မင်းမော်ကွန်း

မြန်မာသရုပ်ဆောင်

မင်းမော်ကွန်းသည် ၁၉၇၉-ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းဦးဌေးလွင်နှင့် ဒေါ်ခင်နွယ်နွယ်ထွန်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားသည်။ နာမည်ရင်းမှာ ကျော်ကျော်ဌေးလွင် ဖြစ်သည်။ အနုပညာလောကထဲသို့ (၇)နှစ်သားအရွယ်က စတင်ရင်းနှီးခဲ့ပြီး ၁၉၉၆-ခုနှစ်တွင် အရိပ် ဇာတ်ကားဖြင့် အနုပညာလောကသို့ စတင်ဝင်ရောက် လာသည်။ ဂီတဘက်တွင် အဆိုတော် အဖြစ်နှင့်လည်း မြေပဲယိုအဖွဲ့နှင့် မှတ်တိုင်ထူနိုင်ခဲ့သည်။ အ.ထ.က(၁)ဒဂုံမြို့နယ် ၏ ကျောင်းသားဟောင်းဖြစ်သည်။ အရပ် ၅ပေ၆လက်မ ဖြစ်သည်။ အိမ်ထောင်ရှိသည်။ သားတစ်ယောက် မွေးသည်။ တတိယမြောက် ရင်သွေးကို မတ်လ ၂၉ ၂၀၁၅ တွင် မွေးဖွားခဲ့သည်။[၁]

မင်းမော်ကွန်း
မွေးဖွားကျော်ကျော်ဌေးလွင်
(၁၉၇၉-0၂-၂၇) ဖေဖော်ဝါရီ ၂၇၊ ၁၉၇၉ (အသက် ၄၅)
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်သရုပ်ဆောင် ၊ အဆိုတော်
မိဘ(များ)ဦးဌေးလွင် (ဇင်ဝိုင်း) +ဒေါ်ခင်နွယ်နွယ်ထွန်း
ဝက်ဘ်ဆိုဒ်minmawkunn.com

၂၀၀၁-ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆုကို (နှလုံးလှလူမိုက်)ဇာတ်ကားဖြင့် ရရှိခဲ့သည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. မင်းမော်ကွန်းရဲ့ တတိယမြောက်ရင်သွေးလေးကို ဒီနေ့ မတ်လ ၂၉ ရက်နေ့မှာ မွေးဖွား
  2. Weekiy Elevenဂျာနယ် (၁.၇.၂၀၀၉)