ပြောင်ခေါင်းစိမ်းသည် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာဟချက်ကြီးမားတတ်သည့် ကျောက်မျက်အမျိုးအစားဖြစ်သည်။ မိုးကုတ်မြို့ အနောက်ဘက် ပြောင်ခေါင်းရွာမှ ပေါများစွာထွက်ရှိသည်ကို အကြောင်းပြု၍ မြန်မာတို့က ပြောင်ခေါင်းစိမ်းဟု ခေါ်ကြခြင်းဖြစ်သည်။ အနောက်တိုင်းအခေါ်အဝေါ်မှာ ပယ်ရီဒေါ့(peridot) (သို့) သံလွင်စိမ်းရောင် ရှိသောကြောင့် အိုလီဗင်း(Olivine) ဟုလည်းခေါ်ပါသည်။

ပြောင်ခေါင်းစိမ်း
ယေဘုယျ
ကဏ္ဍSilicate mineral variety
ဖော်မျူလာ
(repeating unit)
(Mg, Fe)2SiO4
ပုံဆောင်ခဲ စနစ်ရွမ်းဘတ် ပုံဆောင်
ခွဲခြားသတ်မှတ်ခြင်း
အရောင်Yellow, to yellow-green, olive-green, to brownish, sometimes a lime-green, to emerald-ish hue
TwinningUncommon, simple twinning can occur on {100}, {011},{012}, cyclic twinning on {031}
CleavagePoor on {010} and {110}, {010} cleavage improves with increasing iron content
FractureConchoidal
Mohs scale hardness6.5–7
LusterVitreous to oily
StreakColorless
DiaphaneityTranslucent to transparent
Specific gravity3.2–4.3
Refractive index1.64–1.70
Birefringence+0.036
PleochroismWeak pale yellow-green to yellow, yellow to yellow orange
အရည်ပျော်မှတ်Very high
FusibilityInfusible avoid thermal shock
ပျော်ဝင်သတ္တိSlow in HCl to form gelatinous silica

ဓာတုဖွဲ့စည်းမှု ပြင်ဆင်ရန်

မဂ္ဂနီဆီယံသံဆီလီကိတ် ဖြစ်သည်။ ပုံဆောင်စနစ်မှာ ရွမ်းဘတ်စနစ်(Orthorhombic System) ဖြစ်ပြီး သိပ်သည်းဆ ၃.၃၄ ရှိသည်။ မာဆင့် ၆.၅ ရှိကာ ဖန်ရောင်လက်ဖြစ်သည်။ ပျော့ပျောင်းလွန်းသောကြောင့် ငရဲမီးဒဏ်ကို မခံနိုင်ပါ။ နှစ်စုံအလင်းယိုင်ခြင်း (သို့) ဒွိအလင်းယိုင်ခြင်း ထင်ရှားမှုသည် ပြောင်ခေါင်းစိမ်း၏ ထင်ရှားသည့် ထူးခြားမှုတစ်ခုဖြစ်သည်။ ကျောက်၏ အောက်ခြေမျက်နှာပြင်ရှိအနားစောင်းများကို အထက်မျက်နှာပြင်မှ လှမ်းကြည့်လျှင် စောင်းနှစ်ထပ်အဖြစ် မြင်ရမည်ဖြစ်သည်။

ထွက်ရှိရာဒေသများ ပြင်ဆင်ရန်

မြန်မာတရုတ်ဩစတြေးလျဘရာဇီးတောင်အာဖရိက တို့တွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံသည် ပြောင်ခေါင်းစိမ်းထွက်ရှိသော်လည်း ယခုအခါတွင် အဝါရောင်သန်းသည့် တရုတ်နိုင်ငံထွက် ပြောင်ခေါင်းစိမ်းများကို ဈေးကွက်အတွင်းတွင် ပေါ်များစွာတွေ့ရှိနေရသည်။