ဘလူးထူးသ် (အင်္ဂလိပ်: Bluetooth) ဆိုသည်မှာ လှိုင်းတို‌ရေဒီယိုစနစ်တစ်ခုဖြစ်သည့် ‌ရေဒီယိုစနစ်ကိုအသုံးပြုပြီး မိုဘိုင်းဖုန်း၊ ကွန်ပျူတာနှင့် အီလက်ထရွန်းနစ်ပစ္စည်းများကို ကြိုးမဲ့ဆက်သွယ်‌ပေးသည့်စနစ်တစ်ခု ဖြစ်သည်။ ထိုစနစ်ကို အသုံးပြုခြင်းအားဖြင့် တစ်ကိုယ် ‌ရေသုံးကွန်ရက်(Personal Area Networks, PANs) အတွင်း၌ ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများနှင့် အီလက်ထ‌ရောနစ်ပစ္စည်းများကို အချင်းချင်းအပြန်အလှန်ချိတ်ဆက် အသုံးပြုနိုင်မည်။ ၁ဝ မီတာမှ မီတာ ၁ဝဝ အတွင်း၌ ဘလူးထူးသ်ကို ‌ကောင်းမွန်စွာ ချိတ်ဆက်နိုင်သည်။ ဘလူးထူးသ်စနစ်ကို စတင်တီထွင်သည့်ကုမ္ပဏီမှာ Ericsson ဆက်သွယ်‌ရေးကုမ္ပဏီ ဖြစ်ပြီး ၁၉၉၄ ခုနှစ်၌ စတင်တီထွင်ခဲ့သည်။

ဘလူးထူးသ်
တီထွင်သူဘလူးတုသ်အထူးအကျိုးစီးပွားအဖွဲ့ (Bluetooth Special Interest Group)
လုပ်ငန်းကိုယ်ပိုင်ဧရိယာကွန်ယက်
အသုံးပြုနိုင်သော ဟာ့ဒ်ဝဲကိုယ်ပိုင်ကွန်ပျူတာ
စမတ်ဖုန်း
ဂိမ်းခလုတ်
အသံထွက် ပစ္စည်းများ
အကွာအဝေးပုံမှန်အားဖြင့် ၁၀ m (၃၃ ft) နယ်ပယ်အောက်၊ ၁၀၀ m (၃၃၀ ft) အထိ
Bluetooth 5.0: ၄၀–၄၀၀ m (၁၀၀–၁,၀၀၀ ft)[၁][၂]

နည်းပညာ‌ဝေါဟာရ ဘလူးထူးသ်သည် အသစ်တီထွင်ထား‌သော စကားလုံးတစ်လုံး မဟုတ်ဘဲ ‌ရှေးဘုရင်တစ်ပါး၏ အမည်နာမတစ်ခုကို အင်္ဂလိပ်ဘာသာစကားက ‌ကောက်ယူ‌မွေးစားပြီး နည်းပညာဆိုင်ရာ‌ဝေါဟာ ရအဖြစ် ရှင်သန်ထ‌မြောက်‌စေခဲ့ခြင်း ဖြစ်သည်။

နည်းပညာအရည်အ‌သွေး‌ကောင်းမွန်ရန်၊ စံနှုန်းများနှင့်ကိုက်ညီရန်နှင့် အမှတ်တံဆိပ်ကို အကာအကွယ်‌ပေးရန် အစရှိသည့် ထိန်းကြောင်းမှုများကို ဘလူးထူးသ်စိတ်ဝင်စားသူများအဖွဲ့(Bluetooth Special Intrest Group)က စီမံ‌ဆောင်ရွက်သည်။ ထိုအဖွဲ့တွင် ဆက်သွယ်‌ရေးကုမ္ပဏီများ၊ ကွန်ပျူတာကုမ္ပဏီများ၊ ကွန်ရက်ဆိုင်ရာကုမ္ပဏီနှင့် အီလက်ထ‌ရောနစ်ကုမ္ပဏီပေါင်း ၂၅ဝဝဝ က ပါဝင်ပူး‌ပေါင်း‌ဆောင်ရွက်သည်။

ဘလူးထူးသ်ကို Ericsson မှ တီထွင်ပြီး နည်းပညာအသိုင်းအဝန်းတစ်ခုလုံးက ဝိုင်းဝန်းထိန်း‌ကြောင်း‌နေ‌သော်လည်း အမည်‌ပေး ကင်းပွန်းတပ်‌ပေးသူမှာ တစ်ဦးတည်း ဖြစ်သည်။ ထိုသူမှာ Jim Kardach ဖြစ်သည်။

ဘလူးထူးသ်ကို အသုံးပြုပြီး ကွန်ပျူတာနှင့်မိုဘိုင်းဖုန်းကို ချိတ်ဆက်နိုင်ရန်အဆိုကို Jim Kardach က ၁၉၉၇ ခုနှစ်တွင် အဆိုပြုခဲ့သည်။ ထိုအဆိုပြုချက်နှင့်အတူ ဘလူးထူးသ်အမည်ကိုလည်း အသုံးပြုရန် တင်သွင်းခဲ့သည်။ ထိုအဆိုပြုချက်ကို တင်သွင်းချိန်၌ Jim Kardach သည် စာ‌ရေးဆရာ Frans G Bengtsson ‌ရေးသားသည့် သမိုင်း‌နောက်ခံဝတ္ထု The Long Ships ကို ဖတ်‌နေခဲ့သည်။ ထိုဝတ္ထုသည် ဒိန်းမတ်‌ရှေးဘုရင်တစ်ပါးဖြစ်သည့် King Harald Bluetooth အ‌ကြောင်းဖြစ်သည်။ ထိုဘုရင် အလယ်‌ခေတ် ဒိန်းမတ်ဘုရင်တစ်ပါးဖြစ်ပြီး စကန်ဒစ်‌နေးဗီးရာတွင်‌နေထိုင်သူများ၏ ‌ရှေးစကားအရ Harald Blatand ဟု‌ရေးသားပြီး စာလုံး‌ပေါင်းသည်။ ထို‌ဝေါဟာရကို အင်္ဂလိပ်က Harald Bluetooth ဟု ‌မွေးစားခဲ့သည်။

ဘလူးထူးသ်၏ လိုဂိုအမှတ်တံဆိပ်မှာလည်း H နှင့် B အက္ခရာနှစ်ခုကို ‌ပေါင်းစည်းထားခြင်းဖြစ်သည်။ ထိုသို့‌ပေါင်းစည်းထား ‌သောအက္ခရာမှာ ‌ရှေး‌ခေတ်စကန်ဒစ် ‌နေးဗီးရာ သစ်ထွင်းနှင့်‌ ကျောက်ထွင်းစာများမှ စာလုံးများဖြစ်သည့် H နှင့် B ကို ‌ပေါင်းစည်း‌ရေးသားထားခြင်းလည်း ဖြစ်သည်။

၁၉၉၈ ခုနှစ်တွင် Bluetooth(ဘလူးထူးသ်)အမည်ကို နည်းပညာကုမ္ပဏီကြီးအချို့က အသိအမှတ်ပြုပြီး တရားဝင် စတင်အသုံးပြုခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင် ဘလူးထူးသ်ကို မိုဘိုင်းဖုန်း၌ အသုံးပြုနိုင်ခဲ့သည်။ ၂ဝဝ၁ ခုနှစ်၌ ပရင်တာ၊ လက်ပတော့နှင့် ကားများတွင် ထည့်သွင်းအသုံးပြုနိုင်ခဲ့သည်။ ၂ဝဝ၂ ခုနှစ်၌ ကီးဘုတ်၊ ဂျီပီအက်စ်၊ ဒီဂျစ်တယ်ကင်မရာအစရှိသည်တို့တွင် အသုံးပြုနိုင်ခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် အမ်ပီသရီး၌ အသုံးပြုနိုင်ခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် ဘလူးထူးသ် ၁ဝ နှစ်ပြည့်ကို ကျင်းပခဲ့သည်။ ဘလူးထူးသ်စိတ်ဝင်စားသူများအဖွဲ့ဝင် ကုမ္ပဏီ ၁ဝဝဝဝ သည် ထိုနှစ်တွင်ပြည့်ခြဲ့ပီး ကမ္ဘာတစ်ဝန်းရှိအသုံးပြုသူ ၂ သန်း‌ကျော်၏ လက်ထဲတွင် ဘလူးထူးသ်သည် ရှင်သန်‌နေခဲ့သည်။ ယ‌နေ့တွင်လည်း ဘလူးထူးသ်ကို ပိုမိုတွင်ကျယ်စွာအသုံးပြု‌နေကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. bluAir။ Bluetooth Range: 100m, 1km, or 10km?။ 13 June 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 June 2015 တွင် ပြန်စစ်ပြီး။
  2. Basics | Bluetooth Technology Website။ Bluetooth.com (23 May 2010)။
  3. ဟန်‌ဇော် (၂ဝ၁၆ ခုနှစ် ‌ဖေ‌ဖော်ဝါရီ). "ဘလူးထူးသ်". ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်း. 

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်