ပုလဲနားဆွဲနဲ့ မိန်းကလေး (ဒတ်ချ်: Meisje met de parel) သည် ၁၆၆၅ ခုတွင် ဒပ်ခ်ျပန်းချီဆရာ ဂျိုဟန်နက် ဗာမီယာရေးသည့် ဆီဆေးပန်းချီ ဖြစ်သည်။ ပန်းချီကားအမည် မတပ်ထားသဖြင့် အမည်အမျိုးမျိုး ပေးခဲ့ကြသော်လည်း ၂၀ ရာစု နှောင်းပိုင်းတွင် ထိုမိန်းကလေးဝတ်ထားသော နားဆွဲကို သညာပြုကာ ပုလဲနားဆွဲနဲ့ မိန်းကလေးဟူသော အမည် တည်လာသည်။

ပုလဲနားဆွဲနဲ့ မိန်းကလေး
Dutch: Meisje met de parel
အနုပညာရှင်ဂျိုဟန်နက် ဗာမီယာ
ခုနစ်၁၆၆၅
အမျိုးအစားခေါင်းပိုင်း အသားပေး ပန်းချီ
ပါဝင်ပစ္စည်းဆီဆေး
ဒိုင်မင်းရှင်း44.5 cm × 39 cm (၁၇.၅ လက်မ × ၁၅ လက်မ)
တည်နေရာမော်ရစ်ရှို့, ဟိ၊ နယ်သာလန်

ဟိ (Hague) မြို့ရှိ မော်ရစ်ရှို့ (Mauritshuis) ပြတိုက်တွင် ၁၉၀၂ ခုကတည်းက ပြသထားသည်။ ၂၀၀၆ ခုတွင် ဒပ်ခ်ျလူထုက နယ်သာလန်နိုင်ငံ၏ အလှဆုံးပန်းချီအဖြစ် သတ်မှတ်လိုက်ကြသည်။