ဗီဂန်မြို့ (တမ်းပလိတ်:Lang-ilo; တဂ္ဂလော့: Lungsod ng Vigan; Local pronunciation: [ˈbigän]) သည် ဖိလစ်ပိုင်နိုင်ငံ၏ စတုတ္ထအဆင့် မြို့တစ်မြို့ဖြစ်ပြီး အီလိုကော့ ဆိုးပြည်နယ် (တောင် အီလိုကော့ ပြည်နယ်) ၏ မြို့တော်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကောတ်ယူခဲ့သော သန်းခေါင်စာရင်းအရ မြို့တွင် လူဦးရေ ၅၃,၈၇၉ ဦး နေထိုင်ကြသည်။

ဗီဂန်မြို့
Component
City of Vigan
Calle Crisologo
Calle Crisologo
ဗီဂန်မြို့၏ တံဆိပ်တုံး
စည်းတံဆိပ်
ဆောင်ပုဒ်: Viva Vigan!
Map of Ilocos Sur with ဗီဂန်မြို့ highlighted
Map of Ilocos Sur with ဗီဂန်မြို့ highlighted
ဗီဂန်မြို့ သည် ဖိလစ်ပိုင်နိုင်ငံ တွင် တည်ရှိသည်
ဗီဂန်မြို့
ဗီဂန်မြို့
ဖိလစ်ပိုင်နိုင်ငံရှိ တည်နေရာ
ကိုဩဒိနိတ်: 17°34′29″N 120°23′13″E / 17.57472°N 120.38694°E / 17.57472; 120.38694ကိုဩဒိနိတ်: 17°34′29″N 120°23′13″E / 17.57472°N 120.38694°E / 17.57472; 120.38694
နိုင်ငံ ဖိလစ်ပိုင်
ဒေသIlocos Region (Region I)
စီရင်စုIlocos Sur[*]
ခရိုင်1st District of Ilocos Sur
တည်ထောင်1572
CityhoodJanuary 22, 2001
Barangays39 (see Barangays)
အစိုးရ[၁]
 • မြို့တော်ဝန်Juan Carlo Singson Medina
 • Electorate၃၄၀၈၃ voters
ဧရိယာ[၂]
 • စုစုပေါင်း၂၅.၁၂ စတုရန်းကီလိုမီတာ (၉.၇၀ စတုရန်းမိုင်)
လူဦးရေ (အမှား။ မရေရာသော အချိန်။ သန်းခေါင်စာရင်း)
 • စုစုပေါင်း၅၃၉၃၅
 • သိပ်သည်းမှု၂၁၀၀/km (၅၆၀၀/sq mi)
အချိန်ဇုန်PST (UTC+8)
ZIP code2700
PSGC 012934000
IDD : ဧရိယာကုဒ်+63 (0)77
ရာသီဥတု အမျိုးအစားTropical monsoon climate
Income class4th city income class
Revenue (₱)၆၀၄၃၃၄၂၀၃.၇၂ (၂၀၂၀)
ဒေသခံ ဘာသာစကားများIlocano
တဂ္ဂလော့ဘာသာစကား
ဝက်ဘ်ဆိုဒ်vigancity.gov.ph
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ
တရားဝင်အမည်Historic City of Vigan
ရွေးချယ်သည့် စံနှုန်းယဉ်ကျေးမှု: (ii), (iv)
ရည်ညွှန်း502rev
Calle Crisologo

အကြီးဆုံးကျွန်းဖြစ်သော လူဇွန်းကျွန်း၏ အနောက်ဘက်ကမ်းရိုးတန်း တောင်တရုတ်ပင်လယ်တွင် တည်ရှိသည်။ ဗီဂန်မြို့သည် ဖိလစ်ပိုင်နိုင်ငံတွင် ရှေးဟောင်းအဆောက်အဦများ မပျက်မယွင်း ပကတိအတိုင်း တည်ရှိနေသည့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်သည်။ မြို့၏ ကျော်ကြားလှသည့် အုတ်ကျောက်တို့ဖြင့် စီရီထားသော လူသွားစင်္ကြများ၊ ဒေသခံ ဖိလစ်ပိုင်နှင့် အရှေ့တိုင်းလက်ရာတို့ကို စပိန်ဗိသုကာလက်ရာတို့ဖြင့် ပေါင်းစပ်ထားသည့် ဖိလစ်ပိုင် ကိုလိုနီခေတ်လက်ရာများဖြစ်သော ဘာဟေး န ဘာတိုး ဟုခေါ်သည့် ကျောက်တုံးဖြင့် ဆောက်လုပ်ထားသော အိမ်များ၊ ငလျင်ဒဏ်ခံစားခဲ့ရသော ဘရို့စ် (Baroque) လက်ရာ ဘုရားကျောင်းတို့ဖြင့် ပြည့်နှက်၍ နေသော မြို့ဖြစ်သည်။ ဗီဂန်မြို့သည် ဆဌမမြောက် ဖိလစ်ပိုင် သမ္မတဖြစ်သူ အယ်ပီဒီရို ကွိရီနို၏ မွေးရပ်မြေလည်း ဖြစ်သည်။ ဗီဂန်မြို့သည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်မြို့များ အသင်း (OWHC) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။

၂၀၁၅ ခုနှစ် မေလတွင် ဗီဂန်မြို့သည် ဘေရွတ်မြို့ဒိုဟာမြို့ဒါဘန်မြို့ဟာဗားနားမြို့ကွာလာလမ်ပူမြို့နှင့် လာပက်မြို့တို့နှင့်အတူ New7Wonders Cities ထဲတွင် ထည့်သွင်း ဖော်ပြခြင်း ခံခဲ့ရသည်။[၃] New7Wonders Foundation ၏ ဥက္ကဋ္ဌနှင့် တည်ထောင်သူ ဘာနဒ့် ဝီဘာသည် စိန့်ပေါလ် ကာသီဒရယ်တွင် အခမ်းအနားတစ်ခု ကျင်းပခဲ့ပြီး ဗီဂန်မြို့တော်ဝန် အဲဗာ ဂရေ့စ် ဆင်းဆွန် မဒီနာကို ကမ္ဘာ့အံ့ဖွယ်မြို့အဖြစ် သတ်မှတ်ခဲ့ခြင်းအတွက် အထိမ်းအမှတ် ကြေးပြားအား ပေးအပ်ခဲ့သည်။[၄]

ပထဝီဝင် ပြင်ဆင်ရန်

အရှေ့လောင်ဂျီကျူ ၁၂၀ ဒီဂရီ ၂၃ မိနစ် ၁၅ စက္ကန့်နှင့် မြောက်လတ္တီကျူ ၁၇ ဒီဂရီ ၃၄ မိနစ် ၃၀ စက္ကန့်တွင် ဗီဂန်မြို့ကို တွေ့ရှိနိုင်သည်။ ဖိလစ်ပိုင်ရှိ ကျွန်းများထဲမှ အကြီးဆုံးကျွန်းဖြစ်သော လူဇွန်းကျွန်း၏ မြောက်ဘက်တွင် တည်ရှိသည့် မြို့ဖြစ်သည်။ Ilocos Sur ပြည်နယ်၏ မြို့တော်ဖြစ်ပြီး စပိန်ကိုလိုနီတို့ မရောက်မီကတည်းကပင် နိုင်ငံရေးနှင့် ကုန်သွယ်မှုတို့၏ အဓိကကျသော မြို့တစ်မြို့ဖြစ်ခဲ့သည်။

မြေမျက်နှာသွင်ပြင်နှင့် တည်နေရာတို့၏ အားသားချက်များကြောင့် ဗီဂန်သည် သွားလာရ လွယ်ကူသော ဒေသတစ်ခုဖြစ်ခဲ့သည်။ မြို့တော် မနီလာမှ ၄၀၇ ကီလိုမီတာ (၂၅၃ မိုင်)၊ လဝမ်မြို့ မှ ၈၂ ကီလိုမီတာ (၅၁ မိုင်)နှင့် အီလိုကော့ဒေသကြီး၏ မြို့တော်ဖြစ်သော ဆန်ဖာနန်ဒိုနှင့် ၁၃၈ ကီလိုမီတာ (၈၆ မိုင်) ကွာဝေးသည်။

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

 
ဗီဂန် ကမ်းခြေ

ကိုးကား ပြင်ဆင်ရန်

  1. Province: Ilocos SurPSGC Interactive။ Philippine Statistics Authority။ ၁၂ နိုဝင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. Tejada, Ariel Paolo (9 May 2015)။ Vigan declared 'Wonder City'The Philippine STAR။ 28 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. Vigan named as one of the New7Wonders။ 15 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 November 2018 တွင် ပြန်စစ်ပြီး။