ပြယုဂ်တစ်ခုကို ဆောင်ကြဉ်းခဲ့သူများ

ဂျွန် လီး ဟန်ကော့ခ် ရိုက်ကူးခဲ့သော ၂၀၀၉ ခုနှစ်ထုတ် ရုပ်ရှင်

ပြယုဂ်တစ်ခုကို ဆောင်ကြဉ်းခဲ့သူများ (The Blind Side) ကို ဒါရိုက်တာ John Lee Hancock ရိုက်ကူးခဲ့သည်။ သူသည် အမေရိကန် ဇာတ်ညွှန်းရေးသူတဦး ဖြစ်သည့်အပြင် ဖလင်ဒါရိုက်တာတဦးဖြစ်ပြီး၊ ထုတ်လုပ်သူတဦးလည်း ဖြစ်သည်။ သူရိုက်ကူးခဲ့သည့် အကောင်းဆုံးဇာတ်ကားများမှာ ၂ဝဝ၂ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် The Rookie နှင့် ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလအတွင်း ရုံတင်ပြသခဲ့သည့် The Blind Side ဇာတ်ကားတို့ ဖြစ်သည်။ The Blind Side ဇာတ်ကားတွင် မင်းသမီး Sandra Bullock သည် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပသည့် အော်စကာဆုပေးပွဲ၌ အကောင်းဆုံး သရုပ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

The Blind Side
ရုပ်ရှင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာဂျွန် လီ ဟဲန်ကော့ (John Lee Hancock)
ထုတ်လုပ်သူBroderick Johnson
Andrew Kosove
Gil Netter
စာရေးသူဂျွန် လီ ဟဲန်ကော့
အခြေခံထားသည်မှာThe Blind Side: Evolution of a Game[*]
သရုပ်ဆောင်စန္ဒရာ ဘူးလော့ခ် (Sandra Bullock)
တင်း မဂ္ဂရော (Tim McGraw)
ကင်တန် အာရွန် (Quinton Aaron)
ကေသီ ဘိတ်စ် (Kathy Bates)
ဂီတမှူးCarter Burwell
ဓာတ်ပုံAlar Kivilo
တည်းဖြတ်Mark Livolsi
ထုတ်လုပ်ရေး
ကုမ္ပဏီ
Alcon Entertainment
ကြာမြင့်ချိန်
၁၂၈ မိနစ်
နိုင်ငံအမေရိကန် ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
၂၀၀၉ နိုဝင်ဘာ ၂၀
ထုတ်ဝေသူWarner Bros.
ကုန်ကျငွေ$29 million
ရောင်းရငွေ$251,006,247[၁]

The Blind Side ၏ ထုတ်ဝေသူများကတော့ Broderick Johnson, Andrew Kosove နှင့် Gil Netter တို့ ဖြစ်သည်။ The Blind Side သည် ဂျာနယ်လစ်တဦး ဖြစ်သည့်အပြင် တကယ့်အဖြစ်အပျက်များကို ရေးသားသူ အမေရိကန်လူမျိုး Michale Lewis ၂ဝဝ၆ ခုနှစ်က ထုတ်ဝေခဲ့သည့် "The Blind Side: Evolution of A Game" ကို အခြေခံပြီး ဒါရိုက်တာ John Lee Hancock က ပြန်လည် ဇာတ်ညွှန်းရေးဖွဲ့ထားသည်။

The Blind Side မှာ ပါဝင်သရုပ်ဆောင်သူတွေက ၁၉၅၅ ခုနှစ်တွင် ပြသခဲ့သည့် Why You were sleeping နှင့် ၁၉၉၄ ခုနှစ်တွင် ပြသခဲ့သည့် Speed နှင့်အတူ ပရိသတ်ကြားမှာ လူသိများလာခဲ့သည့် အမေရိကန် သရုပ်ဆောင် Sandra Annette Bullock ၊ ၁၉၈၄ ခုနှစ်ဖွား အမေရိကန်လူမည်း သရုပ်ဆောင် Quinton Aaron ၊ အမေရိကန် ကျေးလက်သီချင်းအဆိုတော်နှင့် သရုပ်ဆောင်တဦးဖြစ်သည့် Tim McGraw ၊ ၁၉၉၁ ခုနှစ်တွင် Misery (1990) ဇာတ်ကားဖြင့် အကယ်ဒမီဆုကို ဆွတ်ခူးခဲ့သည့် မင်းသမီးကြီး Kathy Bates နှင့် ၁၉၉၆ ခုနှစ်ဖွား အမေရိကန် ကလေးသရုပ်ဆောင် Jae Head တို့က အဓိက သရုပ်ဆောင်များအနေဖြင့် ပါဝင်သရုပ်ဆောင်ထားခြင်း ဖြစ်သည်။

မင်းသမီး Sandra Bullock မှာ ထိုဇာတ်ကားဖြင့် အော်စကာအပြင် တခြားသော Golden Blobe ၏ Bast Actress - Motion Picture Drama၊ Screen Actors Guild Award ၏ Outstanding Performance by Female Actor in a leading Role နှင့် People’s Choice Award ၏ Favorite Movie Actress ဟူသည့် ဆု ၃ ဆု ကိုပါ ရရှိခဲ့သည်။ The Blind Side တွင် Sandra Bullock ၏ သွက်လက်ထက်မြက်သည့် သရုပ်ဆောင်ချက်များနှင့်အတူ မိခင်တဦး၏ သားသမီးအပေါ် ကာကွယ်ပေးလိုသည့် ရဲရင့်သည့် စိတ်ဓာတ်တို့သည် ဇာတ်ကား၏ အရှိန်ကို ပိုမိုမြင့်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

အသက် ၁၇ နှစ်အရွယ် Michale Oher (Quinton Aaron) သည် အာဖရိကန်-အမေရိကန် လူမျိုးတဦး ဖြစ်သည်။ သူ့ကိုယ်ခန္ဓာသည် အခြားသော ဆယ်ကျော်သက်အရွယ် လူငယ်များ၏ ၃-၄ ဆခန့် ရှိနေသဖြင့် များသောအားဖြင့်တော့ သူ့ကို Big Mike ဟု ခေါ်ကြပြီး Mike ကြီးပြင်းရာ နေရာသည် အိုးအိမ် ပြန်လည် နေရာချထားရေး နေရာတခုတွင် ဖြစ်သည်။ မိခင်ဖြစ်သူက မူးယစ်စေသည့်အရာ မှန်သမျှကို အလွန်အကျွံ သုံးစွဲသူ၊ ဖခင်ဖြစ်သူက တာဝန်ခံမှု ကင်းမဲ့သူ။ ထိုအရာများသည်ပင် Mike အား အိမ်နှင့် ဝေးစေခဲ့သည်။ Mike သည် အမြဲတမ်း တိတ်ဆိတ် နေတတ်သူ၊ သို့သော်လည်း ကလေးငယ်လေးများအား ခင်မင်ချင်သည့် စိတ်သည် သူထံတွင် ရှိသည်။

Sean (Jae Head) နှင့် Mike တို့ တွေ့သောအခါ အလျင်အမြန်ပင် သူငယ်ချင်း ဖြစ်သွားသည်။

တနေ့ည ကျေးဇူးတော်နေ့ ကျောင်းပျော်ပွဲရွှင်ပွဲအပြီး ပြန်လာသည့် Sean တို့ မိသားစုနှင့် အေးခဲလွန်းလှသည့် လမ်းပေါ်တွင် အနွေးအထည် မပါဘဲ လမ်းလျှောက်လာသည့် Mike အား sean ၏ ဖခင်ဖြစ်သူ Sean Tuohy (Tim McGraw) က ဘယ်သွားမလဲဟု မေးသည်တွင် Mike က အားကစားရုံကို သွားမည်ဟု ပြန်ဖြေလိုက်သည်။

Sean ၏ မိခင် Leigh Anne Tuohy (Sandra Bullock) က ယခုအချိန်သည် အားကစားရုံ ပိတ်ထားပြီ ဖြစ်ကြောင်းနှင့် အားကစားရုံသို့ မည်သည့် အတွက်ကြောင့် သွားမလဲဟု မေးရာ၊ အားကစားရုံသည် Mike ၏ အိပ်ယာဖြစ်ကြောင်း သိရှိသွားသည့်အခါ Mike အား သူတို့မိသားစု နေထိုင်ရာ အိမ်ဆီသို့ ခေါ်လာခဲ့သည်။

နောက်တနေ့တွင် Anne က Mike အား ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်အတိုင်း သူမ မိသားစုနှင့်အတူ နေထိုင်ရန် ပြောဆိုသည့်အခါ ထိုအရာများသည် အဝတ်တထည် ကိုယ်တခုနှင့် နေစရာ အိုးအိမ်မဲ့နေသည့် လူငယ်ကလေး Mike ၏ အပြောင်းအလဲ စတင်မြစ်ဖျားခံရာ ဖြစ်သည်။

Anne ၏ မိတ်ဆွေများက Mike အား ခေါ်ယူထားခြင်းသည် နောင်တချိန်တွင် Anne ၏ သားသမီးများအပေါ် တစုံတခုသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ပြောဆိုဝေဖန်နေသည်တို့ကိုလည်း Anne တို့ မိသားစုက ဂရုမစိုက်။ လူလူချင်း ခွဲခြားမှုသာလျှင် ရှက်ဖွယ်ရာ အပြုအမူအဖြစ် ပြန်လည်တုံ့ပြန်ခဲ့သည်။ Mike သည်လည်း Anne တို့ မိသားစုဝင် သားသမီးတဦးအဖြစ်သာ ရှုမြင်ခဲ့သည်။

ရဲဘော်ရဲဘက် ညီအကိုသဖွယ် ဖြစ်လာသော Sean ၏ နည်းပြမှုအောက်တွင် Mike သည် ဒေသခံနယ်မြေရှိ ကျောင်းတွင် အမေရိကန် ဘောလုံး (ရဂ်ဘီနှင့်ဆင်တူသည်) ကစားသမားတဦး ဖြစ်လာခဲ့ရပြီး အသင်းတွင် အားကြီးသူတဦး ဖြစ်သည့်အပြင် သူ့အသင်းတွင် အသုံးဝင်သည့် အားကစားသမား ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် Mike သည် တက္ကသိုလ် ကစားသမားအဆင့်သို့တိုင် ရောက်ရှိလာခဲ့သည်။

ပညာသင်ကြားရေးဘက်တွင် Mike ၏ အသိဉာဏ်တို့သည် တက္ကသိုလ် ဝင်ရောက်ခွင့်အတွက် နိမ့်ကျလျက် ရှိသော်လည်း Anne တို့ မိသားစု၏ ကူညီထောက်ပံ့မှု၊ အချိန်ပိုင်းကျူရှင် ဆရာမ မစ္စ Sue (Kathy Bates) တို့၏ စေတနာပြည့်ဝစွာဖြင့် အနီးကပ် သင်ကြားပို့ချမှု အောက်တွင် Mike ၏ GPA (Grade Point Average) သည်လည်း မြင့်တက်လာခဲ့ရသည်။

နောက်ပိုင်း ထူးချွန်သည့် အားကစားမားတဦး ဖြစ်လာသည့် Mike အား တက္ကသိုလ် ၃ ခု တို့က အလိုရှိလာသည့်အခါ … အောင်မြင်သော လူတဦး ဖြစ်လာရန်နှင့် ယခုထက်မက ထူးချွန်သော ကစားသမား တဦးဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် Mike တယောက် ရင့်သန်လာပြီဖြစ်သည့် သူ့အသိဉာဏ်နှင့် မည်သို့များ ဆုံးဖြတ်လေမလဲ။ Mike တယောက် သူ၏ အောင်မြင်မှုအပေါ် မည်သူများက အသုံးချမှာလဲ။[၂]

ကိုးကား ပြင်ဆင်ရန်

  1. "The Blind Side Box Office". Box Office Mojo. [လင့်ခ်သေ] Retrieved 2010-06-05.
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 28 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 October 2010 တွင် ပြန်စစ်ပြီး။