ပေါင်းခြင်း

ချက်ပြုပ်သည့် နည်းလမ်း

ပေါင်းခြင်း (Steaming) သည် ရေနွေးငွေ့၏ အပူရှိန်အားဖြင့် စားစရာများကို ပျော့ပျောင်းနူးညံ့ အောင်ပြုလုပ်ခြင်း ဖြစ်သည်။

နည်းလမ်းများ ပြင်ဆင်ရန်

ပေါင်းနည်းနှစ်နည်းရှိသည်။ တစ်နည်းမှာပေါင်းချောင်၊ ပေါင်းအိုး ကိုအသုံးပြု၍ အပေါက်ပါသော အပေါ်အိုးအဆင့်တွင် အစာထည့်ကာ အောက်ခံရေနွေးအိုးမှ ရေနွေးငွေ့ဖြင့် ပေါင်းကာ ကျက်နပ်စေခြင်းဖြစ်သည်။ ဥပမာ - ကောက်ညှင်းပေါင်း၊ ပီလောပီနံပေါင်း၊ ကန်စွန်းဥပေါင်းခြင်းမျိုး ဖြစ်သည်။ ဒုတိယနည်းမှာ. အစားအစာထည့်ထားသော ချိုင့်၊ အိုးငယ်၊ မီးပူခံဖန်၊ ကြွေခွက်ကို ရေဆူအိုးတွင်ထည့်ကာ အဖုံးကို အလေးဖိ၍ ပေါင်းခြင်းမျိုးဖြစ်သည်။ ဥပမာ- ပူတင်း၊ ပေါက်စီ၊ တီကွေး၊ ဝက်သားပေါင်းများ စသည်တို့မှာ နှစ်ထပ်အိုးနှင့်ပေါင်းခြင်းဖြစ်သည်။[၁]

အကိုးအကား ပြင်ဆင်ရန်

  1. စန်းလေး(အိမ်တွင်းမှု)။ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းချက်ပြုတ်အတတ်ပညာ