မင်းမဲ့ဝါဒီ

အနနွာခီဆိုတဲ့ စကားလုံးဟာ သာမနအွဓိပပြာယအွရတော့ အစိုးရမရှိတာကို ညှနွးဆိုတာ ဖှဈပှီး လူတောတွေ

မင်းမဲ့ဝါဒီ (အင်္ဂလိပ်: anarchism) သည် အာဏာပိုင်အုပ်ချုပ်သူကို ဆန့်ကျင်သည့် နိုင်ငံရေးအတွေးအခေါ်တစ်ခု ဖြစ်သည်။ လူတို့သည် နိုင်ငံတော် (သို့) အစိုးရ တရပ်မရှိဘဲ မိမိတို့ဘာသာ ရပ်တည်နိုင်ရမည်ဟု မင်းမဲ့ဝါဒီတို့က ယုံကြည်သည်။ မင်းမဲ့ဝါဒီသည် လက်ဝဲ စွန်းရောက်ဝါဒဖြစ်၏။[၁]


လူအများစုမှာ မင်းမဲ့ဝါဒီဟုဆိုလျှင် မြန်မာ့နိုင်ငံရေး ဝေါဟာရတစ်ခုဖြစ်သော "မင်းမဲ့စရိုက်ဆန်ဆန်" ဟူသော ဝေါဟာရကိုပြေးမြင်မိကာ မင်းမဲ့ဝါဒီ ဆိုသည်မှာလဲ အရိုင်းအစိုင်း ဝါဒ ကိုလက်ကိုင်ထားသော လူများဟုအမြင်မှားတတ် ကြသည်။ မင်းမဲ့ဝါဒီသည် လက်ဝဲ စွန်းရောက်ဝါဒဖြစ်ပြီး နိုင်ငံရေးဝါဒများ၏ အထွဋ်အထိပ်ဖြစ်သည်ဟု ၎င်းဝါဒနောက်လိုက်များမှယုံကြည်ကြသည်။ မင်းမဲ့ဝါဒနှင့် ပရမ်းပတာဖြစ်မှုကို ခွဲမြင်ရန်လိုအပ်သည်။ မင်းမဲ့ဝါဒကို အုပ်ချုပ်သူမဲ့ဝါဒဟာသုံးနှုန်းလျှင် ပိုမိုသင့်တော်ပေမည်။ ၎င်းတို့သည် အုပ်ချုပ်သူ(အစိုးရ) မရှိဘဲ စည်းကမ်းသိမ်မွေ့စွာနေထိုင်နိုင်သော ယဉ်ကျေးမှု အဆင့်အတန်းမြင့်သည့် လူတန်းစား တစ်ရပ်ဟု သတ်မှတ်ထားကြသည်။ မင်းမဲ့ဝါဒတွင် ဘာ‌သာရေး၊အသားအရောင်၊လူမျိုးရေး၊ ဖို/မ နှင့် အခြားခွဲခြားဆက်ဆံမှုများ ကင်းမဲ့ကာ တစ်ဦးချင်း၏လွပ်လပ်ခွင့်နှင့် တန်းတူညီမျှမှုကို ဦးစားပေးသည်။ မင်းမဲ့ဝါဒနောက်လိုက်တို့သည် နိုင်ငံရေးပါတီများနှင့် စီးပွားရေးကို လက်ဝါးကြီး အုပ် အမြတ်ထုတ်သော အရင်းရှင်များအား အထူးဆန့်ကျင်သည်။ အာဏာ အထက်အောက်စီးဆင်းမှုရှိသည့် အရာများကိုဆန့်ကျင်သည်။ ဥပမာ မိသားစုအတွင်း ဘာသာရေးအတွင်း အဖွဲ့အတွင်းအတွင်း။ အချုပ်အားဖြင့်ပြောရလျှင် မင်းမဲ့ဝါဒဆိုသည်မှာ တစ်ဦးချင်းစီ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ အနှောင်အဖွဲ့မရှိ ကိုယ် ပိုင်စီရင်နိုင်ခွင့်ကိုဆိုလိုသည်။ မင်းမဲ့ဝါဒ ကို ၁၉ရာစု၏ နိုင်ငံရေးအတွေးအခေါ်ပညာရှင် (Pierre-Joseph Proudhon)မှစတင်ခဲ့ပြီး Alan Moore, Leo Tolstoy, Emma Goldman, Howard Zinn, Sacco and Vanzetti တို့မှာလဲ ထင်ရှားသော မင်းမဲ့ဝါဒ နိုင်ငံရေးအတွေးအခေါ်ပညာရှင်များဖြစ်သည်။ မင်းမဲ့ဝါဒသည် နိုင်ငံရေး အတွေးအခေါ်မျှမဟုတ်ဘဲ ဘဝနေထိုင်မှု၊ဘဝခံယူချက်လည်းဖြစ်ကြသည်။ တစ်ဖက်တွင် စိတ်ကူးယဉ်ဆန်သည့်အခြေအနေများရှိနေပြန်သည်။ စိတ်ကူးယဉ်ဝါဒဟု တချို့ကသတ်မှတ်ကြသည်။ သို့ပေမယ့် ဒီဝါဒကို ချည်းကပ်ပြီး ဘဝနေထိုင်မှအတွေးအခေါ်ကို လေ့လာသင့်သည်။

ကိုးကာ ပြင်ဆင်ရန်

  1. https://en.m.wikipedia.org/wiki/Anarchism