ရိုက်နှိပ်ထားသည့် character များကို ကိုင်တွယ်ဖြေရှင်းပေးသော နည်းလမ်းတစ်ရပ်ဖြစ်သည်။ Character တစ်ခုစီကို bit အစုအဝေး တစ်ရပ်အဖြစ် (dot များအဖြစ်) အသုံးချ ဆောင်ရွက်သည်။ Bit-mapped font တစ်ခုသည် character တစ်ခုစီကို အကြမ်းထည် outline တစ်ရပ်အဖြစ် အသုံးချ ဆောင်ရွက်သော scalable font (ချုံ့ချဲ့နိုင်သော font) များနှင့် ကွဲပြားခြားနားသည်။ Bit-mapped font များကို အသုံးချရာတွင် Program သည် အသုံးပြုသည့် character တစ်ခုစီအတွက် အစက်ငယ်များ၏ ပုံစံအနေအထား (dot pattern) တစ်ရပ် ရယူရန် လိုအပ်သည်။ ဥပမာ Program သည် Courier 10 point ထဲမှ character တစ်ခုကို ရိုက်ထုတ်ပေးရန် အခြား ပုံစံတစ်ရပ်ကို အသုံးပြုသည်။ ဤနည်းလမ်းသည် ကွန်ပျူတာ၏ မှတ်ဉာဏ်ထဲတွင် နေရာများစွာယူသကဲ့သို့ text ကို ဖော်ပြရာ/ရိုက်နှိပ်ရာတွင်လည်း အချိန်ပိုယူပါသည်။ Scalable font များကို အသုံးပြုရာတွင် Program သည် font ၏ outline အရွယ်အစားကို လိုသလို ညှိပေးနိုင်သောကြောင့် font တစ်ခုစီအတွက် သီးခြား outline တစ်မျိုး သုံးစရာမလိုပါ။

An assortment of bitmap fonts from the first version of the Macintosh operating system.