ခွဲထွက်ဘတ်ဂျက်များ ဆက်စပ်သုံးသပ်ရေး


ရသုံးမှန်းခြေ ငွေစာရင်းဟု မြန်မာပညာရှင်နှင့် သက်ဆိုင်ရာ အစိုးရဌာန လူကြီးများက ဖွင့်ဆို သုံးစွဲခဲ့ကြသော ဘတ်ဂျက် Budget သည် တိုင်းပြည်၏ လက်တွေ့ စီးပွားရေး၏ အခြေအနေ(ဂျီဒီပီ)ကို နောက်ခံပြုလျက်လာမည့် ကာလ တစ်ခုအတွက် အစိုးရအဖွဲ့၏ အရ အသုံးခန့်မှန်းခြေ ငွေစာရင်း ဖြစ်သည်။ (ပုဂ္ဂိုလ်၊ အိမ်ထောင်စု၊ လုပ်ငန်း စသည်များတွင်လည်း ဘတ်ဂျက် ရှိနိုင်သည်) ဘတ်ဂျက်ကို တစ်နှစ်အတွင်း ရယူသုံးစွဲမှုဟု ပြသရသော်လည်း တစ်နှစ်တာ အတွက်သာ ရယူသုံးစွဲခြင်း မဟုတ်ပေ။ နှစ်တိုနှစ်ရှည် စီးပွားရေး၊ လူမှုတိုးတက်ရန် တင်ပြသည့် နှစ်တစ်နှစ်အတွင်း ခန့်မှန်းရယူ သုံးစွဲနိုင်စွမ်းကိုသာ ဘတ်ဂျက်က ပြသပေမည်။

ထို့ကြောင့် ဘတ်ဂျက် တစ်ခုတွင် အရနှင့်အသုံးတို့ တစ်ပြိုင်တည်း ဖြစ်ပေါ်ပြီး စီးသွားခြင်းမရှိသလို ကြိုတင်ကောက်ခံ သုံးစွဲခြင်း၊ ချေးငွေလိုအပ်မှုနှင့် ပိုငွေကို ထုတ်ချေးသလို ရင်းနှီးမြှုပ်နှံရမှု၊ လက်ငင်းနှင့် ငွေလုံးငွေရင်း cash flowand capital expenditure ခွဲခြားရမှုတို့ တွေ့ရမည်။ ဤတွင် ဘတ်ဂျက်မှ တစ်ဆင့် တိုင်းပြည် စီးပွားရေးကို စီမံကိန်း ချနိုင်ခြင်း၊ ထိန်းကျောင်း ကာကွယ် တိုးတက်စေနိုင်ခြင်းများကို သတိပြုမိပေလိမ့်မည်။

သီးခြားခေါင်းစဉ်၊ ဒေသဘတ်ဂျက်များ ပြင်ဆင်ရန်

ပြည်ထောင်စု(ဗဟို) အစိုးရ ဘတ်ဂျက်တွင် အကြောင်းအရာ အားလုံး၊ တိုင်းပြည်နေရာ အားလုံးပါဝင်မှု မရှိတတ်ပေ။ လူ့အဖွဲ့အစည်းများတွင် အကြောင်းအရာ ခေါင်းစဉ် issue တစ်ခုချင်း အတွက် မြို့ပြပြည်နယ် တစ်ခုချင်းအတွက် ငွေကောက်ခံ သုံးစွဲမှု တစ်ခုချင်း ရှိနေရာမှ Kingdom, Union, Federal, Confederated စသည်ဖြင့် တိုင်းနိုင်ငံ ဖွဲ့စည်း ဖြစ်ပေါ်သောအခါ အားလုံးကို ဗဟိုသို့ မအပ်လိုခြင်း၊ မအပ်သင့်ခြင်း၊ ဆိုင်ရာ ခေါင်းစဉ်နှင့် ဆိုင်ရာဒေသတွင် ထားရှိခြင်းက ပိုမို ကောင်းမွန်ခြင်းများ တွေ့ရသည်။ ဤသို့ဖြင့် ဗဟိုက တစုတစည်းတည်း အခွန်ကောက်ခံ၊ ချေးယူသုံးစွဲစေရန် ဘုံငွေ consolidated fund-CF နှင့် (က)ဆိုင်ရာ ခေါင်းစဉ် (ခ)ဒေသအလိုက် သီးခြား ကောက်ခံရယူ သုံးစွဲသော ရန်ပုံငွေ non-consolidated fund- NCF ဟူ၍ တိုင်းပြည်တွင် ခွဲခြား၊ ကွဲပြားထား ရှိလာကြသည်။

ဗြိတိန်တွင် ၁၇၈၇ က စတင်သည်။ ယနေ့ အမေရိကန်တွင် အစိုးရ-အထက် လွှတ်တော်-အောက်လွှတ်တော်တို့ကြား ငြင်းခုံနေကြသည်။ ကျန်းမာရေး စောင့်ရှောက်မှု စသည်တို့ ပါဝင်သည်။ လူမှုဖူလုံရေး Social Security ရန်ပုံငွေသည် NFC ဖြစ်သည်။ ဗြိတိန်တွင် National Insurance Fund ဟု ခေါ်သည်။ မြို့တော်ဝန်ရုံးနှင့် စည်ပင်သာယာ ဘတ်ဂျက်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်ဂျက်တို့သည် ဒေသအလိုက် NFC များ ဖြစ်သည်။ ဗဟို၏ (တစုတစည်းတည်းသော ရငွေ-သုံးငွေ ရန်ပုံငွေ CF) ဘတ်ဂျက်တွင် NCF တို့ကို ထောက်ခံသည့် ပမာဏသာ ဖော်ပြမည်။ ယင်းပမာဏ တစ်ခုချင်းအတွက် လွှတ်တော်က ဥပဒေသီးခြား ဆွေးနွေး ပြဋ္ဌာန်းရသည်။

ဘတ်ဂျက်တွင် အနီးစပ်ဆုံး ခန့်မှန်းခြေ အဆိုပြုချက်သာ ဦးစွာပါဝင်ပြီး ဥပဒေ ကျလာပြီးနောက် အမှန်သုံးစွဲမှုကို နောက်နှစ် ဘတ်ဂျက်တွင် အတည်ပြုပြင်ဆဲ revised ဖော်ပြသည်။ ဗဟိုဘတ်ဂျက်(သုံး) CF တွင် တိုင်းပြည် ကြွေးမြီရန်ပုံငွေ National Loans Fund မှ အတိုးဆောင်ရွက်ခ ရငွေများ....အရင်းခွဲဆပ်ရန် ပမာဏ၊ ပေးရမည့် အတိုးနှင့် ဆောင်ရွက်ခများ ပါဝင်သော်လည်း ပါလီမန်မှ ဆွေးနွေး ဝေဖန်မဲခွဲမှု ပြုရန်မလိုပေ။ ဆိုလိုသည်မှာ ပမာဏသာ ဖော်ပြပြီး သီးခြားစာရင်းဖြင့် ထုတ်ပြန် ထားရှိသုံးစွဲသည်။ ဗဟိုဘတ်ဂျက်တွင် ပါလီမန်က ဆွေးနွေး မဲပေးဆုံးဖြတ် ရသည့် ခေါင်းစဉ်တစ်ခုမှာ ကာကွယ်ရေး၊ စိုက်ပျိုးရေး (ကာကွယ်ခုခံရေး subsides အတွက်)၊ တရားရေးနှင့် ဥပဒေစိုးမိုးရေး စသော အစိုးရ ဌာနများ၏ တစ်ဖက်မှ ရငွေ၊ ခွဲဝေချထား ငွေနှင့် တစ်ဖက်မှ အသုံးစရိတ်များ ခေါင်းစဉ် ဖြစ်သည်။ ပြည်သူ့ ဝန်ဆောင်မှု ဌာနများ supply services ဟု ဗြိတိန်တွင် ခေါ်ဆိုသည်။

မြန်မာပြည်တွင် ဦးစီးဌာနများဖြစ်သည့် အစိုးရပိုင် စီးပွားရေး ကော်ပိုရေးရှင်းများမှ အထက်တွင် ဖော်ပြ ဆွေးနွေးခဲ့သည်။ လူမှုဖူလုံရေး ရန်ပုံငွေ စသည်များကဲ့သို့ ကိုယ်ထူကိုယ်ထ လွတ်လပ်စွာ ရပ်တည်ခွင့်ရ ကိုယ်ပိုင် သီးခြား ဘတ်ဂျက်များနှင့် ဖြစ်ကြသည်။ ပါလီမန်က ကုမ္ပဏီ ကော်ပိုရေးရှင်း တစ်ခုချင်းအတွက် သီးခြားဥပဒေ ပြဋ္ဌာန်းပေးရသည်။ တိုင်းပြည် ဘတ်ဂျက်က အခွန်ကောက်ခံသလို ထောက်ပံ့ခုခံမှု ပြုနိုင်သည်။ သို့သော် ပမာဏသာ ဖော်ပြမည် ဖြစ်ပြီး ပါလီမန်က သီးခြားတောင်းဆို ဆွေးနွေးမှုသာ ပြုနိုင်သည်။ ဘတ်ဂျက်တင် ပြစဉ်ဘာမှ ပြောစရာမလိုပေ။

မိုက်ကရို- မေကရိုဘတ်ဂျက် ပြင်ဆင်ရန်

ဘတ်ဂျက်တစ်ခု ဝေဖန်မှုတွင် လက်ငင်းနှင့် ငွေလုံးငွေရင်းကို ကြည့်ရန်လည်း လိုသည်။ လက်ငင်းသည် ပုံမှန် အသုံးစရိတ် လစာ စသည်များ ဖြစ်သည်။ ငွေလုံးငွေရင်း တလုံးတခဲတည်း ဝယ်ယူ ဖြည့်တင်းရမှု ဖြစ်သည်။ စက်၊ အဆောက်အအုံ၊ ယာဉ်တို့၏ ချွတ်ယွင်းပြုန်းတီးခ၊ အသစ်ဝယ်ယူ အစားထိုးနိုင်ရန် ခွဲဝေထားရှိသည့် ရန်ပုံငွေ depreciation ...amortization တို့သည် ပုံမှန်တွင်ရော ငွေလုံးငွေရင်းတွင်ပါ ကြိုက်ရာ ထည့်လေ့ရှိသည်။ ဘတ်ဂျက်၏ ထိရောက်မှုကို ပြသ/ဝေဖန်နိုင်ရန် အရေးကြီးသည်။ ဘတ်ဂျက်သည် အလွန်ကျယ်ပြန့်ရာ (ဂျီဒီပီနှင့် ဆက်သွယ်မှုကို ရှေ့ဆောင်းပါးတို့တွင် ရေးခဲ့ပြီးဖြစ်၍ ယခုမရေးတော့ပြီ) ရေးဆွဲ/ ဝေဖန်ရာ၌ အဆင့်ငါးခုမျှ အကြမ်းဖျင်း သိရန်လိုသည်။ သီးခြားရှိ နေကြသည်။

ဗဟိုအစိုးရ၊ ဒေသဆိုင်ရာ အစိုးရ၊ လူမှုဖူလုံရေး၊ စီးပွားရေး ကော်ပိုရေးရှင်းများ စသည်တို့၏ ဘတ်ဂျက်တိုင်းကို ဆိုလိုသည်။ (က)ကျယ်ပြန့်သော ခေါင်းစဉ်နှင့် အစီအစဉ်များကို အစီအစဉ်ငယ်များ sub-programmes များခွဲရမည်။ ပညာရေး၊ ကာကွယ်ရေး စသည့် တစ်ခုချင်းတွင် အစီအစဉ် တစ်ခုချင်းအလိုက် ကိုယ်ထူကိုယ်ထ ရှာဖွေမှု၊ အစိုးရ CF မှ ထည့်ဝင်မှု၊ လက်ငင်းနှင့် ငွေလုံးငွေရင်း သုံးစွဲမှု စသည်ဖြင့် ရှိမည်။ နောက်ဆက်တွဲများနှင့် ဖော်ပြရသည်။ (ခ)ဤသို့ ခွဲရာတွင် လိုအပ်ချက်နှင့် ဖြစ်ပေါ် အကျိုးရှိနိုင်မှုတို့အလိုက် အဆင့်ခွဲရမည်။ (ဂ)အစိုးရ မူဝါဒ၊ ကုမ္ပဏီ ရည်မှန်းချက် ပြည်သူ့သဘောထား၊ ပြည်တွင်း ပြည်ပ ထောက်ပံ့ ထည့်ဝင်သူတို့၏ အမြင်များနှင့် အံဝင်မှု လိုအပ်မည်။ (ဃ)စရိတ်အနည်းဆုံး Least Cost လုပ်ကိုင်နိုင်မည့် နည်းလမ်း ရှာဖွေကြရမည်။ (င)အကျိုးအမြတ်ကို အခြားသော အခွင့်အလမ်းစရိတ် opportunity cost နှင့် ယှဉ်ပြရမည်။

ဥပမာ- ရထားသည် ကားထက် ကနဦးစရိတ် initial cost ကြီးသော်လည်း နှောင်းပိုင်း later cost မပြောပလောက်အောင် ရှိမည်။ ဘတ်ဂျက်၏ ထိရောက်မှု ဆိုရာတွင် စီးပွားရေး ပြဿနာများ ကာကွယ် ကုစားရေးနှင့် တိုင်းပြည် စီးပွားရေး၊ လူမှုရေး စသည်တို့ တိုးတက်ဖွံ့ဖြိုးရေး ဟူသော မေခရိုဘောဂဗေ macro economic ရှုထောင့်လည်း ပါသည်။ ဘတ်ဂျက် ဘက်ညီသည် ဆိုခြင်းမှာ ရှုပ်ထွေးလှသော ယနေ့ဘက် ခေတ်တွင် ဘယ်သောအခါမျှ မရှိသော အရာဖြစ်သည်။ အခွန်နှုန်းထား လျှော့ချလာရပြီး အခွန်အမည်စုံ တိုးချဲ့မှုကိုလည်း (၁) ပို့ကုန် ဈေးကွက် ပြိုင်ဆိုင်နိုင်အား မကြီးမားရေး-ဈေးကွက် မူဝါဒနှင့် (၂) စီးပွားရေး လုပ်ငန်းများ၌ သုတေသနနှင့် ဖွံ့ဖြိုးရေး R&D၊ လူသားရင်းမြစ် သင်ကြား လေ့ကျင့်ပေးရေး၊ ထုတ်လုပ် ရောင်းချ ဝန်ဆောင်မှုတွင်ရော စီမံခန့်ခွဲမှုတွင်ပါ နည်းပညာသစ်တို့ လေ့လာ တီထွင်ဝယ်ယူ သုံးစွဲရေး စသည့် အရင်းအနှီးများ သုံးစွဲနိုင်ရေး-စက်မှု မူဝါဒ စသည်တို့အားဖြင့် ယနေ့ခေတ် စီးပွားရေးတွင် ကျင့်သုံးနေကြရသည်။

ဤသို့ဖြင့် ဘက်ညီဘတ်ဂျက် ဆိုသည်မှာ (က)ပြည်တွင်း ပြည်ပချေးငွေနှင့် ထောက်ကူထားခြင်း၊ (ခ)ငွေကြေး မူဝါဒအားဖြင့် ငွေကြေးပေါများရန် စီမံထားခြင်းတို့ဖြင့် ဖြည့်ဆည်းထားသော အရာသာ ဖြစ်သည်။ တစ်ဖက်တွင် ယင်းဖြည့်ဆည်း ခုခံ ထောက်ကူထားခြင်းတို့ အဆုံးသတ်သွားရန် end-up အနေဖြင့် စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားလာရန် လိုသည်ဟု သိထားကြသည်။ ယင်းသည် အပြောလွယ် အလုပ်ခက်သည်။ ယင်းအတွက် စုဆောင်းမှုနှုန်း ကျဆင်းမသွားရေး စသော လူသိနည်းသည့် မူဝါဒများ လိုအပ်နေသည်။ ဘတ်ဂျက်လိုငွေက ဋေ ၁၀၀ အတွက် အခွန်၊ ချေးငွေ၊ လည်ပတ်ငွေ money-suply များ စုစုပေါင်း ကုဋေ ၁၀၀ ရှာဖွေဖြည့်ဆည်းထားမှုတွင် စီးပွားရေး တိုးတက်ရန် အာမခံချက် သေချာရေရာမှု မပါဝင်ပေ။ ယင်းတို့ အားလုံးကို ပြည်သူနှင့် လုပ်ငန်းများ၏ စုစုပေါင်း စားသုံးမှု aggregate demend ပြုခြင်းသည် လက်ရှိစားသုံးမှု အဆင့်ကို ထိန်းခြင်းသာ ဖြစ်သွားလေ့ ရှိသည့် Stimulus ဆိုတိုင်း မအောင်မြင်ကြောင်း တွေ့ရသည့် အကြောင်းရင်း ဖြစ်သည်။ ထိုရှာဖွေ ဖြည့်ဆည်းသည့် ဘတ်ဂျက်လို ငွေပြ ပမာဏအနက် စုဆောင်းမှု အချို့ saving ratiouom မြှောက်ဖော်ကိန်း အကျိုးဆက်အားဖြင့် ဘတ်ဂျက်ကို ပြန်လည် ဘက်ညီသွားစေမည့် အရာ ဖြစ်သည်။ Balanced budget multiplier ဟု ခေါ်သည်။

လွှတ်တော် ဘတ်ဂျက် ကော်မတီ ပြင်ဆင်ရန်

တစ်ဖန်-ဘတ်ဂျက်ကို ဖြည့်ဆည်း ခုခံထောက်ကူထားမှုတို့ အဆုံးမဲ့ endless မပြတ် ပြေလည်နေစေရန် ချေးငွေ အာမခံ စာချုပ်တို့ကို ပြန်လည်စေ့ရောက်သည့် ရက်စွဲ ဖျက်သိမ်းကာ အတိုး ဆက်ပေးသည်။ ငွေကြေး ဈေးကွက်တွင် မျှောထားခြင်း floating စသော လုပ်နည်း လုပ်ဟန်များလည်း ရှိနေပါမည်။ ထို့ကြောင့် ရှေ့ပိုင်းတွင် ဘတ်ဂျက်၌ သီးခြားရန်ပုံငွေ NCF တို့အကြောင်း ပြောဆိုခဲ့ပြီး အမျိုးသား ကြွေးမြီ ရန်ပုံငွေကို ထည့်သွင်း ဆွေးနွေးပြခဲ့ခြင်း ဖြစ်သည်။ ယင်းလုပ်ငန်း အတွက် Consolidated fund standing services ဟူ၍ ဗြိတိန်တွင် ဖွဲ့စည်းထားရှိသည်။

လွှတ်တော် ဘတ်ဂျက် ကော်မတီကို တာဝန်ခံရသည်။ ဘတ်ဂျက် ရှုပ်ထွေး ကျယ်ပြန့်သော ဆက်စပ်မှု အရပ်ရပ်ကို ကြုံကြိုက်သမျှ ဆွေးနွေးပြခဲ့ပါပြီ။ တိုင်းပြည်၏ လက်ငင်းနှင့် ရေရှည်အကျိုးအတွက် ဘတ်ဂျက်၏ အရေးပါမှုကို တွေ့ရှိလောက်ပြီ ဖြစ်သည်။ ဈေးကွက် စီးပွားရေးနှင့် အစိုးရ တာဝန်အချို့ကို ဈေးကွက်နှင့် လူမှု အဖွဲ့အစည်းများသို့ ခွဲဝေလွှဲအပ်သော နိုင်ငံရေး အနည်းဆုံး minimalism ခေတ်နှင့် ညှိနှိုင်း ဆင်ခြင်လျက် ဘတ်ဂျက်ကို ကြည့်ကြရန် အဆိုပြု တင်ပြအပ်သည်။

ကိုးကား ပြင်ဆင်ရန်

By Yangon Times Journal