ဖျားနာခြင်း

ရောင်ရမ်းတုန့်ပြန်မှုကြောင့်ခန္ဓာကိုယ်အပူချိန်တိုးမြင့်လာခြင်း

ကမ္ဘာပေါ်မှာ လူတိုင်းလူတိုင်း မွေးစကနေ သေဆုံးတဲ့အချိန်အထိ ဖျားနာခြင်းကို လူတိုင်း ကြုံတွေ့ဖူးကြမှာပါ ။ ခန္ဓာကိုယ် ကနေ လုပ်ဆောင်ချက်အားလုံးဟာ ပုံမှန်ကတစ်ဆင့် သွေဖည်လာပြီဆိုရင်တော့ ဖျားနာခြင်းဆိုတာ ဟာ လက္ခဏာ တစ်ခုအနေနဲ့ ဝင်ရောက်လေ့ရှိပါတယ် ။ လူကြီးတွေမှာ fever ဝင်ပြီဆိုရင်မသက်မသာ ခံစားရလေ့ ရှိပြီး ကိုယ်အပူချိန် 103' F (39.4 C) ထိ မရောက်ခင်အထိတော့ ဖျားခြင်းဟာ အန္တရာယ် သိပ်မရှိ လှပါဘူး ။ လူငယ်တွေနဲ့ မွေးကင်းစကလေးတွေမှာတော့ အပူချိန်လေး နည်းနည်းတက်ခြင်းမှာတောင်မှ ပြင်းထန်သော ပိုးဝင်မှု (Infection) ဝင်တာတွေ ဖြစ်နိုင်ပါတယ် ။

ဒါပေမယ့်လည်း ကိုယ်အပူချိန်ဘယ်လောက်များရင် ရောဂါ ရဲ့ ပြင်းထန်မှု ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတတ်ပြော လို့မရပါဘူး ။ သာမန်ဖျားနာမှုလေးမှာလည်း ကိုယ်အပူချိန်အများကြီးတက်နိုင်သလို ပြင်းထန်တဲ့ ဖျားနာမှုတွေမှာလည်း အပူချိန်နည်းနည်းလေးပဲ ရှိနိုင်ပါတယ် ။ ပုံမှန်အားဖြင့် ရက်အနည်းငယ်ကြာရင် ကိုယ်အ ပူချိန်ကျသွားလေ့ရှိပါတယ် ။ တစ်ခါတရံ ဘာဆေးမှ မသောက်ပဲ နေခြင်းကလည်းပိုပြီးကောင်းမွန်ပါတယ် ။ တကယ်တော့ ကိုယ်အပူချိန်တက်ခြင်းဆိုတာ သင့်ရဲ့ ခန္ဓာကိုယ်ကနေ ပြင်ပမှဝင်ရောက်လာတဲ့ပိုးမွှားတွေကို ပြန်လည် တိုက်ထုတ်တဲ့ ဖြစ်စဉ် Mechanism တစ်ခုပဲဖြစ်ပါတယ် ။

ဖျားနာခြင်း၏ လက္ခဏာများ ပြင်ဆင်ရန်

သင့်ရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ ပုံမှန်ထက်အမြင့်မှာ ရှိနေပြီဆိုရင်တော့ သင်ဟာ Fever ရှိနေပါပြီ ။ ပုံမှန်ကိုယ် အပူချိန်ဟာ 98.6°F ( 37° C) ရှိရမှာဖြစ်ပါတယ် ။ ဖျားနာခြင်းကို ဖြစ်စေတဲ့ ဇစ်မြစ်အချက် အလက်တွေအပေါ် မူတည်ပြီးတော့ ရောဂါ လက္ခဏာတွေဟာလည်း ကွဲပြားခြားနားမှု ရှိနိုင်ပါတယ် ။ အဲဒါတွေကတော့

- ချွေးထွက်များခြင်း - ချမ်းတုန်ခြင်း - ခေါင်းကိုက်ခြင်း - ကြွက်သားများနာခြင်း - အစားအသောက်ပျက်ခြင်း - ရေဓာတ်ဆုံးရှုံးခြင်း - မောပန်းနွမ်းနယ်ခြင်း စသည်တို့ဖြစ်ပါတယ် ။

အပူချိန်တွေအရမ်းမြင့်တဲ့ 103°F (39.4°C) နဲ့ 106°F (41.1°C ) ကြားမှာဆိုရင်တော့

- ထင်ယောင်ထင်မှားဖြစ်ခြင်း - သတိလစ်ခြင်း - ဂနာမငြိမ်ဖြစ်ခြင်း - တက်ခြင်း - ရေဓာတ်ဆုံးရှုံးခြင်းစသည်တို့ဖြစ်ပါတယ် ။

မွေးကင်းစကလေးငယ်တွေမှာ ရှင်းပြလို့မရနိုင်တဲ့ Unexplained fever ဟာ လူကြီးတွေ ထက်ပိုပြီး အဖြစ်များ ပါတယ် ။ ကလေးငယ်ဟာ အပူချိန် 101°F (38.3°C) ထက်ပိုများလာပြီဆိုရင်တော့ ဆရာဝန်ကိုခေါ် ဖို့လိုပါပြီ ။ အကယ်၍ အောက်မှာဖော်ပြထားတဲ့အချက်တွေရှိရင်လည်းဆရာဝန်ကို ပြဖို့လိုပါတယ် ။

၃ လအောက်ကလေးငယ်တွင် ဖျားနာခြင်း - အစာကျွေးခြင်း နို့တိုက်ခြင်းအား ငြင်းဆန်နေခြင်း - ကိုယ်အပူချိန်ကြီးပြီး ဂဏာမငြိမ်ဖြစ်နေခြင်း (ဥပမာ အောက်ခံ diaper လဲပေးသည့်အချိန်တွင် ပြင်းထန်စွာ ကန်ကြောက် ၍ ငိုခြင်း) - ကိုယ်အပူချိန်ကြီးပြီး မှိန်းနေခြင်း ( ကလေးငယ်တွေနဲ့ ၂ နှစ် အောက်ကလေးတွေမှာ ဒါဟာ ဦးနှောက် အမြှေးယောင်ခြင်း Meningitis ရဲ့လက္ခဏာ ဖြစ်နိုင်ပါတယ် ။ Meningitis ဆိုတာ Spinal cord နဲ့ ဦးနှောက်ကို ကာရံထားတဲ့ အမြှေးပါး membrane နဲ့ အရည်တွေမှာ ပိုးဝင်ပြီး ရောင်ရမ်းခြင်းဖြစ်ပါတယ် ။ သင်ရဲ့ကလေး ငယ်ဟာ meningitis ဖြစ်နေတယ်လို့ သံသယရှိရင်တော့ ဆရာဝန်ဆီအမြန်ပြသဖို့ လိုအပ်နေပါပြီ ။ - မွေးကင်းစကလေးငယ်တွင် ပုံမှန်အပူချိန်ထက်နည်းနေခြင်း ( 97'F - 36.°C ထက် နည်းနေခြင်း ကိုဆိုလို ပါတယ် ။ ကလေးငယ်တွေဖျားနာရင် ခန္ဓာကိုယ်မှာ အပူချိန်ကို ထိမ်းမထားနိုင်ပါဘူး ။ ဒါကြောင့် ပူတာ လည်းဖြစ်နိုင် သလို အေးတာလည်းဖြစ်နိုင်ပါတယ် )

အကယ်၍ သင့်ကလေးငယ်ဟာ ခဏခဏ အန်နေပြီဆိုရင် ၊ အပူချိန်ဟာ ရက်ကြာရှည်နေ ပြီဆို ရင်တော့ ဆရာဝန်နဲ့ပြသတာအကောင်းဆုံးပါပဲ ။ ဆက်လက်ပြီးတော့ ဖျားနာခြင်းနဲ့အ တူအောက်ပါ လက္ခဏာ များ ပါရှိလာရင်တော့ သတိထားပြီး ဆေးကုသမှုခံယူရမှာဖြစ်ပါတယ် ။

- ခေါင်းအလွန်အမင်းကိုက်ခြင်း - လည်ပင်းရောင်ခြင်း - အရေပြားတွင်အကွက်များပေါ်ခြင်း ၊ ပိုမိုဆိုးရွားလာခြင်း - တောက်ပသော အလင်းရောင်များအား ဓာတ်မတည့်ခြင်း - လည်ပင်းခိုင်ခြင်း လည်ပင်းအရှေ့သို့ကွေးမရခြင်း - စိတ်ကစဉ့်ကလျားဖြစ်ခြင်း - အမြဲတမ်းအန်နေခြင်း - အသက်ရှူခက်ခဲခြင်း ၊ ဂနာမငြိမ်ဖြစ်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း - ဗိုက်အောင့်ခြင်း ၊ ဆီးသွားစဉ်နာကျင်ခြင်း စသည်တို့ဖြစ်ပါတယ် ။


ဘာလို့ ဖျားနာကြသလဲ

သင့်ရဲ့ခန္ဓာကိုယ်အပူချိန်ဟာ နေ့တိုင်းနေ့တိုင်းမှာ ပြောင်းလဲနိုင်ပါတယ် ။ မနက်ပိုင်းမှာ အပူချိန် ကျပြီး နေ့လယ်နဲ့ညနေတွေမှာ အပူချိန်များနိုင်ပါတယ် ။ တကယ်တော့ ခန္ဓာကိုယ်ပုံမှန်အပူချိန်ဟာ ၉၇ ဖာရင်ဟိုက် ကနေ ၉၉ ဖာရင်ဟိုက်အတွင်းမှာ ရှိနေနိုင်ပါတယ် ။ လူအချို့ကတော့ ၉၈.၅ ဖာရင်ဟိုက် ကျော်ရင် ဖျားနာပြီလို့ သတ်မှတ်လေ့ရှိကြတယ် ။ ဒါပေမယ့် သွေးဆင်း ချိန်ကာလအတွင်း နဲ့ လေ့ကျင့်ခန်းအပြင်းအ ထန်လုပ်နေချိန် အတွင်းမှာလည်း သင့်ရဲ့အပူချိန်တက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့ ။ ဖျားနာခြင်းကိုဖြစ်စေနိုင် တဲ့အချက်တွေကတော့

- ဗိုင်းရပ်နဲ့ ဘတ်တီးရီးယားပိုးမွှားများဝင်ရောက်ခြင်း - အပူရှပ်ခြင်း - နေပူရှိန်ထဲ အချိန်ကြာမြင့်စွာနေခြင်း - လေးဖက်နာ အဆစ်မြစ်နာများရှိခြင်း - ကင်ဆာ အဖုအကြိတ်များရှိခြင်း - အတက်ကျဆေးနှင့်သွေးပေါင်ကျဆေး များ ၊ ပိုးသတ်ဆေးများသောက်သုံးနေခြင်း - ဆုံဆို့ကြက်ညှာ မေးခိုင် စသည့် ကာကွယ်ဆေးများထိုးခြင်း

တစ်ခါတစ်ရံမှာ ဖျားနာခြင်းဘာကြောင့်ဖြစ်တယ်ဆိုတာ ခွဲခြားနေဖို့မလိုပါဘူး ။ အပူချိန် ၁၀၁ ဖာရင်ဟိုက်ကျော် သွားရင် ဒါမှမဟုတ် သုံးပတ်ထက်ပိုပြီးဖျားနေရင် ဒါဟာ ဆရာဝန်ကလည်း ဘာမှ ရောဂါဇစ်မြစ်ရှာလို့မရတဲ့ ( Pyrexia of Unknow origin - PUO ) လို့ သတ်မှတ်ပါတယ် ။

နောက်ဆက်တွဲပြဿနာများ ပြင်ဆင်ရန်

ဖျားနာခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေထဲမှာ ရေဓာတ်အလွန်အမင်းဆုံးရှုံးခြင်း ၊ ထင်ယောင်ထင်များဖြစ်ခြင်း ၊ သတိလစ်၍ တက်ခြင်းစတာတွေဖြစ်နိုင်ပါ့တယ် ။ အဖျားကြီးပြီးတက်တယ်ဆိုရင်တော့ Febrile seizures လို့ခေါ်ပါ တယ် ။ တက်တဲ့အခါမှာ သတိလစ်ပြီးတော့ ခြေလက်တွေ တုန်ယင်ပြီးဖြစ်တတ်ပါတယ် ။ အချိန်မကြာမြင့်စေ ဖို့ အောက်ပါအချက်တွေကိုလုပ်ဆောင်နိုင်ပါတယ် ။

- ကလေးကို အစာအိမ်ကို ကြမ်းပြင်ဖက်ထားပြီး လဲလျောင်းထားပါ ။ - ကလေးအနီးအနားမှ ချွန်ထက်သော အရာများကိုဖယ်ရှားပေးပါ ။ - တင်းကြပ်သောအဝတ်အစားများကို ဖယ်ပါ ။ - ကလေးငယ်ကို ဒဏ်ရာရစေခြင်းမှ ကာကွယ်ပါ ။ - ကလေးငယ်ရဲ့ပါးစပ်ထဲကို မည်သည့်အရာမှ မဝင်ပါစေနဲ့ ။ တက်ခြင်းကို ရပ်တန့်အောင် ကြိုးစားပါ ။

Seizures အများစုဟာ သူ့ဘာသာသူ ပြန်ရပ်သွားတာများပါတယ် ။ ကလေးကို တက်ပြီးပြီးချင်း ဖြစ်စေတဲ့မူရင်း ဇစ်မြစ်ကိုသိအောင် ဆရာဝန်နဲ့အမြန်ပြသဖို့လိုပါတယ် ။ တက်တာဟာ ၁၀ မိနစ်ကျော်သွားပြီဆိုရင်တော့ အရေးပေါ် ခေါ် ဖို့လိုနေပါပြီ ။

စမ်းသပ်စစ်ဆေးမှုများ ပြင်ဆင်ရန်

ဆရာဝန်က သင့်ရဲ့ ရောဂါလက္ခဏာနဲ့စမ်းသပ်စစ်ဆေးမှုတွေပေါ်မူတည်ပြီးတော့ ပိုးဝင်ခြင်းကြောင့်ဖြစ်တာလား သာမန် လား ဆိုတာ ခွဲခြားပါလိမ့်မယ် ။ ဒါကြောင့် သွေးစစ်တာလောက်တော့လုပ်ဖို့လိုပါတယ် ။ သုံးပတ် ထက်ကျော် ပြီးငွေ့ငွေ့လေးဖျားနေတယ် ပြီးတော့ ဘာလက္ခဏာမှလည်းမရှိဘူးဆိုရင်တော့ အနည်းဆုံးလုပ် ရမှာကတော့ သွေးစစ်တာနဲ့ ဓာတ်မှန်ရိုက်ခြင်းဖြစ်ပါတယ် ။

ဘယ်လိုကုသမလဲ ပြင်ဆင်ရန်

အဖျားအနည်းငယ်ပဲရှိတယ်ဆိုရင် ဆရာဝန်က ကိုယ်အပူချိန်ကို အလျှင်စလို ချပစ်လေ့မရှိပါဘူး ။ လက္ခဏာတွေပြပြီး အဖျားကြာရှည်မှသာလျှင် ရောဂါရဲ့ ဇစ်မြစ်ကို သိဖို့ ခက်ခဲလေ့ရှိပါတယ် ။ ကျွမ်းကျင် သူတွေကတော့ ကိုယ်အပူချိန်ကို အလွန်အမင်းချပစ်ခြင်းဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ထိခိုက်စေတယ်လို့ ယုံကြည်ကြပါတယ် ။ ဗိုင်းရပ်စ်တွေကလည်း ဖျားနာခြင်းကိုဖြစ်စေပြီး တခြား အသက်ရှုလမ်းကြောင်း ဆိုင်ရာပိုးဝင်တာတွေကိုဖြစ်စေပါတယ် ။ အဖျားအရမ်းကြီးရင်တော့ အောက်ပါဆေးတွေကို သုံးစွဲနိုင်ပါတယ် ။

- ပါရာစီတမော ၊ ibuprofen ( ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးစွဲသင့်ပါတယ် ၊ အများကြီးသောက် သုံးခြင်း ကို ရှောင်ရှားရပါမယ် ။ ပါရာစီတမောကို အများကြီးသောက်သုံးခြင်းနဲ့ ရေရှည်သောက်ခြင်းဟာလည်း အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်စေပါတယ် ။ ဆေးသောက်လွန်သွားရင် သေနိုင်တဲ့အထိဖြစ်နိုင်ပါတယ် ။ အဖျား ၁၀၂ အောက် မှာတော့ အဖျားကျဆေးတွေကို ဆရာဝန်ရဲ့အကြံဉာဏ်မပါပဲ တိုက်ကျွေးလို့ရပါတယ် ။ - Aspirin ( လူကြီးပဲတိုက်ရမှာဖြစ်ပါတယ် ။ ကလေးတွေကို တိုက်လို့မရပါဘူး ။ ရှားပါးတဲ့ သေနိုင်တဲ့ Reye's syndrome ဖြစ်နိုင်ပါတယ် ။

ကိုယ့်ရဲ့ ဖျားနာခြင်းဖြစ်စေတဲ့အကြောင်းတွေကိုမူတည်ပြီးဆရာဝန်က ပိုးသတ်ဆေးတွေညွှန်ပေးမှာဖြစ်ပါတယ် ။ အထူး သဖြင့် နမိုးနီယားနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတွေမှာဖြစ်ပါတယ် ။ Antibiotic တွေဟာ ဗိုင်းရပ်ပိုးဝင်ခြင်းကို မကုနိုင်ပါဘူး ။( ဥပမာ Gastroenteritits and mononucleosis ရောဂါတွေဖြစ်ပါတယ် ) Virus ကိုကု ဖို့ antiviral ဆေးတွေတော့ရှိပါတယ် ။ ဗိုင်းရပ်ဝင်တာကိုအကောင်းဆုံးကုသခြင်းကတော့ တခါတရံ အနား ယူပြီး အရည်ရွှမ်းတဲ့အသီးတွေစားသုံးခြင်းပဲဖြစ်ပါတယ် ။

အိမ်မှာဆိုဘယ်လိုလုပ်သင့်သလဲ ပြင်ဆင်ရန်

၁ ။ အရည်ရွှမ်းတဲ့သစ်သီးတွေစားပါ ( အရည်ဆုံးရှုံးခြင်းကို ကာကွယ်ပေးနိုင်ပြီး တစ်နှစ်အောက် ကလေး ငယ်တွေမှာ ကလေးဓာတ်ဆားတွေသောက်ဖို့လိုပါတယ် ။ ဒီလို ဓာတ်ဆားတွေမှာ ရေနဲ့ electrolytes တွေ အချိုးကျပါဝင်ပါတယ် ။

၂ ။ အနားယူပါ ။( ကောင်းကောင်းအနားယူဖို့လိုပါတယ် လှုပ်ရှားမှုများခြင်းဟာလည်း အပူချိန်ကို တက်စေ ပါတယ်)

၃ ။ ရေပတ်တိုက်ပေးပါ ။ ( ရေနွေးနွေးနဲ့စိမ်ထားတဲ့ ရေပတ်ဝတ်နဲ့ ကိုယ်အပူချိန်ကျအောင်တိုက်ပေးနိုင်ပါတယ် ။ အကယ်၍ ရေပတ်တိုက်ရင်းနဲ့ချမ်းတုန်လာရင်တော့ ရေပတ်တိုက်တာကိုရပ်လိုက်ပါ ဘာကြောင့်လည်းဆိုတော့ ချမ်းတုန် တယ်ဆိုတာ ခန္ဓာကိုယ်အတွင်းအပူချိန်တွေမြင့်တက်လာတာဖြစ်ပြီး ကြွက်သားတွေကို အပူ ထွက်အောင် လှုပ်ခါနေခြင်းဖြစ်ပါတယ် ။

ဘယ်လိုကာကွယ်မလဲ ပြင်ဆင်ရန်

အကောင်းဆုံးနဲ့ဖျားနာခြင်းကိုကာကွယ်တဲ့နည်းကတော့ ရောဂါပိုးမွှားတွေ ထိတွေ့မှု နည်းအောင်နေ ထိုင်ခြင်းဖြစ် ပါတယ် ။ ရိုးရှင်းဆုံးနည်းလမ်းကတော့ လက်ခဏခဏဆေးခြင်းပါပဲ ။ ကလေးတွေကို ကစားပြီး တိုင်း အစာ မစားခင် အိမ်သာမှ ဆင်းလာတိုင်း ကြမ်းပြင်ပေါ်တွားတွား ဆော့ကစားတိုင်း လက်ဆေးပေးဖို့ လက်ဆေးဖို့ အကြံဉာဏ်ပေးဖို့လိုပါတယ် ။ ကလေးတွေကို ဖုန်မှုန့်သဲတွေ နဲ့ဆော့ ကစားပြီး တိုင်း နှာခေါင်း ပါးစပ်နဲ့မျက်လုံးတွေကို မထိမိအောင် သင်ကြားပေးဖို့လိုပါတယ် ။ နောက်ဆုံး အနေနဲ့ကတော့ ကလေးတွေကို လူအစုအဝေးထဲသွားတဲ့အခါ ချောင်းဆိုးခြင်း ၊ နှာချေခြင်းနဲ့ကြုံရ တဲ့အခါနှာခေါင်းကို cover လုပ်ထားဖို့ သင်ကြားပေးဖို့လိုအပ်ပါတယ် ။

ကိုးကား ပြင်ဆင်ရန်

http://www.mayoclinic.com/health/fever