ဖာဆေးဂက်ဘီ (တော်ဝင်ခြံဝင်း) သည် အီသီယိုးပီးယားနိုင်ငံ ဂွန်ဒါမြို့ တွင်းမှ ခံတပ်မြို့တော်၏ အကြွင်းအကျန် များဖြစ်သည်။ ၁၇ ရာစု နှင့် ၁၈ ရာစုများ အတွင်းတွင် ဘုရင် ဖာဆေးလိုက်ဒ် (ဖာဆေး) မှ တည်ထောင်ခဲ့ပြီး အီသီယိုးပီးယား ဘုရင်များ၏ နေထိုင်ရာ ဖြစ်ခဲ့သည်။ ၎င်း၏ တသီးတခြား ဖြစ်နေသော ဗိသုကာ လက်ရာများတွင် နျူဘီယန် စတိုင်လ် အပါအဝင် ဒေသ အသီးသီးမှ လွှမ်းမိုးမှုများကို တွေ့မြင်နိုင်သည်။ ၁၉၇၉ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ် နေရာ အဖြစ် သတ်မှတ်ခဲ့သည်။ ဂက်ဘီ ဆိုသည်မှာ အမ်ဟာရစ် ဘာသာစကားဖြင့် ခြံဝင်း ဟု အဓိပ္ပာယ်ရသည်။[၁]

ဖာဆေးဂက်ဘီ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

ဖာဆေးလိုက်ဒ်၏ နန်းတော်
တည်ရှိသည့် နိုင်ငံ  အီသီယိုးပီးယား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း ii, iii
ကိုးကား 19
ဒေသ** အာဖရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ထိုအဆောက်အဦးများထဲတွင် ဖာဆေးလိုက်ဒ်၏ ရဲတိုက်၊ အီယာစု ၁ ၏ နန်းတော်၊ ဒါဝတ် ၃ ၏ ခန်းမှ ၊ ဧည့်ခံပွဲခန်းမ၊ မြင်းဇောင်းများ၊ ဘုရင်မ မန်တီဝပ်၏ ရဲတိုက်၊ ချန်ဆဲလရီ၊ စာကြည့်တိုက်နှင့် ဘုရားရှိခိုးကျောင်း ၃ ခု ပါဝင်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Appleyard၊ David (2013)။ Colloquial Amharic (2nd ed.)။ Routledge။