ပေါလု ကွေလို

ဘရာဇီးလူမျိုး စာရေးဆရာ

ပေါလု ကွေလို (Paulo Coelho ၊ ၁၉၄၇ ခု၊ ဩဂုတ်လ ၂၄ ဖွား) သည် ဘရာဇီးလူမျိုး စာရေးဆရာ ဖြစ်သည်။ လူသိအများဆုံး စာရေးဆရာများအနက် တစ်ဦးဖြစ်ပြီး ကမ္ဘာအနှံ့အပြားမှ ဆုများကို ရထားရာ ကမ္ဘာစီးပွားရေးဖိုရမ်မှ သလင်းဆု (Crystal Award) နှင့် ပြင်သစ်မှ ဂုဏ်ပြုထိုက်သူဆု (Legion d'honneur) တို့ ပါဝင်သည်။

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ပေါလုကို ရီယိုဒီဂျနဲရိုးမြို့၌ ၁၉၄၇ ခု၊ ဩဂုတ်လ ၂၄ ရက်တွင် မွေးသည်။ ဖခင်မှာ အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။ အသက် ၁၆ နှစ်တွင် အတွေးအမြင် ခြားနားမှုကြောင့် မိဘများက စိတ်ရောဂါကု ဆေးရုံသို့ ပို့သည်။ အသက် ၂၀ အရွယ် ဆေးရုံမှ မဆင်းမီအထိ (၃) ကြိမ်ခန့် ထွက်ပြေးဖူးသည်။ မိဘများ၏ ဆန္ဒအတိုင်း ဥပဒေကျောင်းသို့ တက်သည်။ တစ်နှစ်ခန့်အကြာတွင် ကျောင်းထွက်ကာ ဟစ်ပီဆန်ဆန် နေထိုင်ခဲ့သည်။ တောင်အမေရိက၊ မြောက်အမေရိုနှင့် ဥရောပတို့သို့ ခြေဆန့်သည်။ ၁၉၆၀ ဝန်းကျင်တွင် ဆေးစွဲနေပြီ ဖြစ်သည်။ ဘရာဇီးသို့ ပြန်ရောက်သော် တေးရေးဆရာအဖြစ် အသက်မွေးသည်။ သူ၏ စာသားများမှာ လက်ဝဲဆန်သည်ဟု ယူဆသဖြင့် ၁၉၇၄ ခုတွင် စစ်အစိုးရက ထောင်ချသည်။ စာရေးဆရာဘဝသို့ မရောက်မီ သရုပ်ဆောင်၊ ဂျာနယ်လစ်နှင့် ကဇာတ်ရုံဒါရိုက်တာများအဖြစ် လုပ်ကိုင်သည်။

စာပေ လှုပ်ရှားမှု ပြင်ဆင်ရန်

၁၉၈၂ ခုတွင် ပထမဆုံးစာအုပ် ငရဲပိဋကတ် (Hell Archives) အမည်ရှိ စာအုပ်ကို ထုတ်သည်။ ထိုစာအုပ်မှာ လူမသိ သူမသိ မြုပ်သွားသည်။ ၁၉၈၆ ခုတွင် မိုင် (၅၀၀) ကျော်ဝေးသည့် စပိန် အနောက်မြောက်ဘက်သို့ ဆန်တီယာဂို−ကွန်ပိုစတယ်လာလမ်း ((Road of Santiago de Compostela) မှ သွားရင်း ဇာတ်လမ်းရလာသည်။ ထိုအကြောင်းကို အမြိုက်လမ်း (The Pilgrimage) အမည်ဖြင့် စာအုပ်ရေးသည်။ ထိုစာအုပ်မှာလည်း အရင်းကျေရုံသာ ဖြစ်ရာ နောက်တစ်နှစ်ရေးသည့် အဂ္ဂိရတ်သမား (The Alchemist) ကို ထုတ်ဝေသူက အုပ်ရေ (၉၀၀) သာ ထုတ်ပေးပြီး ထပ်မထုတ်တော့။ သို့ဖြစ်၍ အခြားထုတ်ဝေသူနှင့် ထပ်မံ လက်တွဲရသည်။ အဂ္ဂိရတ်သမား စာအုပ်မှာ အုပ်ရေ (၆၅) သန်း ရောင်းရပြီး သမိုင်းတွင် အရောင်းရဆုံး စာအုပ်များအနက် တစ်အုပ် ဖြစ်လာသည်။ ဘာသာပေါင်း (၇၁) ဘာသာမှ ပြန်ဆိုရသည်။ သက်ရှိထင်ရှား စာရေးသူ၏ ဘာသာပြန် အများဆုံးစာအုပ်အဖြစ် ဂင်းနစ်စံချိန် တင်ခဲ့သည်။

မြန်မာဘာသာသို့ ပြန်ဆိုမှုများ ပြင်ဆင်ရန်

ခေါင်းစဉ် ဘာသာပြန် ခေါင်းစဉ် ပြန်ဆိုသူ ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
The Alchemist သိုးကျောင်းသားနှင့် ဖိုဝိဇ္ဇာ အဲ့လှအောင် စိတ်ကူးချိုချို
သိုးကျောင်းသားရဲ့ အနတ္တလွင်ပြင် မိုးသက်ဟန် နွယ်နီ စာအုပ်တိုက်
လောကမာယာ မြတ်ငြိမ်း
The Zahir ဇာဟိရ် သူရိန်ဝင်း
ဇာဟိရ် ဒီနိုဗို ၂၀၁၈ ကံ့ကော်ဝတ်ရည်
Eleven Minutes ဆယ့်တစ်မိနစ် ဒီနိုဗို ၂၀၁၇ ကံ့ကော်ဝတ်ရည်
The Devil and Miss Prym မိစ္ဆာနှင့် မစ္စ ပရမ်း ဒေါက်တာ ခင်မောင်ညို
Stories for Parents, Children and Granchildren ပေါ် လိုကိုဟို၏ ဒဿနစာစုများ သစ္စာနီ ၂၀၁၇ မြစ်ကွေ့ စာအုပ်တိုက်

ကိုးကား ပြင်ဆင်ရန်