ဗော့ဒ်ကာ

ပေါင်းခံထားသော အရက် ယမကာ

ဗော့ဒ်ကာ ဆိုသည်မှာ မူးယစ်စေတတ်သော အဖျော်ယမကာ တစ်မျိုး ဖြစ်ပြီး အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်းခန့် ပါဝင်တတ်သည်။ ပုံမှန်အားဖြင့် ဗော့ဒ်ကာအရက်သည် ကြည်လင်နေပြီး လူအများစုမှာ မသောက်မီတွင် အခြား အရည်တစ်မျိုးမျိုးဖြင့် ရောစပ် သောက်သုံးလေ့ ရှိကြသည်။

Vodka
Smirnoff Red Label vodka
အမျိုးအစားAlcoholic beverage
မူရင်းနိုင်ငံပိုလန်နိုင်ငံရုရှားနိုင်ငံဆွီဒင်နိုင်ငံ[၁][၂]
ဒေသဥရောပ ဗဟို၊ မြောက်နှင့် အရှေ့ပိုင်းဒေသ
အဓိက ပါဝင်ပစ္စည်းရေအရက်
မျိုးကွဲများFlavored vodka
Food energy
(per serving)
122kcal per 50ml kcal
အခြား အချက်အလက်များMade from grains such as wheat and corn or potatoes
Cookbook: Vodka  Media: Vodka

ဗော့ဒ်ကာတွင် ပါဝင်သောပစ္စည်းများ ပြင်ဆင်ရန်

  • ကြံသကာ သည် ဈေးအပေါဆုံး ဗော့ဒ်ကာ အရက် ချက်လုပ်ရာတွင် အသုံးပြုလေ့ ရှိကြသည်။ ပါဝင်သော ကြံသကာကြောင့် ဤဗော့ဒ်ကာ အမျိုးအစားသည် အခြားသော ဂျုံမှ ပြုလုပ်သော ဗော့ဒ်ကာများနှင့် ယှဉ်လျှင် ပို၍ ချိုနေလေ့ ရှိတတ်သည်။ ပဲပိစပ်စပျစ်သီး နှင့် သကြားမုန်လာတို့ကို ဗော့ဒ်ကာ ချက်ရာတွင် သုံးနိုင်သော်လည်း သုံးလေ့ သုံးထ သိပ်မရှိပေ။
  • အာလူးကို ရာစုနှစ်ပေါင်းများစွာကပင် ဗော့ဒ်ကာ ချက်လုပ်ရန် အသုံးပြုခဲ့ကြသည်။
  • ဂျုံမှုန့်ကို အဆင့်အမြင့်ဆုံး ဗော့ဒ်ကာ ချက်လုပ်ရာတွင် အသုံးပြု ကြသည်။

ဗော့ဒ်ကာကို ပြုလုပ်သည့် နည်းလမ်း အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ကုန်ကြမ်းများကို ထုထောင်း၍ ရေတွင်ပျော်ဝင်စေသည်။ ၎င်းကို ပျော့ဖတ်ပြုလုပ်ခြင်း (mashing) ဟု ခေါ်သည်။
  2. ပျော့ဖတ်များကို ၆၀ ဒီဂရီ အပူချိန်သို့ ရောက်အောင် အပူပေးသည်။ ထိုအခါ ကော်အားလုံးသည် သကြား ဖြစ်သွားကြသည်။
  3. တဆေးအနည်းငယ်ကို ထည့်၍ စည်ကို အဖုံးလုံအောင် ပိတ်ထားရသည်။ တဆေးမှ သကြားများကို အယ်လ်ကိုဟောဖြစ်အောင် ကဇော်ဖောက် ပေးသည်။
  4. ကစော်ပေါက်နေသော ပျော့ဖတ်များကို ချွေးခံ ပေးရသည်။ ထိုသို့ပြုလုပ်ရာတွင် သာမန် ပေါင်းခံအိုးဖြင့် ပြုလုပ်နိုင်သလို အထူးပြုလုပ်ထားသော အိုးဖြင့်လည်း ပြုလုပ်နိုင်သည်။
  5. အကယ်၍ ပေါင်းခံရာတွင် သာမန်ပေါင်းအိုးကို အသုံးပြုပါက ချွေးခံခြင်းကို အနည်းဆုံး နှစ်ကြိမ် ပြုလုပ်ပေးကြသည်။ အနံ့ဆိုးရွားသော သို့ အဆိပ်ဖြစ်စေသော အရာများကို ဖယ်ရှားရန် ဖြစ်သည်။ အကယ်၍ အထူးပြုလုပ်ထားသော အိုးကို အသုံးပြုပါက ရလဒ်မှာ အရက်ပြန်ဖြစ်ပြီး အယ်လ်ကိုဟော ရာခိုင်နှုန်း အလွန်များသည့်အတွက် သောက်သုံးရန် အတွက် မသင့်လျော်ပေ။ အယ်လ်ကိုဟော ရာခိုင်နှုန်း လျော့ကျသွားစေရန် အတွက် ရေရောပေးရသည်။ ဤသို့ ပြုလုပ်ခြင်းကို ရေရောခြင်း (dilution) ဟုခေါ်သည်။

ကော့ညက်ဝီစကီတို့နှင့် မတူသည့် အချက်မှာ ဗော့ဒ်ကာကို စည်များထဲတွင် နှစ်ချို့အောင် ထားလေ့ ရှိပြီ: အလျှင်အမြန် ပုလင်းသွင်းလေ့ ရှိသည်။ အချို့သော အက်ကာဗစ် (akvavit ) ဟုခေါ်သည့် စကင်ဒီနေးဗီးယန်း ဗော့ဒ်ကာများကို ဝက်သစ်ချစည်များတွင် ပုလင်းအတွင်းသို့ မသွင်းမီ နှစ်ချို့အောင် ထားသည်။ ဗော့ဒ်ကာသည် ပုလင်းထဲသို့ သွင်းပြီးချိန်တွင် သောက်သုံးရန် အတွက် အသင့်ဖြစ်ပြီ ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. The History of Vodka
  2. The Art of Distilling, Revised and Expanded: An Enthusiast's Guide to the Artisan Distilling of Whiskey, Vodka, Gin and other Potent Potables။ Quarry Books။ January 2019။ ISBN 9781631595554

ပြင်ပလင့်ခ် ပြင်ဆင်ရန်