ပွေးကိုင်းပင်
Senna alexandrina
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးရင်းသေး:
မျိုးဇာတ်:
မျိုးဇာတ်သေး:
မျိုးစု:
Senna

အမျိုးအစား မျိုးစိတ်
Senna alexandrina Mill.
Species

Around 250, see text

Synonyms

Cathartocarpus (partim)
Chamaefistula
Diallobus
Earleocassia
Herpetica
Isandrina
Palmerocassia
Pseudocassia

Indian Senna (ပွေးကိုင်း) ပြင်ဆင်ရန်

  • Botany Term : Cassia angustifolia Vahl
  • Species/Family : Caesalpiniaceae


ပုံသဏ္ဌာန် : ချုံပင်ပျော့မျိုးဖြစ်သည်။ ငှက်မွေးရွက်ပေါင်းဖြစ်၍ ရွက်မြွာလေးများ သုံးစုံမှ ခုနစ်စုံ အထိရှိသည်။ ရွက်မြွာများသည် ရှည်မျောမျောဖြစ်၍ ရွက်ထိပ်ဝိုင်းသည်။ အစိမ်းဖျော့ ရောင်မှ အဝါရောင်သန်းသော အစိမ်းရောင်ရှိသည်။ ထိပ်ထွက် သို့မဟုတ် ကြားထွက်ပန်းခိုင်ဖြစ်၍ အဝါရောင် အပွင့်များပွင့်သည်။ အသီးသည် ပြားချပ်၍ အက်ကွဲသီးတောင့် ဖြစ်သည်။ အပင်-- အကိုင်း အခက် များ သော ပင်ငယ် ပင် ပျော့ မျိုးဖြစ်သည်။ အမြင့် ၃ ပေ ခန့် ရှိ၍ နှစ်ရှည်ခံ ပင်ဖြစ်သည်။ အရွက်-- ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ ရွက်မြွှာ များ ငှက်တောင် ပုံသဏ္ဌာန် ရှိ၍ အရင်း သွယ်ပြီး ထိပ်ချွန်သည်။ မျက်နှာချင်း ဆိုင်ထွက်၍ ၅ စုံမှ ၈ စုံထိ ပါရှိ၏။ ရွက်ပြား ချော၍ စိမ်းမှိုင်းသော အရောင် ရှိပြီး ရွက်နား ညီသည်။ အပွင့်-- အဝါရောင် ရှိသည်။ ဝါဆို ဝါခေါင်လ တွင် ပွင့်သည်။ အသီး-- သီးတောင့်ရှည် ဖြစ်သည်။ ပြား၍ အနည်းငယ် ကွေးပြီး ချောမွေ့သည်။ ချိုသော အရသာ ရှိသော်လည်း အော့အန်တတ်၏။ သီတင်းကျွတ် မှ နတ်တော်လ အတွင်း သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : - မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : -- မြန်မာ နိုင်ငံ အလယ်ပိုင်း (အပူပိုင်း) ဒေသများ တွင် စိုက်ပျိုး ပေါက်ရောက် နိုင်သည်။ တစ်နှစ်လျှင် မိုးရေချိန် ၄၀ လက်မ ထက် မပိုသည့် အပူချိန် ၅၀ ဒီဂရီ ဖာရင်ဟိုက် မှ ၁၀၅ ဒီဂရီ ဖာရင်ဟိုက် ရှိ ဒေသ များတွင် ဖြစ်ထွန်းသည်။ ပေါက်ရောက်ပုံ စိုက်ပင် အဖြစ် ပေါက်ရောက် ၏။ ၇။ စိုက်ပျိုးပုံ-(က)စိုက်ပျိုးခြင်း-- မျိုးစေ့ ကို တိုက်ရိုက် ချ စိုက်သည်။ တစ်ပင် နှင့် တစ်ပင် ၂ ပေ ကွာ လေးကွက်ကြား စိုက်ပျိုး ရသည်။ ထို့ကြောင့် စိုက်ပျိုးရာ၌ လွယ်ကူစေရန် ထွန်သွား ကို ၃ ပေ ခြားပြီး လေးကွက်ကျား ကြောင်းဆွဲ၍ ၎င်းတို့ ဆုံသော နေရာ များတွင် မျိုးစေ့ ၃ စေ့ မှ ၅ စေ့ အထိ ထည့်ပြီး ကြမ်းတုံးဖြင့် မြေညှိ ပေးရ၏။ (ခ)ပြုစုခြင်း-- ပွေးကိုင်း သည် စိုက်ပြီးနောက် ၂ လ အတွင်း အပင်ပေါက် ကလေးများ အား အခြား ပေါင်းပင် များက အလွယ်တကူ ဖုံးလွှမ်း သွားနိုင် သဖြင့် ပေါင်းရှင်း ပေးခြင်း များ ဆောင်ရွက် ရန် အရေးကြီးသည်။ နောက်ပိုင်း အခြေ အနေ ကြည့်၍ ပေါင်းရှင်း မြေဆွ ခြင်းများ ဆောင်ရွက် ရသည်။(ဂ)ရိတ်သိမ်းခြင်း-- စိုက်ပြီး ၃-၄ လ အကြာတွင် အရွက် များကို စတင် ဆွတ်ခူး နိုင်သည်။ ဆွတ်ခူး သော အခါ အပင်၏ အောက်ခြေ ပိုင်းမှ အရွက် များကို စတင် ဆွတ်ခူး ရသည်။ တစ်ကြိမ် ခူးပြီး နောက် ၇ ရက်မှ ၁၅ ရက် ခြားတွင် တစ်ကြိမ် ထပ်မံ ဆွတ်ခူး နိုင်သည်။(ဃ)ပြုပြင်ခြင်း-- ပွေးကိုင်း ရွက်များအား ဆေး အကျိုး အာနိသင် မလျော့ပေါ့ စေရန် အတွက် အရိပ် အောက်တွင် အခြောက် လှန်းရန် လိုသည်။ နေပူရှိန် ကောင်းပါက ၃ ရက် အတွင်း ခြောက်နိုင်သည်။ မခြောက်လွန်း မစိုလွန်းသော ပွေးကိုင်း ရွက်များ ရရှိ နိုင်ရန် အတွက် အထူး ဂရုပြု ထိန်းသိမ်း ရမည်။ ၈။ အသုံးပြုသည့်အစိတ်အပိုင်း-- အရွက် ကို သာမက အရွက်၏ အရိုး၊ အမြစ် နှင့် အသီးခွံ များကို လည်း ဆေးဖော်စပ် ရာ၌ အသုံးပြု နိုင်သည်။ အသုံးဝင်ပုံ : ၉။ အာနိသင်-- မြန်မာ ဆေးကျမ်း များအလို အရ ပွေးကိုင်း သည် ချုပ်ခြင်း ကို ကင်းဝေးစေတတ် ၏။ ဆာလောင်ခြင်း ကို ဖြစ်စေ၏။ အသက် ရှူရာ၌ အနံ့ မကောင်း ခြင်းကို ပျောက်စေ၏။ ၁၀။ အသုံးဝင်ပုံ-အရွက်--၁။ ပွေးကိုင်း အရွက်ကို ဝမ်းဗိုက် အောင့်ခြင်း၊ အသည်း ရောဂါ၊ ဖျဉ်းရောဂါ၊ သည်းခြေ ချဉ်ပြန်၊ အစာမကြေ၊ နူနာ၊ သလိပ် ချောင်းဆိုး၊ မြင်းဖု အစိုနာ၊ ဒူလာ၊ အဆစ် အမျက် ကိုက်ခဲ သော ရောဂါများ ကုသရာ၌ သုံးသည်။၂။ ပွေးကိုင်း ကို ချင်းခြောက်ရေ နှင့် သောက်သော် အစာ မကြေ ရောဂါ ပျောက်၏။ ၃။ ဆီးဖြူသီး ရေနှင့် သောက်သော် နူနာ၊ ရေဖျဉ်း ရောဂါ ပျောက်၏။၄။ ကြိတ်မှန်ရွက် ရေနှင့် သောက်သော် ဆံပင် နက်၏။ ၅။ ပွေးကိုင်း ကို ဝမ်းသက်ဆေး အဖြစ် အထူး ဖော်စပ် အသုံးပြု၏။ အညောင်းပူ ၊ ဆီးပူ၊ ခြေပူ၊ အခိုးပူ နှင့် အပုပ် အခိုး တို့ကို နှိမ်ရန် ဝမ်းနုတ်ဆေး အဖြစ် သုံးလိုသော် နို့ လက်ဖက်ရည် ပန်းကန် တစ်လုံးတွင် ပွေးကိုင်း ပြုတ်ရည် ကျကျ တစ်ဇွန်း သို့မဟုတ် လိုအပ်သလို အခြေအနေ ကြည့် ရောစပ်၍ သောက်ရ၏။[၁]

ရုပ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. http://arogyamonline.com/commodity/materials/?raw=76[လင့်ခ်သေ]