ဘုရား (ဗုဒ္ဓဘာသာ)

ဗုဒ္ဓဘာသာ ဖန်ဆင်းရှင်

ဘုရားဆိုသည်မှာ ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊ အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော သဗ္ဗေညုတဉာဏ်တော်ရှင် ပုဂ္ဂိုလ်ထူးကို ဆိုလိုသည်။ ယင်းပုဂ္ဂိုလ်ထူးကိုလည်း ဉာဏ်ပညာတစ်မျိုးတည်းသာ ကြီးကျယ်မြင့်မြတ်ခြင်းဖြင့် ဘုရားဟု ဆိုသည်မဟုတ်။

  1. ဇာတိမဟတ္တ၊ အမျိုးဇာတ်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း။
  2. ပုညမဟတ္တ၊ ဘုန်းသမ္ဘာ ကုသိုလ်ပါရမီအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း။
  3. သီလမဟတ္တ၊ အကျင့်သီလအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း။
  4. သမာဓိမဟတ္တ၊ တည်ကြည်ခိုင်ခံ့သော သမာဓိအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း။
  5. ဣဒ္ဓိမဟတ္တ၊ တန်ခိုးအာနုဘော်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း။
  6. ဗုဒ္ဓိမဟတ္တ၊ ဉာဏ်ပညာအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်းဟူ၍ လောကတွင် ရှိရှိသမျှ လူ၊ နတ်၊ ဗြဟ္မာသတ္တဝါတို့ထက် ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ထူးကိုသာလျှင် ဘုရားဟု ဆိုရသည်။

နာထ[၁]-စကားလုံးမှ ဘုရား၏ အဓိပ္ပွါယ် ပြင်ဆင်ရန်

(၁) လိုလား တောင့်တတော် မူတတ်သော ဘုရား၊ ဝေနေယျတို့၏ စီးပွါးချမ်းသာကို မေတ္တာ၏ အစွမ်းဖြင့် လိုလား တောင့်တတတ်သော ဘုရား။ [၂]

(၂) ပူပန်စေ တတ်လောင်မြိုက်တတ်သောဘုရား၊

  • (က) သတ္တဝါတို့၏ သန္တာန်၌ဖြစ်သော ကိလေသာတို့ကို–ပူပန်စေတတ်-လောင်မြိုက်တတ်-သော ဘုရား။ [၃]
  • (ခ) ရဟန်းတို့၏လွန်ကျူးမှု အားလျော်စွာ သိက္ခာပုဒ် ဥပဒေတော်ကို ပညတ်တော်မူခြင်းအားဖြင့် မျက်မှောက် တမလွန် ဘဝ၌ဖြစ်သော ဘေးရန်ကို ကရုဏာဖြင့်–ပူပန်စေတတ်-လောင်မြိုက်တတ်-သောဘုရား။ [၄]
  • (ဂ) သုတ္တန်ဒေသနာ၏ အစွမ်းဖြင့် သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော ကိလေသာတို့ကို ကရုဏာ, ပညာဖြင့်-ပူပန်စေတတ်-လောင်မြိုက်တတ်သော ဘုရား။ [၅]
  • (ဃ) အဘိဓမ္မာဒေသနာ၏ အစွမ်းဖြင့် သင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် ရှုလျက် ကိုယ်တော့်သန္တာန်၌ ဖြစ်သော ကိလေသာတို့ကို ပညာဖြင့် ပိုင်းခြားပြီး သိ၍ ပူပန်စေတတ်သော ဘုရား။ [၆]

(၃) တောင်းပန်တတ်သောဘုရား၊ သတ္တဝါတို့၏ ထိုထို ဟိတပဋိပတ်ကို ကျင့်ခြင်း၌-တောင်းပန်–တိုက်တွန်း–နှိုးဆော်–တတ်သောဘုရား။ [၇]

(၄) စိတ်ကို အစိုးရခြင်း ရှိသော ဘုရား။ [၈]

(၅) အလုံးစုံသော သတ္တဝါတို့ကို လွှမ်းမိုးနိုင်သော ဘုရား။ [၉][၁၀]

ဗုဒ္ဓဝင် ပြင်ဆင်ရန်

သိဒ္ဓတ္ထ ဂေါတမ သည် ဗုဒ္ဓဘာသာ ကိုတည်ထောင်ခဲ့သော ဘာသာရေးဆိုင်ရာ အမြင့်မြတ်ဆုံးသော အဓိကပုဂ္ဂိုလ်မြတ်စွာဘုရားသခင် ဖြစ်သည်။ " ဗုဒ္ဓ" အဓိပ္ပာယ်သည် "နိုးကြားလာသောတစ်ဦး" သို့မဟုတ် "ဉာဏ်အလင်းရသောတစ်ဦး" ဖြစ်သည်။ ဘီစီ ၆၂၃ တွင် ဗုဒ္ဓ မွေးဖွားခဲ့သည်။ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓသည် (ခရစ်တော်မပေါ်မီနှစ်ပေါင်း ၆၂၃) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျေကျော်က အရှေ့တိုင်း အိန္ဒိယတိုက်တွင် ဗုဒ္ဓဝါဒ ကိုစတင်တည်ထောင်ခဲ့သော အမြင့်မြတ်ဆုံးသော မဟာလူသားတစ်ဦး ဖြစ်ပေသည်။ သမိုင်းပညာရှင်များသည် သူ၏ မွေးဖွားချိန်အား ဘီစီ ၆၂၃ သက်တမ်းသတ်မှတ်ကြသည်။ မဟာလူသားတစ်ဦး ဖြစ်ခဲ့သည်။ ကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ 588 တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။[၁၁]

ယနေ့ကမ္ဘာတွင် သာသနာ သက္ကရာဇ်ကို ဗုဒ္ဓ ပရိနိဗ္ဗာန် စံလွန်တော်မူသည့် BC 543 မှစပြီး ရေတွက်သောကြောင့်၊ ဥပမာ-ခရစ်နှစ် ၂၀၁၂ တွင်၂၅၅၅ ဗုဒ္ဓ သာသနာနှစ် (၂၀၁၂+ဘီစီ ၅၄၃=၂၅၅၅ ဗုဒ္ဓ သာသနာနှစ်) ဖြစ်နေသည်။ ထိုသို့ တွက်ချက်နည်းမှာ မမှန်ကန်ကြောင်း နှင့် ဗုဒ္ဓ သာသနာနှစ် ကို မှန်ကန်စွာ တွက်ချက်လိုပါက ဗုဒ္ဓ မြတ်စွာဘုရားက ဗုဒ္ဓဝါဒ ကို စတင်တည် ထောင်ခဲ့သော ဘီစီ ၅၈၈ မှစပြီး ရေတွက်ရမည်ဖြစ်ကြောင်း မြန်မာ့သမိုင်းပညာရှင် ဦးမြင့်ကြွယ် (မြို့မ မြင့်ကြွယ်) က မှတ်ချက်ပြုခဲ့သည်။ ၊ ဥပမာ-ခရစ်နှစ် ၂၀၁၂ တွင် ၂၆၀၀ ဗုဒ္ဓ သာသနာနှစ်(၂၀၁၂+ဘီစီ ၅၈၈=၂၆၀၀ ဗုဒ္ဓ သာသနာနှစ်) ဖြစ်ရပါမည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ သာသနာ သက်တမ်း သည် ရွှေတိဂုံ စေတီတော်၏ သက်တမ်းနှင့် အတူတူဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။ ဗုဒ္ဓဘာသာ သာသနာ သက်တမ်း တွက်ချက်ပုံကို မြို့မ-မြင့်ကြွယ် ရေးသားခဲ့သော "မြန်မာ့ယဉ်ကျေးမှု အထူးမှတ်သားဖွယ်နှင့် လူငယ်ရေးရာ မှတ်စုများ စာအုပ်" တွင် မြင်တွေ့နိုင်သည်။ [၁၂] [၁၃]

လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကျော် BC 588 လောက်က ပွင့်တော်မူသော ဂေါတမမြတ်စွာဘုရားကား ဆိုခဲ့ပြီးသော ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံသောကြောင့် လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူသည်။[၁၃]

ရှေးရှေးကမ္ဘာ့ကမ္ဘာက ပွင့်တော်မူခဲ့ကြသော ဂင်္ဂါဝါဠု သဲစုမက များလှစွာသော ဘုရားများ၊ လွန်ခဲ့သော ဆယ့်ခြောက် အသင်္ချေအတွင်း ပွင့်တော်မူခဲ့ကြသော ဗြဟ္မာဒေဝစသော ဘုရားများ၊ လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း ပွင့်တော်မူသော တဏှင်္ကရာ ဘုရားအစ၊ သဿပဘုရား အဆုံးရှိသော နှစ်ကျိပ်ခုနစ်ဆူသော ဘုရားများလည်း လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူကြသည်။

ထိုဘုရားတို့တွင် ဂေါတမ မြတ်စွာဘုရား၏ ဖြစ်တော်စဉ် အကျဉ်းကား ဤသို့တည်း။ ဂေါတမ မြတ်စွာ ဘုရားကား ဘိုးတော် အဉ္စနမင်း ဖြိုကြွင်းသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူသည်။

ဌာနကား အိန္ဒိယနိုင်ငံ ကပိလဝတ် နေပြည်တော်၊ ခမည်းတော်ကား သုဒ္ဓေါဒနမင်းကြီး၊ မယ်တော်ကား သီရိမဟာ မာယာမိဖုရားကြီး၊ အမည်တော်ကား သိဒ္ဓတ္ထမင်းသား ဖြစ်လေသည်။ အရွယ်တော် ဆယ့်ခြောက်နှစ်မှစ၍ နှစ်ဆယ့်ကိုးနှစ် အတွင်း ထီးနန်းစည်းစိမ်ကို ခံစားသည်။ မိဖုရားကြီးကား ယသောဓရာ မာယာဒေဝီ၊ သားတော်ကား ရာဟုလာဖြစ်သည်။

သူအို၊ သူနာ၊ သူသေ နှင့် ရဟန်းအသွင် ဟူသော နိမိတ်ကြီး လေးပါးကို မြင်သဖြင့်၊ သတိ သံဝေဂ ရလျှက် ၉၇ ခု ဝါဆိုလပြည့် တနင်္လာနေ့တွင် တောထွက်၍၊ ရဟန်းပြု တော်မူသည်။

ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယာ အကျင့်ကို ကျင့်ပြီးလျှင် ၁ဝ၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဗောဓိပင် ရင်းဝယ်၊ သဗ္ဗေညုတဉာဏ်တော်ကိုရ၍၊ လောကသုံးပါးတွင် ဘုရားစင်စစ် ဧကန် ဖြစ်တော်မူလေသည်။

ဘုရားဖြစ်ပြီးနောက်၊ ၄၅ ဝါပတ်လုံး တရားဟောကာ၊ အညာတကောဏ္ဍညအစ၊ သုဘဒ္ဒအဆုံးရှိသော ဝေနေယျများစွာ သတ္တဝါတို့ကို နိဗ္ဗာန်လမ်းကြောင်းပေါ်သို့ မှန်ကန်စွာပို့ဆောင်တော်မူပေးပြီးလျှင်၊ ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန် စံဝင်တော်မူသည်။


၄၅ ဝါပတ်လုံး နေ့စဉ် ပြုလုပ်အပ်သော လုပ်ငန်းများကား ပြင်ဆင်ရန်

  1. ပုရေဘတ္တကိစ္စ---နံနက်ဆွမ်းခံကြွခြင်း၊
  2. ပစ္ဆာဘတ္တကိစ္စ---ညနေတွင် ဒါယကာ၊ ဒါယိကာမတို့အား တရားဟောခြင်း၊
  3. ပူရိမ ယာမကိစ္စ---ညဉ့်ဦးယံတွင် ရဟန်းများအား တရားဟောခြင်း၊
  4. မဇ္ဈိမယာမကိစ္စ--- ညဉ့်လယ်ယံတွင် နတ်များအား တရားဟောခြင်း၊
  5. မစ္ဆိမယာမကိစ္စ--- ညဉ့်နောက်ဆုံးယံကို သုံးပုံပုံကာတစ်ပုံကို စင်္ကြံသွားခြင်း၊ တစ်ပုံကို ကျိန်းစက်ခြင်း၊ ကျန်တစ်ပုံကို ကျွတ်ထိုက်သော သတ္တဝါတို့ကို

ကြည့်ရှု့ခြင်း ဟူ၍ ငါးပါးဖြစ်သည်။


ဂုဏ်တော်၏အနက်ကား -

  1. အရဟံ --- လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံတော်
  2. မူထိုက်ခြင်း၊ ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီး ဖြစ်ြခင်း၊ စိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုခြင်း၊
  3. သမ္မာသမ္ဗုဒ္ဓ --- ေဥယျဓံတရား အလုံးစုံကို အကုန် အစဉ် သိမြင်တော်မူခြင်း၊
  4. ဝိဇ္ဇာစရဏသမ္ပဇ္ဈ --- ဝိဇ္ဇာသုံးပါးဝိဇ္ဇာရှစ်ပါးစရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူခြင်း၊
  5. သုဂတော --- ကောင်းသောစကား(အကျိုးရှိသော ဟုတ်မှန်သော)ကိုဆိုတော်မူခြင်း၊
  6. လောကဝိဒူ --- လောကသုံးပါးကို သိတော်မူခြင်း၊
  7. အနုတ္တရောပုရိသ ဓမ္မသာရထိ --- ဆုံးမသင့် ဆုံးမထိုက်သော သူတို့ကို ဆုံးမရာ၌ အတုမရှိ မြတ်တော် မူခြင်း၊
  8. သတ္ထာဒေဝ မနုဿနံ --- နတ်လူတို့၏ ဆရာဖြစ်တော်မူခြင်း၊
  9. ဗုဒ္ဓ --- သစ္စာလေးပါးကို သိတော်မူခြင်း၊
  10. ဘဂဝါ --- ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူခြင်း၊ ဟူ၍ကိုးပါးဖြစ်သည်။ (အကျယ် ဘုရားဂုဏ်တော် )


ထိုမှတစ်ပါး မက္ခလိ၊ ပူရဏ၊ အဇိတ၊ ပကုဒ္ဓ၊ နိဂဏ္ဌ၊ သဉ္စယဟူ၍ အယူဝါဒကို ပြုလုပ်တတ်သော တိတ္ထိဆရာကြီး ခြောက်ဦးကိုလည်း ဘုရားဟုခေါ်ဆိုကြသည်။ ထိုသို့ခေါ်ဆို ကြသော်လည်း၊ ယင်းဆရာကြီး ခြောက်ဦးတို့မှာ ယခင်ပြဆို ခဲ့သော ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် မပြည့်စုံသည့် အတွက် ဘုရားမမည်နိုင်ပေ။ (ဦးကြီးဖေ)[၁၄]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ဘုရားရတနာ

ကိုးကား ပြင်ဆင်ရန်

  1. နာထ (ပု) [နာထ (နာဓ) +အ။ နီတိ၊ ဓာ၊ ၇၁။ ဓာန်၊ဋီ၊၁။ သူစိ။ နာထ+ဏ။ သမ္မော၊ ယော။ ၂။]
  2. (၁) လိုလားတောင့်တတော်မူတတ်သော ဘုရား။ နာထတီတိ နာထော၊ ဝေနေယျာ နံ ဟိတသုခံ မေတ္တာယနဝသေန အာသီသတိ ပတ္ထေတီတိ အတ္ထာ။ သာရတ္ထ၊၁၊၈။ (–ဝိမတိ၊၁၊၂။ မူလဋီ၊၂၊၁။) နာထ ပတ္ထနာယံ။ ပါရာ၊ ယော။ ၂။ နာထ အာသီသာယံ။ သမ္ဗော၊ ယော။ ၂။
  3. (၂) (က) သတ္တဝါတို့၏ သန္တာန်၌ ဖြစ်သော ကိလေသာတို့ကို-ပူပန်စေတတ်-လောင်မှိုက်တတ်–သော ဘုရား၊ အထနာထတိ ဝေနေယျဂတေ ကိလေသေ ဥပတာပေတီတိ အတ္ထော။ သာရတ္ထ၊၁၊၈။ (ဝိမတိ၊၁၊၂။ မူလဋီ၊၂၊၁။)နာထ ဥပတာပနေ။ ပါရာ၊ ယော။ ၂။ နာထ ဥပတာပေ။ သမ္မော၊ ယော။ ၂။
  4. (ခ) ရဟန်းတို့၏ လွန်ကျူးမှုအားလျော်စွာ သိက္ခာပုဒ် ဥပဒေတော်ကို ပညတ်တော်မူခြင်းအားဖြင့် မျက်မှောက် တမလွန်ဘဝ၌ဖြစ်သော ဘေးရန်ကို ကရုဏာဖြင့်-ပူပန်စေတတ်-လောင်မြိုက်တတ်-သော ဘုရား။ ဘိက္ခူနံ ဝီတိက္ကမာရူပံ သိက္ခာ ပဒပညာပနေန ဒိဋ္ဌဓမ္မိကသမ္ပရာယိကာယ စ ကရုဏာယ ဥပဂန္တွာ တပတိ။ ဝဇိရ၊၈။
  5. (ဂ) သုတ္တန်ဒေသနာ၏ အစွမ်းအားဖြင့် သတ္တဝါတို့၏ သန္တာန်၌ဖြစ်သော ကိလေသာတို့ကို ကရုဏာပညာဖြင့်–ပူပန်စေတတ်–လောင်မြိုက်တတ်-သောဘုရား။ သုတ္တန္တဝသေန ဝါ တေသံ သဗ္ဗသတ္တာနံ အနုသယိတေ ကိလေသေ ကရုဏာယ စ ပညာယ စ ဥပဂန္တွာ တပတိ။ ဝဇိရ၊၈။
  6. (ဃ) အဘိဓမ္မာ ဒေသနာ၏ အစွမ်းဖြင့် သင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် ရှုလျက် ကိုယ်တော် သန္တာန်၌ဖြစ်သော ကိလေသာတို့ကို ပညာဖြင့် ပိုင်းခြားသိ၍ ပူပန်စေတတ်သော ဘုရား။ အဘိဓမ္မဝသေန ဝါ တေ သင်္ခါရေ အနိစ္စာဒိလက္ခဏဝသေန ဥပပရိက္ခိတွာ အတ္တနော ကိလေသေ ပညာယ ဥပေစ္စ ပရိစ္ဆိန္ဒိတွာ တပတီတိ တပနဋ္ဌေနာပိ နာထတေတိ နာထော။ ဝဇိရ၊၈။
  7. (၃) တောင်းပန်တတ်သောဘုရား။ နာထတီတိ ဝါ ယာစတီတိ အတ္ထော။ ဘဂဝါ ဟိ “သာဓု ဘိက္ခဝေ ဘိက္ခု ကာလေန ကာလံ အတ္ထသမ္ပတ္တိံ ပစ္စဝေက္ခေယျာ”တိ အာဒိနာ သတ္တာနံ တံ တံ ဟိတပဋိပတ္တိံ ယာစိတွာပိ ကရုဏာယ သမုဿာဟိတော တေ တတ္ထ နိယောဇေတိ။ သာရတ္ထ၊၁၊၈။ (ဝဇိရ။ ၈။ဝိမတိ၊၁၊၂။ မူလဋီ၊၂၊၁။) နာထ ယာစနေ။ ပါရာ၊ ယော။ ၂။ သမ္မာ၊ ယော။ ၂။
  8. (၄) စိတ်ကိုအစိုးရခြင်းရှိသောဘုရား။ ပရမေန စိတ္တိဿရိယေန သမန္နာဂတော ... နာထောတိ ဝုစ္စတိ။ မူလဋီ၊၂၊၁။ ပရမေန စိတ္တိဿရိယေန သမန္နာဂတော နာထော၊ တဒ္ဓိတဝိဂ္ဂဟော။ သမ္မော၊ ယော။ ၂။ (သာရတ္ထ၊၁၊၈။ ဝဇိရ၊၈။)
  9. (၅) အလုံးစုံသောသက္ကဝါတို့ကို လွှမ်းမိုးနိုင်သော ဘုရား။ သဗ္ဗသတ္တေ ဤသတိ အဘိဘဝတီတိ ပရမိဿရော ဘဂဝါ “နာထော” တိ ဝုစ္စတိ။ သာရတ္ထ၊၁၊၈။ နာထတိ ဝါ သဗ္ဗသတ္တေ ဤသတိ အဘိဘဝတီတိ နာထော။ နာထ အဘိဘဝနေ။ ပါရာ၊ ယော။ ၂။ (ဝဇိရ၊၈။ မူလဋီ၊၂၊၁။)
  10. တိပိဋကအဘိဓာန် အတွဲ-၁၁
  11. Buddha Purnima 2017 – The Birthday of Buddha – Significance, Celebration & Date in 2018
  12. http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=23631&penname=About+Shwedagon+Pagoda[လင့်ခ်သေ]
  13. ၁၃.၀ ၁၃.၁ မော်ကွန်းတင်ပြီးမိတ္တူ။ 17 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 June 2012 တွင် ပြန်စစ်ပြီး။
  14. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)