ပြားတော (Swamp) ဆိုသည်မှာ ရေဝပ်ဒေသသစ်တောတခုဖြစ်သည်။[၁] ပြားတောများသည် ကုန်းမြေနှင့် ရေထုနှစ်ခုစလုံးပါဝင်သောကြောင့် အကူးအပြောင်းဇုန်ဟု ခေါ်ဆိုနိုင်သည်။[၂] ပြားတောများသည် အရွယ်အစား အမျိုးမျိုးရှိပြီး ကမ္ဘာအနှံ့တွင် တည်ရှိကြသည်။ ပြားတောရှိ ရေသည် ရေချို သို့မဟုတ် ရေငန် ဖြစ်နိုင်သည်။ ရေချိုပြားတောများကို မိုးရေစီးဆင်းမှုကောင်းသော မြစ် သို့မဟုတ် ရေအိုင်များအနီးတွင် တွေ့ရှိရသည်။[၃] ရေငန်ပြားတောများကိုမူ အပူပိုင်းဇုန်နှင့် သမပိုင်းဇုန် ကမ်းရိုးတန်းဒေသများတွင် တွေ့ရသည်။ ကမ္ဘာ့အကြီးဆုံး ပြားတောများကို အမေဇုန်မြစ်မစ္စစ္စပီမြစ်ကွန်ဂိုမြစ်များတွင် တွေ့ရသည်။[၄]

အမေရိကန်ပြည်ထောင်စုဖလော်ရီဒါပြည်နယ်ရှိ ရေချိုပြားတောတခု

ကိုးကား ပြင်ဆင်ရန်

  1. Keddy, P.A. 2010. Wetland Ecology: Principles and Conservation (2nd edition). Cambridge University Press, Cambridge, UK. 497 p.
  2. Society၊ National Geographic (2011-01-21)။ swamp (in en)။ 2019-09-26 တွင် ပြန်စစ်ပြီး။
  3. Hughes, F.M.R. (ed.). 2003. The Flooded Forest: Guidance for policy makers and river managers in Europe on the restoration of floodplain forests. FLOBAR2, Department of Geography, University of Cambridge, Cambridge, UK. 96 p.
  4. Keddy, P.A., L.H. Fraser, A.I. Solomeshch, W.J. Junk, D.R. Campbell, M.T.K. Arroyo and C.J.R. Alho. 2009. Wet and wonderful: the world's largest wetlands are conservation priorities. BioScience 59: 39–51.