မက်ဂေးလ် တက္ကသိုလ် (အင်္ဂလိပ်: McGill University) သည် ကနေဒါနိုင်ငံ၊ ကွိဘက်ဒေသ၊ မွန်ထရီယယ်တွင် တည်ရှိပြီး ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် ၃၀ စာရင်းဝင် တက္ကသိုလ်တစ်ခုဖြစ်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

မက်ဂေးလ် တက္ကသိုလ်ကို ၁၈၁၃ ခုနှစ်တွင် မက်ဂေးလ် ကောလိပ်အဖြစ် စတင်ထူထောင်ခဲ့သည်။ စကော့တလန်နိုင်ငံ၊ ဂလက်စကိုမြို့တွင် မွေးဖွားခဲ့သော ဂျိမ်းမက်ဂေးလ်ဆိုသူက မြေ ၄၉ ဧကနှင့် ပေါင် ၁ သောင်း မတည်လှူဒါန်းခဲ့သည့်အတွက် သူ့အား အစွဲပြုပြီး မက်ဂေးလ် ကောလိပ်ဟု မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

မက်ဂေးလ်တွင် အမျိုးသမီးများကို စတင်လက်ခံခဲ့သည်မှာ ၁၈၈၄ ခုနှစ်ကတည်းက ဖြစ်သည်။ ဒေါ်နယ်စမစ် ခေါ် လော့ဒ် စထရက်ကိုနာက အမျိုးသမီးများကို သီးသန့် သင်ကြားပေးရန် ရန်ပုံငွေများ ထူထောင်ပေးခဲ့သည်။

မက်ဂေးလ် တက္ကသိုလ်၏ အဓိက ပရဝုဏ်မှာ ရွိုင်ယယ် တောင်ခြေတွင် တည်ရှိပြီး ဒုတိယ ပရိဝုဏ်သည် စိန့် အန်း ဒီ ဘဲလ်လပ် အနီး၌ တည်ရှိသည်။ ၂၀၁၂ တွင် မက်ဂေးလ် ပရဝုဏ်သည် ကမ္ဘာ့ အလှဆုံး လည်ပတ်သင့်တဲ့ တက္ကသိုလ် ပရဝုဏ် ၁၇ ခုထဲတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

ပညာရေး ပြင်ဆင်ရန်

မက်ဂေးလ် တက္ကသိုလ်တွင် မဟာဌာနနှင့် ကျောင်း ၁၁ ခု ပါရှိသည်။ ဒီပလိုမာနှင့် ဒီဂရီအတွက် ဘာသာရပ်ပေါင်း ၃၀ဝ ကျော် သင်ကြားပို့ချသည်။ မက်ဂေးလ် တက္ကသိုလ်သည် ဝင်ခွင့်ခက်ခဲသော ကနေဒါ တက္ကသိုလ်များထဲမှ တစ်ခု ဖြစ်သည်။ သို့သော် ပညာတော်ပါက စကောလားရှစ် ရက်ရောစွာ ပေးသော ကျောင်းဖြစ်သည်။

မက်ဂေးလ် တက္ကသိုလ်တွင် နိုင်ငံ ၃၂ နိုင်ငံမှ ကျောင်းသား ၅၀ဝ ကျော် ရှိသည်။ ကနေဒါနိုင်ငံ၊ ကွိဘက်ဒေသသည် ပြင်သစ်စကား အများစု ပြောသော ဒေသ ဖြစ်သည်။ သို့သော် မက်ဂေးလ် တက္ကသိုလ်သည် အင်္ဂလိပ်ဘာသာဖြင့် အထူးပြု သင်ကြားသည်။ ဥပဒေဌာနတွင် ပြင်သစ်ဘာသာဖြင့် သင်ကြားပြီး တချို့ ကျောင်းသားများကို ပြင်သစ်၊ အင်္ဂလိပ်နှစ်ဘာသာ အသုံးပြုခွင့် ပေးထားသည်။

လတ်တလော မက်ဂေးလ် တက္ကသိုလ်တွင် ကျောင်းသားကျောင်းသူ ၃ သောင်း ၈ ထောင် ရှိသည်။ နိုင်ငံတကာ ကျောင်းသားမှာ ၅ ပုံ ၁ ပုံခန့် ဖြစ်သည်။

တွဲဘက်ဌာနများ ပြင်ဆင်ရန်

၂၀ဝ၆ တွင် ကွိဘက်အစိုးရက မက်ဂေးလ် တက္ကသိုလ် ကျန်းမာရေး စင်တာ (MUHC) ဖွင့်လှစ်နိုင်ရန် ဒေါ်လာ ၁ ဒသမ ၆ သန်း မတည် ပေးခဲ့သည်။ မက်ဂေးလ် တက္ကသိုလ်၏ ယာဉ်စွန်းတန်းဒေသ လေ့လာရေးနှင့် သုတေသန အတွက် ဘဲလ်လဲယား သုတေသန အင်စတီကျုသည် ဘာဒေးဒိုးဒေသရှိ စိန့်ဂျိမ်းတွင် တည်ရှိသည်။ ဧက ၅၀ ကျယ်ဝန်းသော အင်စတီကျုတွင် ကနေဒါ အာကာသ အေဂျင်စီ သုတေသနလည်း တည်ရှိသည်။

မက်ဂေးလ် တက္ကသိုလ် ဟန့်စ်မန်း ရေကြောင်း သုတေသန စင်တာသည် စိန့် ခရောက်စ် မြစ်အနီး စိန့် အင်ဒရူးတွင် တည်ရှိသည်။

စိန့် လောရင့် မြစ်ဝှမ်းတွင် မက်ဂေးလ် တက္ကသိုလ်ပိုင် ၃ ဒသမ ၉ မိုင်ခွဲရှိသော ရှေး သဘာဝ သစ်တော ဥယျာဉ်လည်း တည်ရှိသည်။

၁၉၉၈ တွင် ဂျပန်နိုင်ငံ၊ တိုကျိုအခြေစိုက် နီရှီ-ရှင်ဂျုကု ဌာနနှင့် တွဲဖက်ပြီး ပထမဆုံး ကနေဒါ-ဂျပန် MBA အတန်းကို စီမံခန့်ခွဲရေး မဟာဌာနတွင် ဖွင့်လှစ်ခဲ့သည်။

မက်ဂေးလ် တက္ကသိုလ်တွင် ဗိသုကာ ကျောင်း၊ ကွန်ပြူတာ သိပ္ပံကျောင်း၊ သတင်းအချက်အလက် လေ့လာရေးကျောင်း၊ အာဟာရဆိုင်ရာ လေ့လာရေး ကျောင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုထုံးကျောင်း၊ အင်ဂရမ် သူနာပြုကျောင်း၊ မြို့ပြ စီမံကိန်းကျောင်း၊ သဘာဝ ပတ်ဝန်းကျင်လေ့လာရေး မက်ဂေးလ်ကျောင်းတို့ ပါရှိသည်။

ဘွဲ့များအနေဖြင့် မဟာဘွဲ့ M.A, ပါရဂူဘွဲ့ Ph.D တို့ကို သမိုင်း၊ ယဉ်ကျေးမှု လေ့လာရေး စသည့် ဘာသာရပ်များဖြင့် ဘွဲ့ယူနိုင်သည်။

မက်ဂေးလ် တက္ကသိုလ်တွင် ဘာသာရပ်အလိုက် စာကြည့်တိုက်ပေါင်း ၁၃ ခု ရှိသည်။ ရှေးဟောင်းစာအုပ်များနှင့် အထူစာအုပ်များ ဌာန အပါအဝင် စာအုပ်စာတမ်း၊ စာမူ၊ ပုံနှိပ်၊ အထွေထွေ စာအုပ်ပေါင်း ၃ သိန်းခွဲခန့် ရှိသည်။

မက်ဂေးလ် ဆေးပြတိုက်တွင်လည်း ကတ်တလောက်များ၊ ဆေးစိမ်ထားသော အရာများစွာ ပြသထားသည်။

အဆင့်သတ်မှတ်ချက် ပြင်ဆင်ရန်

မက်ကလင်း၏ ၂၀၁၅-၂၀၁၆ အဆင့်သတ်မှတ်ချက်အရ မက်ဂေးလ် တက္ကသိုလ်သည် ကနေဒါတွင် ဘာသာရပ်နှင့် သုတေသနဆိုင်ရာ အဆင့် ၁ ဖြစ်သည်။ နိုင်ငံတကာ သတ်မှတ်ချက်မှာ ကမ္ဘာ့အဆင့် ၃၀ ဖြစ်သည်။

ထူးခြားထင်ရှားသူများ ပြင်ဆင်ရန်

မက်ဂေးလ် တက္ကသိုလ်ဆင်းများထဲတွင် နိုဘယ်ဆုရသူ ၁၂ ဦး ရှိသည်။ အာကာသ ယာဉ်မှူး ၃ ဦး၊ ကနေဒါ ဝန်ကြီးချုပ် ၃ ဦး၊ နိုင်ငံခြားမှာ နိုင်ငံအကြီးအကဲ ၄ ဦး၊ သံအမတ် ၂၈ ဦး၊ အကယ်ဆုရ ၉ ဦး၊ ဂရမ်မီ ဂီတဆုရ ၁၁ ဦး၊ ပူလစ်ဇာ ဆုရ ၃ ဦး၊ အိုလံပစ် အားစကား ဆုတံဆိပ်ရ ၂၈ ဦး ရှိသည်။