ပြည်ထောင်စုရှေ့နေချုပ်မှာ မြန်မာနိုင်ငံတော်အစိုးရ၏ ပြစ်မှုဆိုင်ရာမှုခင်းများတွင် နိုင်ငံတော်ကိုယ်စား ဆောင်ရွက်ရန် ထားရှိသော ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြီးအကဲ ဖြစ်သည်။ နိုင်ငံတော်ရှေ့နေချုပ်ရုံးကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၄၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၇၄ မှ ၁၉၈၈ အထိ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့ကြသည်။ ၂၀၀၃ မှ ၂၀၁၁ အထိ ရှေ့နေချုပ်အဖြစ် ခန့်အပ်သည်။ ၂၀၁၁ တွင် ၂၀၁၀ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဥပဒေအရ ပြည်ထောင်စုရှေ့နေချုပ်ကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်သည်။ ပြည်ထောင်စုရှေ့နေချုပ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဖြစ်သည်။

တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဒေါ်သီတာဦး

၂ ဖေဖော်ဝါရီ ၂၀၂၁ မှစ၍
ပြည်ထောင်စုရှေ့နေချုပ်ရုံး
အဆိုပြုသူမြန်မာနိုင်ငံ၏ သမ္မတ
စတင်ထမ်းဆောင်သူဦးချန်ထွန်း
ဖွဲ့စည်းခြင်း၄ ဇန်နဝါရီ ၁၉၄၈
လက်ထောက်ပြည်ထောင်စုဒုတိယရှေ့နေချုပ်
ဝက်ဘ်ဆိုဒ်oag.gov.mm
ပါမောက္ခ မဟာသရေစည်သူ ဒေါက်တာ ဘဟန် - ပြည်ထောင်စုရှေ့နေချုပ် (၁၉၅၇ - ၁၉၅၈)

တာဝန်ထမ်းဆောင်ခဲ့သူများ ပြင်ဆင်ရန်

မြန်မာနိုင်ငံလွတ်လပ်ရေးရသော ၁၉၄၈ မှ ယနေ့ခေတ်ကာလ ၂၀၂၀ အထိ ရှေ့နေချုပ်အဖြစ် တာဝန်ယူခဲ့သူများမှာ[၁]  :

အမှတ်စဉ် အမည် စတင်ရက် ပြီးဆုံးရက်
ဦးချန်ထွန်း ၄ ဇန်နဝါရီ ၁၉၄၈ ၃၀ ဇွန် ၁၉၅၃ နိုင်ငံတော်ရှေ့နေချုပ်
ဦးချွန်ဖောင်း (ခ) ဦးအုန်းခင် ၁ ဇူလိုင် ၁၉၅၃ ၃၁ အောက်တိုဘာ ၁၉၅၃
ဦးချန်ထွန်းအောင် ၁ နိုဝင်ဘာ ၁၉၅၃ ၃၁ ဒီဇင်ဘာ ၁၉၅၃
ဦးချန်ထွန်း ၁ ဇန်နဝါရီ ၁၉၅၄ ၁ အောက်တိုဘာ ၁၉၅၄
ဦးချန်ထွန်းအောင် ၂ အောက်တိုဘာ ၁၉၅၄ ၁၆ မတ် ၁၉၅၅
ဦးချွန်ဖောင်း (ခ) ဦးအုန်းခင် ၁၇ မတ် ၁၉၅၅ ၂၈ ဖေဖော်ဝါရီ ၁၉၅၇
ဒေါက်တာဘဟန် ၁ မတ် ၁၉၅၇ ၂၈ အောက်တိုဘာ ၁၉၅၈
ဦးဘစိန် ၂၉ အောက်တိုဘာ ၁၉၅၈ ၄ ဧပြီ ၁၉၆၀
ဦးရန်အောင် ၅ ဧပြီ ၁၉၆၀ ၂၁ မတ် ၁၉၆၁
၁၀ ဦးဘဆွေ ၁ ဧပြီ ၁၉၆၁ ၇ မတ် ၁၉၆၂
၁၁ ဦးဘစိန် ၈ မတ် ၁၉၆၂ ၂၅ စက်တင်ဘာ ၁၉၇၁
၁၂ ပါမောက္ခ ဦးလှအောင် ၂၅ စက်တင်ဘာ ၁၉၇၁ ၄ မတ် ၁၉၇၄
၁၃ ဦးမောင်မောင်ကျော်ဝင်း ၄ မတ် ၁၉၇၄ ၈ နိုဝင်ဘာ ၁၉၈၁ ပြည်သူ့အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ
၁၄ ဦးမြင့်မောင် ၉ နိုဝင်ဘာ ၁၉၈၁ ၂၆ ဇူလိုင် ၁၉၈၈
၁၅ ဒေါက်တာမောင်မောင် ၂၇ ဇူလိုင် ၁၉၈၈ ၁၉ ဩဂုတ် ၁၉၈၈
၁၆ ဦးသောင်းတင် ၁၉ ဩဂုတ် ၁၉၈၈ ၁၈ စက်တင်ဘာ ၁၉၈၈
၁၇ ဦးသာထွန်း ၂၇ စက်တင်ဘာ ၁၉၈၈ ၉ မေ ၂၀၀၃ ရှေ့နေချုပ်
၁၈ ဦးအေးမောင် ၂၂ ဇူလိုင် ၂၀၀၃ ၃၀ မတ် ၂၀၁၁
၁၉ ဒေါက်တာထွန်းရှင် ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆ ပြည်ထောင်စုရှေ့နေချုပ်
၂၀ ဦးထွန်းထွန်းဦး ၅ ဧပြီ ၂၀၁၆ ၂ ဖေဖော်ဝါရီ ၂၀၂၁
၂၁ ဒေါက်တာ ဒေါ်သီတာဦး ၂ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ

ခေတ်အဆက်ဆက် ဒုတိယရှေ့နေချုပ်အဖြစ် တာဝန်ယူခဲ့သူများမှာ [၂]

အမှတ်စဉ် အမည် စတင်ရက် ပြီးဆုံးရက်
ဦးဘမော် ၁၉၇၂ ၁၉၇၄ ဒုတိယရှေ့နေချုပ်
ဦးကျော်ဝင်း ၂၇ စက်တင်ဘာ ၁၉၈၈ ၁၁ ဧပြီ ၁၉၈၉
ဦးခင်မောင်အေး ၁၁ ဧပြီ ၁၉၈၉ ၁ ဖေဖော်ဝါရီ ၂၀၀၃
ဒေါက်တာထွန်းရှင် ၂ ဖေဖော်ဝါရီ ၂၀၀၃ ၃၀ မတ် ၂၀၁၁
ဦးဟန်ရှိန် ၂ ဖေဖော်ဝါရီ ၂၀၀၃ ၁၈ ဇွန် ၂၀၀၆
ဦးမြင့်နိုင် ၂ ဖေဖော်ဝါရီ ၂၀၀၃ ၁၁ မတ် ၂၀၁၀
ဦးထွန်းထွန်းဦး ၁၁ ဩဂုတ် ၂၀၀၆ ၃၀ မတ် ၂၀၁၆
ဦးဝင်းမြင့် ၁၂ မေ ၂၀၀၆ ၂ ဖေဖော်ဝါရီ ၂၀၂၁
ဦးစန်းလွင် ၄ မတ် ၂၀၂၁ ၃၀ ဩဂုတ် ၂၀၂၁
၁၀ ဦးစန်းလွင် ၃၁ ဩဂုတ် ၂၀၂၁ ၁၃ အောက်တိုဘာ ၂၀၂၂ ဒုတိယဝန်ကြီး၊ဒုတိယရှေ့နေချုပ်
၁၁ ဒေါက်တာ ထိန်လင်းဦး [၃] ၃ ဩဂုတ် ၂၀၂၃ လက်ရှိ ဒုတိယဝန်ကြီး၊ဒုတိယရှေ့နေချုပ်


ကိုးကား ပြင်ဆင်ရန်