ဖလမ်းဘာသာစကား (ဖလမ်းချင်း၊ Baro Halam ဟုလည်း သိကြ) သည် မြန်မာနိုင်ငံချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ပြောဆိုကြသော ကူကီးဘာသာစကားတစ်ခု ဖြစ်သည်။

ဖလမ်း
ဖလမ်းချင်း
Laiṭawng
ဒေသခံမြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ
ဒေသခံ ပြောဆိုသူများ
(၁၀၇၀၀၀ ရည်ညွှန်း ၁၉၈၃–၂၀၀၁)[၁]
ဒေသိယစကား
  • Zanniat
  • Laizo
  • Zahau
  • Tlaisun
  • Khualsim
  • Lente
  • Chorei
  • Rupini
  • Koloi
  • Tapong
ဘာသာစကားကုဒ်များ
ISO 639-3cfm
Glottologfala1243[၂]

ဖလမ်ချင်းဘာသာစကားသည် အထူးသဖြင့် ဟားခါး (လိုင်) ကဲ့သို့သော အလယ်ပိုင်းချင်းဘာသာစကားများနှင့် အတော် နီးစပ်သည်။[၃]

ဖလမ်းချင်းများသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပြီး သမ္မာကျမ်းစာကို ဖလမ်းချင်းဘာသာသို့ ပြန်ဆိုထားပြီး ဖြစ်သည်။

ဒေသိယစကားများ ပြင်ဆင်ရန်

Ethnologue တွင် အောက်ပါတို့ကို ဖလမ်းချင်းဘာသာစကား၏ ဒေသိယစကားအဖြစ် စာရင်းပြုထားသည်။

Ethnologue တွင် ၁၉၈၃ ခုနှစ် စာရင်းများအရ ဖလမ်းချင်းစကားပြောဆိုသူဦးရေမှာ ၉,၀၀၀ (တိုင်ချွန်း)၊ ၁၆,၀၀၀ (ဇန်ညှပ်)၊ ၇,၀၀၀ (ခွာဆင်းမ်)၊ ၄,၀၀၀ (ဂွေးတဲ)၊ ၁၄,၄၀၀ (ဇာဟောင်) နှင့် ၁၈,၆၀၀ (လိုင်ဇို) တို့ ဖြစ်ကြသည်။

စာရေးစနစ် ပြင်ဆင်ရန်

ဖလမ်းချင်းဘာသာစကားကို ရောမပုံစံ သို့မဟုတ် အင်္ဂလိပ်အက္ခရာများ ဖြင့် ရေးသားသည်။ သို့သော် Q, Y, J နှင့် X တို့ မပါဝင်ပေ။ ဗျည်းအက္ခရာ ṭ (t with dot) နှင့် ng (လည်ချောင်းသံ) နှင့် aw သရများကို အရေးနှင့် အပြော နှစ်မျိုးစလုံးတွင် အသုံးပြုကြသည်။

ဖလမ်းချင်း စာလုံးများ ပြင်ဆင်ရန်

ဗျည်းများမှာ - b c d f g h j k l m n p r s t ṭ v z တို့ ဖြစ်ပြီး သရများမှာ -

a – as in amphibious
aw – as in omega (Long vowel)
e – as in example
i – as in interesting
o – as in son (Short vowel)
u – as in due

တို့ ဖြစ်သည်။

ဖလမ်းချင်းဘာသာစကားတွင် အပြောအတွက် သရ ငါးမျိုးရှိသော်လည်း အရေးအတွက် သရ ၆ မျိုးဖြစ်သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. ဖလမ်း at Ethnologue (18th ed., 2015)
  2. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Falam Chin"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
  3. King၊ Deborah (2010)။ VOICE AND VALENCE-ALTERING OPERATIONS IN FALAM CHIN: A ROLE AND REFERENCE GRAMMAR APPROACH။ Arlington, Texas: The University of Texas at Arlington။
  4. Chin Writers' Handbook။ Grand Rapids, Michigan, USA: Bibles International။ 2011။