ဘာဒိန်းဂျာရန်

တရုတ်နိုင်ငံထဲမှ သဲကန္တာရ

ဘာဒိန်းဂျာရန် (Badain Jaran) သဲကန္တာရသည် တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံအတွင်းပိုင်းအထိ ဆက်စပ်တည်ရှိနေပြီး အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၉၀၀၀ ကျယ်ပြန့်ကာ တရုတ်နိုင်ငံ ကန်စုပြည်နယ်၊ နိရှဝေးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်နှင့် အတွင်းမွန်ဂိုလီးယားဒေသ၌ တည်ရှိသည်။ တရုတ်နိုင်ငံအတွင်း၌ တတိယမြောက် အကြီးဆုံး သဲကန္တာရဖြစ်ပြီး အဆိုပါသဲကန္တာရ၏ အလယ်တွင် ဆန်းကြယ်လှပသော ရေကန်များ တည်ရှိသည်။ ထိုဒေသသည် ရှေးယခင်က တရုတ်နိုင်ငံတစ်နိုင်ငံလုံးကို သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့သော မွန်ဂိုလူမျိုးနွယ်များ စတင်နေထိုင် ကျင်လည်ကျက်စားရာ ဒေသလည်းဖြစ်ခဲ့သည်။ ယနေ့အချိန်တွင် လူနေထိုင်မှုမရှိသည့် တရုတ်နိုင်ငံ၏ ပြင်ပဒေသ တစ်ခုကဲ့သို့ ဖြစ်နေသော်လည်း အဆိုပါဒေသအရပ်သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးသော သဲကန္တာရတောင်ပို့များရှိသည့် နေရာအဖြစ် လူသိများသည်။ အဆိုပါ သဲကန္တာရ၏ အရှေ့ဘက်တွင် ၎င်းနှင့်အသွင်ပုံသဏ္ဌာန်တူညီသော တန်ဂါသဲကန္တာရ တည်ရှိသည်။[၁]

ဘာဒိန်းဂျာရန်
တရုတ်:
ပင်ယင်: dānlín Shā
သဲကန္တာရ (ကန္တာရ)
နိုင်ငံ  တရုတ်
တရုတ်နိုင်ငံ၏ ပြည်နယ် Inner Mongolia Autonomous Region, Gansu Province, Ningxia Province
ဧရိယာ ၄၉,၀၀၀ km2 (၁၈,၉၁၉ sq mi)
The Badain Jaran lies in the People's Republic of China as a section of the Gobi Desert.

ကိုးကား ပြင်ဆင်ရန်

  1. မန္တလေးနေ့စဉ်သတင်းစာ၊ ၁၂.၁၀.၂၀၁၉၊ စာ-၂၄ (နောက်ကျောဖုံး)

ကိုဩဒိနိတ်: 40°4′21″N 102°12′36″E / 40.07250°N 102.21000°E / 40.07250; 102.21000