သီရိမဟာသုမင်္ဂလာစန္ဒာဒေဝီဘွဲ့ခံ မကွေးမိဖုရား (မြစ်ကွေးမိဖုရား) သည် မန္တလေးမြို့တည်နန်းတည် ဘဝရှင် မင်းတုန်းမင်းတရားကြီး၏ နှမတော် နန်းဆွယ်မိဖုရားတစ်ပါးဖြစ်သည်။[၁]

မကွေးမိဖုရား
မကွေးမိဖုရား
မကွေးမြို့စားမိဖုရား
နန်းသက်1854–?
​တောင်သာမြို့စားမင်းသမီး
ဘုရင်သာယာဝတီမင်း
မွေးဖွားခင်မင်းကောက်
unknown
အင်းဝ
ကွယ်လွန်၁၈၈၈
ကြင်ယာတော်မင်းတုန်းမင်း
သားသမီးများ
တော်ဝင်ဘွဲ့အမည်
သီရိမဟာသုမင်္ဂလာစန္ဒာဒေဝီ
စံအိမ်ကုန်းဘောင်
ခမည်းတော်သာယာဝတီမင်း
မယ်တော်ကျပင်းမိဖုရား
ကိုးကွယ်မှု​ထေရဝါဒဗုဒ္ဓဘာသာ

သာယာဝတီမင်းနှင့် ဘဏ္ဍာစိုး ကျပင်းမိဖုရားတို့၏ သမီးတော်ဖြစ်ပြီး၊ ခမည်းတော်လက်ထက်တွင် တောင်သာမြို့ကို စားရသည်။[၂]

မင်းတုန်းမင်းနန်းတက်သောအခါ သီရိမဟာသုမင်္ဂလာစန္ဒာဒေဝီ ဟူသော ဆယ့်နှစ်လုံးဘွဲ့နှင့် မကွေးမြို့အား စားကျေးပေးကာ၊ နန်းရမိဖုရား လေးပါးအောက်၊ ဆောင်ရမိဖုရား လေးပါးအထက်ရှိ နန်းဆွယ်မိဖုရားအရာ မြှောက်စားခံရသည်။[၂] လယ်ကိုင်းမြို့စားမင်းသား၊ မင်းခင်းမြို့စားစုဖုရားပြင်စည်မြို့စားစုဖုရားတို့၏ မယ်တော်ဖြစ်သည်။[၃][၄]

အလယ်နန်းမတော် ဆင်ဖြူမရှင်နှင့် အလွန်းမသင့်သည်ဖြစ်၍ (စကြာဒေဝီ မိဖုရားခေါင်ကြီး၏ တွက်ချက်မှုများအရ) အန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်ရန်အလို့ငှာ မင်းတုန်းမင့်း ခွင့်ပြုချက်ဖြင့် မိဖုရားအဆောင်အယောင်များ ရုပ်သိမ်း၍ နန်းတော်မှထွက်ကာ သာမန် ကုန်သည်တစ်ဦးကို လက်ဆက်ခဲ့သည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. တင် (ဦး)၊ မောင်မောင် (1967)။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး။ လယ်တီမဏ္ဍိုင်ပုံနှိပ်တိုက်။
  2. ၂.၀ ၂.၁ ကြီး)၊ ဦးရာကျော် (စာရေးတော် (1968)။ မြန်မာမဟာမင်္ဂလာ မင်းခမ်းတော်။ ပုည စာအုပ်တိုက်။
  3. တင် (ဦး)၊ မောင်မောင် (2004)။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး။ လောကစာပေ။
  4. လှ၊ တိုး (2004)။ နှစ်ဆယ်ရာစု၏ မဟာလူသား: အရှင် ဝိစိတ္တသာရာဘိဝံသ, တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက။ Myanmar Historical Commission။
  5. "မိဖုရား ၊ ဝန်ကြီးနှင့် တရားသူကြီးများ"၊ HapEye၊ 3 June 2020။ [လင့်ခ်သေ]