စင်နေ့များသည် ကွယ်လွန်သည့်နေ့နှစ်ပတ်လည်များတွင် ကျင်းပလေ့ရှိသော်လည်း ဒုတိယမြောက် ဂျွန်ပေါလ် (အောက်တိုဘာ ၂၂) ပုပ်ရဟန်းမင်းအဖြစ် အခမ်းနားကျင်းပသည့်နေ့ကိုသာ ရွေးချယ်ပြုလုပ်ကြသည်။[၁၆][၁၇] ကွယ်လွန်ပြီးနောက် အချို့ကသလစ်ဘာသာဝင်များက "ကြီးကျယ်သော သူတော်စင် ဂျွန်ပေါလ်" (St. John Paul the Great) ဟူ၍ သတ်မှတ်ကြသော်လည်း ဤသည်မှာ တရားဝင်အသိမှတ်ပြု ဘွဲ့ထူးမဟုတ်ပေ။ [၁၈][၁၉][၂၀][၂၁]

ကိုးကား ပြင်ဆင်ရန်

  1. St. John Paul II, the patron saint of families (27 April 2014)။ 2 May 2014 တွင် ပြန်စစ်ပြီး။
  2. John Paul II proclaimed the patron saint of Świdnica (9 May 2012)။ 2 May 2014 တွင် ပြန်စစ်ပြီး။
  3. Trecastelli celebra il suo patron ricordando Giovanni Paolo II။ Centro Pagina (21 October 2017)။ 31 March 2018 တွင် ပြန်စစ်ပြီး။
  4. Comune di Borgo Mantovano (MN)။ Tuttitalia။ 31 March 2018 တွင် ပြန်စစ်ပြီး။
  5. Il santo patrono del nuovo commune è Giovanni Paolo II။ Messaggero Veneto (11 April 2015)။ 31 March 2018 တွင် ပြန်စစ်ပြီး။
  6. Mass Schedule for St. John Paul II Parish (3 February 2020)။ 3 February 2020 တွင် ပြန်စစ်ပြီး။(Major Patron)|Paradahan, Tanza, Cavite
  7. John Paul the Great Catholic University။ 22 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2012 တွင် ပြန်စစ်ပြီး။
  8. Evert၊ Jason (2014)။ Saint John Paul the Great: His Five Loves။ Ignatius Press။ 12 April 2014 တွင် မူရင်း အား မော်ကွန်းတင်ပြီး6 May 2014 တွင် ပြန်စစ်ပြီး
  9. Lenczowski, John. "Public Diplomacy and the Lessons of the Soviet Collapse", 2002
  10. "John Paul's Conservative Legacy" (in en)၊ CBS News၊ 3 April 2005။ 
  11. The Riddle of John Paul II (in en)။ 18 May 2018 တွင် ပြန်စစ်ပြီး။
  12. BEATIFICATIONS BY POPE JOHN PAUL II, 1979–2000
  13. တမ်းပလိတ်:Catholic-hierarchy
  14. "Report: Pope Francis Says John Paul II to Be Canonized April 27"၊ National Catholic Register၊ 3 September 2013။ 15 January 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 5 November 2013။ 
  15. Carol Glatz။ "Feast days of Sts. John Paul II, John XXIII added to universal calendar"၊ Catholic News Service၊ 11 September 2011။ 15 January 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 8 January 2015။ 
  16. "Vatican declares Popes John Paul II and John XXIII saints"၊ BBC News၊ 27 April 2014။ 
  17. "Hundreds flock to US shrine to celebrate first feast of St John Paul II"၊ Catholic News Agency၊ 22 October 2014။ 
  18. John Paul the Great Catholic University။ 25 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2021 တွင် ပြန်စစ်ပြီး။
  19. Our History။ 25 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2021 တွင် ပြန်စစ်ပြီး။
  20. John Paul the Great Academy – Lafayette, LA။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2021 တွင် ပြန်စစ်ပြီး။
  21. Two Cheers for Democracy from St. John Paul the Great: Rhonheimer, Kraynak, and the Unfinished Agenda of Dignitatis Humanae။ 23 February 2020 တွင် ပြန်စစ်ပြီး။