ပွင့်ဖြူမြို့နယ်

မကွေးတိုင်းရှိ မြို့နယ်

ပွင့်ဖြူမြို့နယ် သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ပွင့်ဖြူမြို့ဖြစ်သည်။

ပွင့်ဖြူမြို့နယ်
မြို့နယ်
မင်းဘူးခရိုင်အတွင်းတည်​နေရာ
မင်းဘူးခရိုင်အတွင်းတည်​နေရာ
ပွင့်ဖြူမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပွင့်ဖြူမြို့နယ်
ပွင့်ဖြူမြို့နယ်
မင်းဘူးခရိုင်အတွင်းတည်​နေရာ
ကိုဩဒိနိတ်: 20°21′48″N 94°40′10″E / 20.363335°N 94.669334°E / 20.363335; 94.669334
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
ခရိုင်မင်းဘူးခရိုင်
လူဦးရေ (၂၀၀၄)
 • မြို့နယ်၁၆၃,၆၉၂[၁]
 • မြို့ပေါ်၆,၃၅၀
 • ကျေးလက်၁၅၇,၃၄၂
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

တည်နေရာနှင့်အကျယ်အဝန်း ပြင်ဆင်ရန်

ပွင့်ဖြူမြို့နယ်သည် မြောက်လတ္တီတွဒ် (၂၀)ဒီဂရီ (၁၈)မိနစ်နှင့် (၂၀)ဒီဂရီ (၁၉)မိနစ်အကြား အရှေ့ လောင်ဂျီတွဒ် (၉၀)ဒီဂရီ (၃၀)မိနစ်နှင့် (၉၄)ဒီဂရီ (၅၈)မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှအနောက် သို့ (၅၀)မိုင်နှင့် တောင်မှမြောက်သို့ (၂၀)မိုင် ရှည်လျားသည်။ ပွင့်ဖြူမြို့နယ်၏ အကျယ်အဝန်းမှာ (၄၇၁.၀၄) စတုရန်းကီလိုမီတာ နှင့် လူဦးရေသိပ်သည်းဆမှာ ၁၃၄.၂ ဦး ရှိသည်။


နယ်နိမိတ် ပြင်ဆင်ရန်

ပွင့်ဖြူမြို့နယ်၏ အရှေ့ဘက်တွင် ရေနံချောင်းမြို့နယ် ၊ တောင်ဘက်တွင် မင်းဘူး(စကု)မြို့နယ် နှင့် ထိစပ်လျက်ရှိသည်။ အနောက်ဘက်တွင် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ် တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် စလင်းမြို့နယ် တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

ပွင့်ဖြူမြို့နယ်၏ အလယ်တွင် မုန်းချောင်းဖြတ်သန်း စီးဆင်းနေသဖြင့် မုန်းချောင်းချိုင့်ဝှမ်းရှိပြီး ညီ ညာပြန့်ပြူးသည်။ မြို့နယ်၏ သုံးပုံနှစ်ပုံမှာ ညီညာသော မြေပြန့်လွင်ပြင်ဖြစ်ပြီး မြို့နယ်၏ အနောက် ဘက်ခြမ်း သုံးပုံတစ်ပုံမှာ တောင်ကုန်းတောင်တန်းများ ရှိသည်။ ထင်ရှားသော တောင်များမှာ လွမ်းတောင်မြကျိုင်းတောင် နှင့် သံဆည်တောင် တို့ဖြစ်သည်။


ရေဆင်း ပြင်ဆင်ရန်

ပွင့်ဖြူမြို့နယ်တွင် တောင်ကုန်းတောင်တန်းများ ပေါများသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများ သည် မြောက်မှတောင်သို့ စီးဆင်းလျက် ရှိသည်။ ပွင့်ဖြူမြို့နယ်၏ အလယ်တွင် မုန်းချောင်း မှာ အနောက် မှ အရှေ့သို့ စီးဆင်းလျက်ရှိပြီး ဧရာဝတီမြစ် မှာ မြောက်မှတောင်သို့ စီးဆင်းသည်။ မုန်းချောင်းရေမှာ ရေချို ဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုသည်။ မုန်းချောင်းမှာ နွေရာသီတွင် ရေအနက်(၃)ပေခန့် သာရှိ၍ သာမန်လှေများသာ သွားနိုင်သည်။


ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ပြင်ဆင်ရန်

ပွင့်ဖြူမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့် (၂၀၀)ပေတွင် တည်ရှိသည်။


ရာသီဥတု ပြင်ဆင်ရန်

ပွင့်ဖြူမြို့နယ်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်(၄၁)ဒီဂရီစင်တီဂရိတ် နှင့် အနိမ့်ဆုံးအပူချိန်မှာ (၁၄)ဒီဂရီစင်တီဂရိတ်ဖြစ်သည်။


သဘာဝပေါက်ပင်များ ပြင်ဆင်ရန်

ပွင့်ဖြူမြို့နယ်အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ကျွန်းပျဉ်းကတိုး၊ အင်ကြင်း၊ ရှား၊ ဒဟတ်၊ သန်း၊ ထောက်ကြံ့၊ မျှင်ဝါး၊ သစ်စေး၊ လွန်ဘို၊ တည်ပင်တို့ဖြစ်ပြီး ဆေးဘက်ဝင်သည့် အပင် များမှာ ဇီးဖြူ၊ ဝံအူ၊ စာသူငယ်ဦးနှောက်တို့ ဖြစ်သည်။


ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် ကျေးရွာများ ပြင်ဆင်ရန်

ပွင့်ဖြူမြို့နယ်တွင် ပွင့်ဖြူမြို့ပေါ် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၅၂) အုပ်စု ၊ ကျေးရွာပေါင်း (၂၀၅) ကျေးရွာ ရှိသည်။ ပွင့်ဖြူမြို့ပေါ်ရှိ ရပ်ကွက်များမှာ - အရှေ့ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နှင့် သက်တော်ရှည်ရပ်ကွက် တို့ ဖြစ်သည်။


လူဦးရေ ပြင်ဆင်ရန်

ပွင့်ဖြူမြို့နယ် တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း ၁၆၃၆၉၂ ဦး ရှိသည်။[၂]


ထင်ရှားသည့် စေတီများ ပြင်ဆင်ရန်


ထင်ရှားသည့် ဈေးများ ပြင်ဆင်ရန်

  • ၁။ မြို့မဈေး (အရှေ့ပိုင်းရပ်ကွက်)
  • ၂။ လယ်ကိုင်းဈေး (လယ်ကိုင်းကျေးရွာ)
  • ၃။ ကျောင်းတော်ရာဈေး (ကျောင်းတော်ရာကျေးရွာ)
  • ၄။ ရှောက်တောဈေး (ရှောက်တောကျေးရွာ)
  • ၅။ ကုန်းဇောင်းဈေး (ကုန်းဇောင်းကျေးရွာ)


ကိုးကား ပြင်ဆင်ရန်

  1. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၂)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၅၆
  2. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ