ဗိုလ်ချုပ်အောင်ဆန်းဈေး သည် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင်တည်ရှိသည်။ ကိုလိုနီခေတ်ဦးက ယခုဗိုလ်ချုပ်အောင်ဆန်းဈေးနေရာတွင် အယ်လီဖင့်စတုံး၊ အင်ပါရာဖာရစီ ကဇာတ်ရုံနှင့် စီနီမာဒီပဲရစ် ရုပ်ရှင်ရုံများ တည်ရှိခဲ့သည်။ ရန်ကုန်မြူနီစပါယ်အဖွဲ့ (ယခု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ) က ၁၉၂၆ ခုနှစ်တွင် ဈေးသစ်ကြီး ဆောက်လုပ်ခဲ့ရာ မြူနီစပါယ်မင်းကြီးစကော့ကို ဂုဏ်ပြုသောအားဖြင့် စကော့ဈေးဟု အမည်တွင်ခဲ့သည်။ ဂျပန်ခေတ်တွင် ရန်နိုင်ဈေးဟု ခေါ်ဆိုခဲ့ပြီး နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဈေးဟု အမည်ပြောင်းခဲ့သည်။[၁]

ဗိုလ်ချုပ်အောင်ဆန်းဈေး
တည်နေရာဗိုလ်ချုပ်အောင်ဆန်းလမ်း
ပန်းဘဲတန်း ၁၁၁၄၃
ရန်ကုန်မြို့မြန်မာနိုင်ငံ
ကိုဩဒိနိတ်16°46′49.36″N 96°9′20.16″E / 16.7803778°N 96.1556000°E / 16.7803778; 96.1556000ကိုဩဒိနိတ်: 16°46′49.36″N 96°9′20.16″E / 16.7803778°N 96.1556000°E / 16.7803778; 96.1556000
ဖွင့်လှစ်သည့်နေ့စွဲ၁၉၂၆
အထပ်အရေအတွက်
ဝက်ဘ်ဆိုဒ်www.bogyokeaungsanmarket.com
ဗိုလ်ချုပ်အောင်ဆန်းဈေး

ဗိုလ်ချုပ်အောင်ဆန်းဈေးသည် ရှေးဟောင်းအဆောက်အဦး တစ်ခုဖြစ်ပြီး ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ တစ်ခုအဖြစ် သတ်မှတ်ထားရှိသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

စကော့ဈေးအား ၁၉၂၆ ခုနှစ်[၂]တွင် တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံ၌ ဘောလုံးအားကစားကို စတင်မိတ်ဆက်ပေးခဲ့သူ[ကိုးကားချက်လိုသည်] ဗြိတိသျှလူမျိုး အုပ်ချူပ်သူအရာရှိ ဆာ ဂျိမ်း(စ်) ဂျော့ စကော့(ဒ်)အား ဂုဏ်ပြု၍ မှည့်ခေါ်ထားဆိုကြသော်လည်း အမှန်၌ ထိုစဉ်က မြူနီစပါယ်ကော်မရှင်နာမင်းကြီး ဂါဗင် စကော့(ဒ်)အား ဂုဏ်ပြုသောအားဖြင့် မှည့်ခေါ်ခြင်းဖြစ်သည်။[၃] ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဗိုလ်ချူပ်အောင်ဆန်း အား ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချူပ်အောင်ဆန်းဈေးဟူ၍ ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး (2013)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၇။
  2. Bogyoke Aung San Market။ Myanmar's Net။ 4 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-03-10 တွင် ပြန်စစ်ပြီး။
  3. A History of Rangoon by B.R. Pearn, American Baptist Mission Press, Rangoon, 1939, p. 284.


ပြင်ပလင့်များ ပြင်ဆင်ရန်